ဘာလီ – ဩဂုတ်(၃) 

အင်ဒိုနီးရှား အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့  Sungai Watch ဟာ ဘာလီကျွန်းရဲ့ စားသောက်ဆိုင်တွေ၊ ရေလွှာလျှောစီးတွေ၊အပန်းဖြေရိပ်သာတွေနဲ့ ထင်ရှားတဲ့ ဂျင်မ်ဘာရန် ပင်လယ်အော်မှာ နွေဦးကာလအတွင်း အမှိုက်တန်(၄၀) ကျော် ကောက်ခံ ရရှိထားပါတယ်။ 

အဲဒီပင်လယ်အော်က အမှိုက်လုံးတွေဟာ မုတ်သုံရာသီတွေမှာ ကျွန်းနီးချင်းဖြစ်တဲ့ ဂျာဗာ ကျွန်း ပေါ်ကို ဖုံးအုပ်သွားလေ့ရှိတယ်လို့ သိရပါတယ်။ 

“အကယ်၍သာ ဒီကမ်းရိုးတန်းတစ်ခုလုံးကို ပလတ်စတစ်များနှင့် ဖုံးလွှမ်းသွားမယ်ဆို ဒါက အကြီးစား ပြဿနာပဲ” လို့ Sungai Watch အဖွဲ့အစည်းကို တည်ထောင်သူက ပြောခဲ့ပါတယ်။

ဘာလီကျွန်းပေါ်က အမှိုက်ပြဿနာမှာ ဗဟိုအစိုးရချမှတ်ထားတဲ့ စွန့်ပစ်ပစ္စည်း သိမ်းဆည်းတာ ဒါမှမဟုတ် ပြည်လည်ပြုပြင်အသုံးပြုတဲ့ စနစ်မရှိတဲ့အတွက်ကြောင့်လို့ ဆိုနေကြသလို စွန့်ပစ် အမှိုက်တွေထဲဥ (၅၂) ရာခိုင်နှုန်းကို လွဲချော်စွာ စီမံထိန်းသိမ်းနေတဲ့အတွက် ဖြစ်တယ်လို့ အစိုးရ ကခန့်မှန်းမှုတွေ ရှိနေတာပါ။  

ကမ်းခြေနဲ့ လမ်းဘေးတွေမှာ အမှိုက်တွေ စုပုံလာရာကတဆင့် တရားမဝင် စွန့်ပစ်ထားပြီး အရွယ် အစားကြီးမားလာတဲ့ အမှိုက်ပုံ(၁)ထောင်လောက်ဟာ ကျွန်းရဲ့ ရေပြင်ကို ညစ်ညမ်းစေကာ ခရီး သွားလုပ်ငန်းကို အကြီးမားဆုံးခြိမ်းခြောက်နေတယ်လို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

ဒါ့အပြင် ကျွန်းရဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ စီးပွားရေးများလာတာကလည်း အမှိုက် ပြဿနာကို ကိုင်တွယ်ဖို့ ပိုမိုအခက်ကြုံနေရတယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။ 

လက်တလောကျွန်းပေါ်မှာ တစ်ခါသုံး ပလက်စတစ်ပစ္စည်း အသုံးပြုမှုကို တားမြစ်ထားတာ လည်း ကျယ်ကျယ်ပြန့်ပြန့် အသက်မဝင်သေးသလို တာဝန်ခံမှုပျက်ကွက်တာတွေကြောင့် လည်း အမှိုက်ပြဿနာဖြစ်လာတာလို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ သမုဒ္ဒရာဖြတ်ကျော် ပလက်စတစ် စွန့်ပစ်မှုကို လာမယ့် ၂၀၂၅ ခုနှစ်မှာ (၇၀) ရာခိုင်နှုန်း လျှော့ချဖို့ ကတိပြုထားပေမယ့် လက်ရှိအချိန်ထိ တိုးတက်မှု တစ်စုံတစ်ရာ မရှိသေးပါဘူး။

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.