July 2023

စစ်ကောင်စီရဲ့ နှစ်သောင်းတန်ငွေစက္ကူတရားမဝင်ဘူးလို့ NUG ကြေညာ

မော်လမြိုင် – ဇူလိုင်(၂၇) စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေမယ့် နှစ်သောင်းကျပ်တန် ငွေစက္ကူကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလဗဟိုဘဏ်က တရားမဝင်ငွေစက္ကူအဖြစ် ဒီနေ့ ဇူလိုင် လ(၂၇) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နှစ်သောင်းတန် ငွေစက္ကူတွေကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်ခံတဲ့ အစိုးရတွေက အသိအမှတ်ပြုမှာ မဟုတ်တဲ့အပြင် တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်ကြေညာလိုက်တယ်လို့ ကြားကာလဗဟိုဘဏ် ဥက္ကဋ္ဌ ဦးတင်ထွန်းနိုင်ရဲ့ အမိန့်နဲ့ထုတ်ပြန်လိုက်တာပါ။ တရားမဝင်ငွေစက္ကူတွေ…

“ငွေကြေးဖောင်းပွတာကြောင့် ကုန်ထုတ်လုပ်မှုတွေ ကျလာနိုင်တယ်။ အလုပ်လက်မဲ့တွေဖြစ်လာနိုင်တယ်။ ငွေကြေးဖောင်းပွမှုက တကယ့်ဘုံရန်သူပဲ”

အာဏာသိမ်းစစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှုနဲ့ ဆင်ဖြူတော်ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူတွေကို ဇူလိုင် ၃၁ ရက်နေ့ကစပြီး ထုတ်ဝေသွားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ တရားဝင်ထုတ်ပြန်လာတာပါ။ စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူ ထုတ် ဝေမယ် ဆိုတဲ့ သတင်းကြောင့် ပြည်တွင်းဈေးကွက်မှာ ကသောင်းကနင်းပြီး ရွှေနဲ့ဒေါ်လာ ဈေးကွက်ပျက်တဲ့…

အမေရိကန်နိုင်ငံသားတွေ မြန်မာပြည်ကိုခရီးမသွားဖို့ ကန်အစိုးရသတိပေး

ရန်ကုန်၊ ဇူလိုင်(၂၇) ခရီးသွားလာမှုအဆိုးဆုံးအဆင့် သတ်မှတ်ထားတဲ့ မြန်မာပြည်ကို အမေရိကန်နိုင်ငံသားတွေ ခရီးမသွားကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သတိပေးကြေညာချက် စာတစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ အမေရိကန်ခရီးသွားလမ်းညွှန်မှုမှာ မြန်မာပြည်ကို ခရီးမသွားသင့်တဲ့နိုင်ငံအဆင့် ၄ အဖြစ် ဆက်လက်သတ်မှတ်ထားတာပါ။ အဲဒီသတိပေးချက်မှာ မြန်မာနည်းတူ မြောက်ကိုရီးယား၊ အာဖဂနစ္စတန်၊ အီရန်နဲ့ ရုရှားနိုင်ငံတွေကိုလည်း ခရီးသွားလာတာတွေမလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။…

ကျောက်တံခါးမှာ စစ်ကြောင်းဝင်လာပြီးနောက် ဒေသခံ ၇ ဦးထက်မနည်း သတ်ဖြတ်ခံရ

ကျောက်တံခါး၊ ဇူလိုင်(၂၇) ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အရပ်သားပြည်သူ ၇ ဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုအဖွဲ့ထံကနေ သိရပါတယ်။ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာထဲကို ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကစပြီး အင်အား ၄၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်လာခဲ့တဲ့အတွက် KNLA PDF တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာပါ။…

စစ်အာဏာသိမ်း (၉၀၆)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၈၄၈ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၂၇) AAPP ရဲ့ ဇူလိုင်(၂၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၀၆)ရက်အတွင်း ပြည်သူ (၃၈၄၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၀၄၈ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းခုန်တက်လာ

မော်လမြိုင်၊ ဇူလိုင်(၂၇) စစ်ကောင်စီကကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေသွားမယ်လို့ ကြေညာပြီးနောက် အခုရက်ပိုင်းအတွင်း ဆန်အပါအဝင် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ အဆတန်မြင့်တက်လာတယ်လို့ ကုန်သည်တွေနဲ့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ပြီးစီးမှုနဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော်ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ် ၂၀,၀၀၀…

ဒေါ်အောင်ဆန်းစုကြည် နာမည်ထုတ်သုံးရတဲ့အထိ စစ်ကောင်စီ သွေးရူးသွေးတမ်းဖြစ်လာ

နေပြည်တော်၊ ဇူလိုင်(၂၇) ဘေးကျပ်နံကျပ် အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ဖမ်းဆီးအကျဉ်းချခံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာမည်ထုတ်သုံးရတဲ့အထိ သွေးရူးသွေးတမ်း ဖြစ်လာတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်လိုက်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် အမိန့်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကနေ နေအိမ်အကျယ်ချုပ်မှာ ပြောင်းရွှေ့ဖို့စီစဉ်နေတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေပေါ်ထွက်နေတာပါ။…

“နည်းလမ်းမရှိပဲ တိုက်ပွဲပဲလုပ်နေကြမယ်ဆိုရင် ပြည်တွင်းမှာပိုဆိုးသွားတာပဲရှိတယ်။ ကျွန်တော်တို့သုံးဖွဲ့က တွေ့ ဆုံညှိနှိုင်းရေး နိုင်ငံရေးကို စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ လမ်းစဉ်ကိုစွဲကိုင်ထားတယ်”

အပစ်ရပ်မထိုးထားတဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တဲ့ “ဝ” အဖွဲ့ UWSP ၊ မိုင်းလားအဖွဲ့ NDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့(NSPNC) နဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ နဲ့ ၂၁ ရက်နေ့တို့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြ တာပါ။ နှစ်ရက်တာဆွေးနွေးညှိနှိုင်းချက်တွေအရ နှစ်ဖက်သဘောထားတွေကို ထပ်မံဆွေးနွေးကြပြီး အပြီး…

ဘီးလင်းမှာတိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေ

ဘီးလင်း၊ ဇူလိုင်(၂၇) မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေနေ့စဉ်ရက်ဆက် ဖြစ်ပွားနေတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကစပြီး တပ်အင်အား ၆၀ နီးပါးတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မဲလံဘက်ကနေ ခလောက်အင်းကျေးရွာထဲ ဝင်ရောက်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်း…

SME လုပ်ငန်း ၃၀၀ ကျော်ကို စစ်ကောင်စီ မှတ်ပုံတင်ပယ်ဖျက်

နေပြည်တော်၊ ဇူလိုင်(၂၇) အခုဘဏ္ဍာနှစ် ဧပြီလကနေ ဇွန်လအထိ သုံးလတာကာလအတွင်း လုပ်ငန်းဆက်လက်မလည်ပတ်နိုင်တော့တဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်း ၃၃၈ ခုကို မှတ်ပုံတင်ပယ်ဖျက်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။ အဲဒီအသေးစားစက်မှုလက်မှုလုပ်ငန်းတွေဟာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းတွေဆက်လက်ဆောင်ရွက်ခြင်း မရှိတော့တဲ့အတွက် မှတ်ပုံတင်ပယ်ဖျက်ရတာလို့ စစ်ကောင်စီ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနက ဆိုပါတယ်။ စစ်ကောင်စီထုတ်ပြန်ချက်အရ အဲဒီသုံးလအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်း ၄၆၃ ခုကို မှတ်ပုံတင်ထုတ်ပေးခဲ့ပြီး မလည်ပတ်နိုင်တော့တဲ့ လုပ်ငန်းတွေကို…