July 2023

ကယားပြည်နယ်ထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာ

လွိုင်ကော်၊ ဇူလိုင်(၂၈) ကယားပြည်နယ်အတွင်း နယ်မြေစိုးမိုးမှုတွေပြန်လည်ရရှိဖို့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် နေတာကြောင့် ပြည်နယ်အတွင်း နေရာတော်တော်များများမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကစပြီး သံလွင်တံတားအရှေ့ဘက်ခြမ်းက ကျေးရွာတွေဖြစ်တဲ့ ရှမ်းဝမ်အောင်းနဲ့ ကျောင်ပန်းညိုကျေးရွာအတွင်းကို အင်အား ၃၀၀ ရှိတဲ့စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်ဆင်လာရာကနေ တိုက်ပွဲတွေစတင်ပြင်းထန်လာတာပါ။…

စစ်ကောင်စီရဲ့ ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် မော်လမြိုင် အိမ်ခြံမြေဈေးကွက် အရောင်းရပ်

မော်လမြိုင်၊ ဇူလိုင်(၂၈) နိုင်ငံတည်ငြိမ်မှုမရှိတဲ့အခြေအနေမှာ ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမယ်လို့ စစ်ကောင်စီ ကြေညာပြီးနောက် မွန်ပြည်နယ် မော်လမြိုင် အိမ်ခြံမြေဈေးကွက် အရောင်းရပ်ထားရတယ်လို့ အကျိုးဆောင်တွေဆီကနေ သိရပါတယ်။ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်က ဆင်ရုပ်ပုံပါ ကျပ်နှစ်သောင်းတန်ကို ဇူလိုင် ၃၁ ရက်နေ့ကစပြီး ထုတ်ဝေမယ်လို့ စစ်တပ်ပိုင် မြဝတီရုပ်သံကနေ ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်းမှာ ကြေညာခဲ့တာပါ။ ငွေစက္ကူအသစ် ထုတ်ဝေမယ့်…

တိုက်ပွဲတွေပြင်းထန်နေလို့ ကျောက်ကြီးနဲ့နတ်သံကွင်းမြို့ ကားလမ်းမသုံးဖို့ KNDO တားမြစ်

ကျောက်ကြီး၊ ဇူလိုင်(၂၈) နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုကိုအကာအကွယ်ယူပြီး စစ်ရေး လှုပ်ရှားမှုနေတဲ့အ တွက် ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့အကြား ဆက်သွယ်ထားတဲ့ ကား လမ်းကို ပြည်သူလူထုတွေအနေနဲ့ ဇူလိုင် ၂၇ ရက်နေ့ကစပြီး သွားလာမှုလုံးဝမပြုလုပ်ဖို့ KNDO အမှတ်(၃)တပ်ရင်းက သတိပေးထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို ဒိုင်းကာသဘောဖြင့် အသုံးပြုပြီး စစ်ရေး လှုပ်ရှားမှု နည်း လမ်းမျိုးစုံနဲ့ ဆောင်ရွက်နေတာကို…

ခမောင်းတောင်တိုက်ပွဲမှာ PDF ရဲဘော် ၃ ဦး ကျဆုံး

လောင်းလုံး၊ ဇူလိုင်(၂၈)တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ကျေးရွာနဲ့စခန်းကြီးကျေးရွာ အကြား ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း PDF ရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ လောင်းလုံး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ကစပြီး တပ်အင်အား ၂၀၀ နီးပါးတဲ့ စစ်ကောင်စီတပ်ကနေ အင်အား အလုံးအရင်းနဲ့…

ဒိုက်ဦးမှာ စစ်ကောင်စီ သတင်းပေး ပျူစောထီး ဆိုသူပစ်ခတ်ရှင်းလင်းခံရ

ဒိုက်ဦး – ဇူလိုင်(၂၇) ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ် အမှတ်(၃) ရပ်ကွက်(၁)လမ်းမှာ နေထိုင်တဲ့ စစ်ကောင်စီဒေါက်တိုင် သတင်းပေး ပျူစောထီး ဦးဆန်းဝင်း ဆိုသူကို ပဲခူးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ Daik-U Defence Force တို့ပူးပေါင်းပြီး နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပဲခူး PDF ကသတင်းထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၂၆) ရက်နေ့ညနေပိုင်းက ဒိုက်ဦးမြို့နယ် အမှတ်(၁) ရပ်ကွက် စည်ပင်သာယာစျေးခေါင်းရုံးရှေ့…

အိန္ဒိယရဲ့ ပြည်ပဆန်စပါးပို့ကုန်ကန့်သတ်ချက်ဟာ ငွေကြေးဖောင်းပွမှုပြဿနာ ဖြစ်စေနိုင်တယ်လို့ IMF ပြော

ဝါရှင်တန်၊ ဇူလိုင်(၂၈) ဆန်စပါးကဲ့သို့ တချို့သော ထွက်ကုန်တွေကို ပြည်ပတင်ပို့မှု ကန့်သတ်ဖို့ အိန္ဒိယအစိုးရရဲ့ ဆောင်ရွက်မှုဟာ အစားအစာဈေးနှုန်းငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေတာကြောင့် ပြန်လည် ပြင်ဆင်သင့်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြောကြားခဲ့ပါတယ်။ IMFရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားချက်မှာတော့ အိန္ဒိယရဲ့ ကန့်သတ်ချက်ဟာ ယူကရိန်းဖြစ်စဉ်လို တူညီတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်နိုင်ပြီး အခြားနိုင်ငံတွေရှိ ဆန်စပါးဈေးနှုန်းကို မြင့်တက်စေနိုင်တယ်လို့ ဆိုခဲ့တာပါ။…

နိုင်ငံခြားရေးဝန်ကြီးအသစ် ဝမ်ရိရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် တူရကီကိုသွားရောက်

ပေကျင်း – ဇူလိုင်(၂၈) တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဝမ်ရိ ခန့်အပ်ခံရပြီးနောက် သူ့ရဲ့ ပထမဆုံးနိုင်ငံခြားရေးခရီး စဉ်အဖြစ် တူရကီနိုင်ငံ အန်ကာရာမှာ သမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံခဲ့ပြီး ယူကရိန်းအရေးဆွေးနွေး ခဲ့ကြတယ်လို့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။ နှစ်တစ်ဝက်ကျော် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တစ်လကြာ လူမြင်ကွင်းက ပျောက်နေ ခဲ့တဲ့ ချင်ကန်း ကိုရာထူးကဖယ်ရှားပြီးနောက် တရုတ်နိုင်ငံဟာ သူတို့ရဲ့ ဝါရင့် သံတမန်တစ်ဦး…

နယ်စပ်ဒေသတွေက အွန်လိုင်းလိမ်လည်မှုတွေ အမြစ်မတွယ်အောင်ကာကွယ်ဖို့ စစ်ကောင်စီကို တရုတ်သတိပေး

ရန်ကုန် – ဇူလိုင်(၂၈) တရုတ်နိုင်ငံသားတွေကို ဦးတည်တိုက်ခိုက်နေတဲ့ ဥပဒေမဲ့ နယ်စပ်တွေက အွန်လိုင်းငွေကြေးလိမ် လည်မှုစင်တာတွေကို အမြစ်ဖြတ်ရှင်းလင်းဖို့ မြန်မာစစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံက ပြောခဲ့ ပါတယ်။ မူခင်းရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာမြောက်ဘက်နဲ့ အရှေ့ဘက်နယ်စပ်တလျှောက်မှာရှိတဲ့ ဥပဒေမဲ့ အသိုင်းအဝိုင်းတွေဆီကို တရုတ်နိုင်ငံသားတွေနဲ့ တခြားနိုင်ငံသားတွေကို ပြန်ပေးဆွဲပြီး အွန်လိုင်းငွေကြေးလိမ်လည်သူတွေအဖြစ် အတင်းအကြပ်လုပ်ကိုင်ခိုင်းနေကြတာပါ။ လက်တလောမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အဓိက မဟာမိတ်လည်းဖြစ် လက်နက် ထောက်ပံ့သူလည်းဖြစ်တဲ့…