July 2023

တပ်မဟာ(၃)နယ်မြေက ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးသေဆုံး

ညောင်လေးပင် – ဇူလိုင်(၄) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွား ပြီး စစ်ကောင်စီဘက်က (၁၀) ဦးသေဆုံးကာ (၁၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၂) ရက်နဲ့ (၃) ရက်နေ့တွေမှာ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာနဲ့ ကျောက်ကြီးမြို့နယ် ရေတွင်းကုန်းကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့…

ဒီးမော့ဆို အနောက်ခြမ်းက စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး (၃) ဦးဒဏ်ရာရ

ဒီးမော့ဆို – ဇူလိုင်(၄) ကယားပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက လိုပူစစ်ရှောင်စခန်းကို စစ်ကောင်စီဘက်က လေယာဉ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ(၃)ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဇူလိုင်လ(၄) ရက်နေ့ မနက်(၂) နာရီဝန်းကျင်က စစ်ကောင်စီလေယာဉ်ဟာ (၃)ကြိမ်လောက် ဝဲပြီးနောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ရှောင်စခန်းနဲ့ စာသင်ဆောင်တွေပျက်စီးခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ကယားပြည်နယ်ထဲက အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာကာ အကြောက်တရားသွင်းနေတာဖြစ်တယ်လို့…

တနင်္သာရီမြို့နယ်မှာ တစ်ရက်တည်းတိုက်ပွဲ ၅ ကြိမ်ဖြစ်

တနင်္သာရီ၊ ဇူလိုင်(၄) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်မှာ ဇူလိုင်(၂)ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ညောင်ပင်ကွင်းအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၆၁)က သကျက်တောကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့အတွက် တစ်နေ့ကုန်နီးပါးအကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲဟာ သကျက်တော၊ လငုနဲ့တောင်ဘိန်းကျေးရွာတွေအထိ စစ်မျက်နှာကျယ်ပြန့်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၅…

စစ်အာဏာသိမ်း (၈၈၃)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၄၄ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၄) AAPP ရဲ့ ဇူလိုင်(၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၈၃)ရက်အတွင်း ပြည်သူ (၃၇၄၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၆၇၀ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၅၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ချောင်းနှစ်ခွတံတားရဲကင်းအနီး အရပ်သားတစ်ဦး ပစ်သတ်ခံရ

ကျိုက်မရော၊ ဇူလိုင်(၄) မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွတံတား လုံခြုံရေးရဲကင်းအနီးမှာ အရပ်သားပြည်သူတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ချောင်းနှစ်ခွတံတားရဲကင်းအနီးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံး ၂ လုံးချပြီး…

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေအပေါ် ညီနောင်သုံးဖွဲ့ရဲ့ ပူးတွဲကြေညာချက် ဘယ်အဓိပ္ပါယ်ကိုဆောင်လဲ

ကိုးကန့်၊ ဇူလိုင်(၄) နိုင်ငံတကာကနေ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေအပေါ် နှောင့်ယှက်ဖျက်ဆီးသူတွေကို ထိရောက်စွာ အရေးယူသွားမယ်ဆိုတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ပူးတွဲကြေညာချက်ဟာ တရုတ်စီမံကိန်းတွေကို ကာကွယ်ဖို့နဲ့ တရားဝင်အစိုးရအဖြစ် ပုံဖော်တာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်တာပါ။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအတွင်းမှာရှိတဲ့ ထိန်းချုပ်နယ်မြေတွေနဲ့ လှုပ်ရှားနယ်မြေအတွင်း အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကို အရေးယူသွားမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဇူလိုင် ၁ ရက်နေ့မှာ ပူးတွဲကြေညာပါတယ်။ မဟာမိတ်သုံးဖွဲ့ရဲ့…

ကျိုက်ထိုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိ

ကျိုက်ထို၊ ဇူလိုင်(၄) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုနဲ့သဲဖြူချောင်းကျေးရွာတို့မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ အင်္ဂဘိုကျေးရွာ၊ ခိုင်ရွှေစိမ်းကျွဲကောခြံအနီး ရန်ကုန်-မော်လမြိုင်လမ်းဘေးမှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက…

KUN ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီးကြောင့် ဒေသခံ ၁၄၀၀ ကျော် ထွက်ပြေးနေရ

ညောင်လေးပင်၊ ဇူလိုင်(၄) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာပေါင်း(၃)ရွာက ဒေသခံပြည်သူ(၁၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် (၂)ရက်နေ့ မနက်(၄)နာရီအချိန်ခန့်က KNU တပ်မဟာ(၃)နယ်မြေ၊ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်…

မြောင်မြို့နယ်မှာ တော်လှန်လူငယ်စွမ်းဆောင်ရည်မြှင့် သင်တန်းပြုလုပ်

မြောင် – ဇူလိုင်(၃) စစ်ကိုင်းတိုင်း၊ တကသများကွန်ရက် မုံရွာ၊မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ မြောင်လူငယ်ကွန်ရက်တို့ ဦးဆောင်ပြီး မြောင်မြို့နယ်အတွင်းမှာ လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်း ပြုလုပ်ခဲ့ပါတယ်။ တော်လှန်ရေးကာလအတွင်း လူငယ်တွေရဲ့ အခန်းကဏ္ဍမြှင့်တက်လာရေး၊ တော်လှန်ရေးမှာ ပိုမိုချိတ်ဆက်ပါဝင်လာနိုင်ရေးတို့ကို ရည်ရွယ်ပြီး စွမ်းဆောင်ရည်မြှင့်သင်တန်းကို (၂) ရက်တာ ပြုလုပ်ခဲ့တာပါ။ သင်တန်းမှာ မြန်မာ့တော်လှန်ရေးသမိုင်းကြောင်း မိတ်ဆက်၊ဖက်ဒရယ်မိတ်ဆက်၊ဒီမိုကရေစီ မိတ်ဆက်၊ကျောင်းသားသမိုင်းလှုပ်ရှားမှုများ၊ အခြေခံလူ့အခွင့်အရေးသဘောတရားများနဲ့ လူထုရှေ့မှောက်စကားပြောတာစတဲ့ အကြောင်းအရာတွေကို ဟောပြောပို့ချခဲ့ကြတယ်လို့…

စစ်ကောင်စီက ဇွန်လအတွင်းပြည်သူပိုင်နေအိမ်တွေကို (၉၃) ကြိမ်မီးရှို့ခဲ့

မော်လမြိုင် – ဇူလိုင်(၃) အာဏာသိမ်းစစ်ကောင်စီက ဇွန်လအတွင်း ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု (၉၃) ကြိမ် အထိရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ကသတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံထားရတဲ့ နေရာတွေထဲမှာ စစ်ကိုင်းတိုင်းက (၇၉) ကြိမ်နဲ့ အကြိမ် အများဆုံးဖြစ်ပြီး ပြည်သူပိုင်နေအိမ် (၂၅၁၁)လုံးနဲ့ မီးရှို့သတ်ဖြတ်ခံရသူ (၉) ဦးအထိရှိခဲ့တာပါ။ မီးရှို့ဖျက်ဆီးခံရမှုတွေထဲက မကွေးတိုင်းမှာ(၃)ကြိမ်၊ အိမ်…