July 2023

ဘီးလင်းကျုံအိတ်တံတားလာပြင်တဲ့အဖွဲ့ တိုက်ခိုက်ခံရ

မော်လမြိုင်၊ ဇူလိုင်(၈) မိုင်းခွဲဖျက်ဆီးခံထားရတဲ့ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်က ဘီးလင်း ကျုံအိတ်တံတား လာပြင်တဲ့အဖွဲ့ဟာ ဇူလိုင် ၇ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်နယ် သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားကို ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ မနက် ၄…

ထားဝယ်မှာ ဒေသခံ ၁ ဦး ပစ်သတ်ခံရပြီး ၅ ဦးထက်မနည်း ဖမ်းဆီးခံရ

ထားဝယ်၊ ဇူလိုင်(၈) တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် အရှေ့တောဒေသဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအရပ်သားပြည်သူတစ်ဦးကို ပစ်သတ်သွားခဲ့ပြီး ၅ ဦးထက်မနည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇူလိုင် ၆ ရက်နေ့ ညပိုင်းမှာ သင်္ကန်းတုံးကျေးရွာကနေ မြင်းမတ်တပ်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်ပါတယ်။ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ…

စစ်အာဏာသိမ်း (၈၈၇)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၅၇ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၈) AAPP ရဲ့ ဇူလိုင်(၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၈၇)ရက်အတွင်း ပြည်သူ (၃၇၅၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၇၅၉ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

KIO နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာ

ဗန်းမော်၊ ဇူလိုင်(၈)ကချင်ပြည်နယ် လိုင်ဇာခရိုင်အနီးတဝိုက် စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်ဟာ အင်အားထပ်မံ ဖြည့်တင်းလာတာကြောင့် နှစ်ဖက်စစ်ရေးပိုမိုတင်းမာလာတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၈၄) နဲ့ ရွှေမင်း ပြည်သူ့စစ်တို့ ပူးပေါင်းပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ရင်း (၃) နယ်မြေ…

အာဏာသိမ်းကာလ လူမှုကယ်ဆယ်ရေးသမား ၄၀ ထက်မနည်း သတ်ဖြတ်ခံထားရ

ရန်ကုန်၊ ဇူလိုင်(၈) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း လူမှုကယ်ဆယ်ရေးသမား ၄၀ ထက်မနည်း သတ်ဖြတ်ခံထားရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ဂျီနီဗာမှာ ပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း မြန်မာနိုင်ငံအရေးတင်ပြစဉ် လူမှုကယ်ဆယ်ရေးသမားတွေ သတ်ဖြတ်ခံရတာနဲ့ ဖမ်းဆီးခံရတဲ့ အခြေအနေတွေကို တင်ပြခဲ့တာပါ။ သတ်ဖြတ်ခံရတဲ့…

ကျောက်ကြီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများပြား

ကျောက်ကြီး၊ ဇူလိုင်(၈) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တစ်ရက်အတွင်း တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများပြားခဲ့တယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း (၂) က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုတ်ဖြတ်တာဆုံကိုရောက်ရှိလာတဲ့…

ရေးမြို့နယ်ရှိ စစ်တပ်ဆက်သွယ်ရေး တာဝါတိုင်စခန်းကုန်းကို ပူးပေါင်းတပ်ဖွဲ့ဝင်စီး

ရေး၊ ဇူလိုင်(၈) မွန်ပြည်နယ် ရေးမြို့နယ် ၁၄ မိုင်ကျေးရွာ တောင်ပေါ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်တပ်အရာရှိတွေအပါအဝင် တပ်အင်အား ၁၀ ဦးကျော် တပ်စွဲနေထိုင်တဲ့ အဲဒီစခန်းကုန်းကို ဇူလိုင် ၆ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ် ရင်း…

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညီလာခံကိစ္စ မွန်ပြန်သစ်ပါတီလက်မခံဘူးလို့ သတင်းထွက်ပေါ်

နေပြည်တော် – ဇူလိုင်(၇) နေပြည်တော်မှာ စစ်ကောင်စီနဲ့ မွန်ပြည်သစ်ပါတီတို့ရဲ့ နှစ်ရက်တာ ဆွေးနွေးပွဲမှာ စစ်ကောင်စီ တင်ပြတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီဘက်က လက်မှတ်ရေးထိုးခဲ့တာမရှိဘူးလို့ သတင်းထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၅) ရက်နဲ့ (၆) ရက်နေ့တွေမှာ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) ကိုယ်စားလှယ်တွေနဲ့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်နဲ့…

ဂျပန်ဝန်ကြီးချုပ်က အရှေ့အာရှ အန္တရာယ်တွေကို နေတိုးအဖွဲ့ကို သတိပေး

လစ်သူယေးနီးယား၊ ဇူလိုင်(၈) ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဂျပန်ကယူဆတဲ့ အာရှရှိတရုတ်နဲ့ရုရှားတို့ရဲ့ လှုပ်ရှားမှုကို ဂရုပြုမိစေဖို့နဲ့ ယူကရိန်းကိုအာရုံစိုက်နေတဲ့ မဟာမိတ်အဖွဲ့ကို သတိပေးဖို့အတွက် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီ ရှီဒါက လစ်သူယေးနီးယားနိုင်ငံမှာ နေတိုးအဖွဲ့ ခေါင်းဆောင်တွေနဲ့ အတူ ဆွေးနွေးမယ်လို့ သိရပါတယ်။ ကီရှီဒါရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်ဖြစ်တဲ့ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ နယူးဇီလန် ခေါင်းဆောင် တွေနဲ့အတူ နေတိုးအဖွဲ့ တွေ့ဆုံမှုခရီးစဉ်ဟာ ဂျပန်ရဲ့ကာကွယ်ရေးအသုံးစရိတ်ကို…

အိန္ဒိယက McDonald’s ဆိုင်တွေမှာ ခရမ်းချဉ်သီးအသုံးမပြုတော့

နယူးဒေလီ – ဇူလိုင်(၈) ဟင်းသီးဟင်းရွက်တွေရဲ့ စျေးနှုန်းတွေ စံချိန်တင်မြင့်တက်တာနဲ့ အရည်အသွေးဆိုင်ရာ စိုးရိမ်မှု တွေကြောင့် အိန္ဒိယနိုင်ငံအတွင်းဖွင့်လှစ်ထားတဲ့ Fast Food McDonald’s ဆိုင်တွေမှာ ဘာဂါနဲ့ တခြား အစားအစာရောင်းချရင် ခရမ်းချဉ်သီးအသုံးပြုတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ အိန္ဒိယနိုင်ငံအတွင်းက တချို့သော ဒေသတွေမှာ အိန္ဒိယအစားအစာတွေရဲ့ အဓိကဖြစ်တဲ့ ခရမ်းချဉ်သီးဟာ တစ်ကီလိုကို (၁၄၀) ရူးပီးအထိရှိနေတဲ့အပြင် လက်လီစျေးနှုန်းမှာလည်း မြင့်တက်နေတဲ့အတွက်…