July 2023

သထုံ-ဘားအံကားလမ်းရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

ဘားအံ၊ ဇူလိုင်(၁၁) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝါးဘိုးတောကျေရွာအနီး ဝါးဘိုးတောနဲ့ဘုရင်ညီနောင်ဂူကြားက တံတားတစ်စင်းဟာ ဇူလိုင် ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အလျားပေ ၈၀ အနံပေ ၃၀ လောက်ရှိတဲ့ အဲဒီတံတားကို အမည်မသိလက်နက်ကိုင်အဖွဲ့ တစ်ခု ဖောက်ခွဲဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားအလယ် ကြမ်းခင်းတချို့ ပေါက်ပြဲသွားတာ၊ တံတားလက်ရန်း…

ပေါင်မှာ စစ်တပ်ဩဇာခံ ပြည်သူ့စစ်တွေရဲ့ လက်နက်တွေသိမ်းဆည်းရမိ

ပေါင် – ဇူလိုင်(၁၀) မွန်ပြည်နယ်၊ ပေါင်မြို့နယ် မြလေးချောင်မှာရှိတဲ့ စစ်ကောင်စီ ဩဇာခံ ပြည်သူ့စစ်တွေဆီက စတင်းဂန်း အပါအဝင် သေနတ်(၆) လက်နဲ့ ကျည်အိမ်(၈)ခုအပြင် ကျည်အတောင့် (၁၀၀) သိမ်းဆည်းရမိခဲ့တယ် လို့ တပင်ရွှေထီးစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၉) ရက်နေ့ညနေပိုင်းက သထုံခရိုင်အမှတ်(၂) KNLA/PDF ပူးပေါင်းတပ်ရင်းမှ UG ရဲဘော်တွေဟာ ဗမာစုမှာနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ရွှေမြဆိုသူရဲ့…

စစ်ခေါင်းဆောင်ရဲ့ ခရီးစ​ဉ်ကြောင့် ရခိုင်ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ရ

စစ်တွေ – ဇူလိုင်(၁၀) အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မတိုင်မှီ (၃) ရက်လောက်အလိုတည်းက စစ်တွေမြို့မှာ မလိုလားအပ်ဘဲ လုံခြုံရေးတင်းကြပ်တာတွေကြောင့် ပြည်သူတွေအထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဇူလိုင်လ(၁၀) ရက်နေ့ မနက်(၈) နာရီလောက်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာ ပြီးနောက် စစ်တွေမြို့ ရှုခင်းသာပတ်လမ်းတစ်လျှောက်က မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ နေရာတွေကို လှည့်ပတ်ကြည့်ရှုခဲ့ကာ…

နယူးယောက်အခြေစိုက် မြန်မာတွေနဲ့ NUG လူကယ်ပြန်ဝန်ကြီးတွေ့ဆုံ

နယူးယောက် – ဇူလိုင်(၁၀) အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက်မြန်မာတွေ တွေ့ဆုံခဲ့ကြတယ်လို့ NUCBC က သတင်းထုတ် ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၉) ရက်နေ့က တွေ့ဆုံပွဲကျင်းပခဲ့တာဖြစ်ပြီး ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံပြီး နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် လာမယ့် ဇူလိုင်လအတွင်း…

ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေက စစ်တပ်ကိုမတိုက်ရဲလို့ လူနေရပ်ကွက်တွေကို တိုက်ခိုက်နေတယ်လို့ စစ်တပ်လော်ဘီတွေ ဝါဒဖြန့်(အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊ အမှားအစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီ လော်ဘီတွေဖြန့်ဝေနေတဲ့ “ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ဝင်တွေက စစ်တပ်ကိုမလုပ်ရဲ၍ စစ်ရေးပစ်မှတ် မဟုတ်သော လူနေရပ်ကွက်များအတွင်းသို့ ဇူလိုင် ၄ရက် ညပိုင်းက ဗုံးခွဲခဲ့“ဆိုတဲ့…

ပြည်နယ်ရွေးကောက်ပွဲအငြင်းပွားမှုကြောင့် အိန္ဒိယမှာ လူ ၇ ဦးသေဆုံး

ကာလ်ကတ္တား၊ ဇူလိုင်(၉) လက်ရှိ ရွေးကောက်ပွဲမဲဆွယ်ကာလတွေအတွင်း နိုင်ငံရေးအကြမ်းဖက်မှုအဖြစ် အိန္ဒိယနိုင်ငံ ဘန်ဂေါအ နောက် ဘက်မှာ ဒေသန္တရရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားတာ ကြောင့် လူ ၇ ဦးသေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒီလိုရွေးကောက်ပွဲအငြင်းပွားမှုကတဆင့် ရန်ပွဲဖြစ်ပွားခဲ့ခြင်းဟာ ဇူလိုင်(၈)ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အိန္ဒိယ အစိုးရရဲ့ အာဏာရပါတီ Bharatiya Janata Party (BJP)…

ဖူကူးရှီးမား ရေဆိုးစွန့်ထုတ်မှုအပေါ် စိုးရိမ်မှုတွေဖြေလျှော့ပေးဖို့ IAEA အကြီးအကဲ တောင် ကိုရီးယားရောက်နေ

ဆိုးလ် – ဇူလိုင်(၉) ဂျပန်နိုင်ငံက ဆူနာမီဒဏ်ခံခဲ့ရတဲ့ ဖူကူရှီးမားစက်ရုံက ရေဒီယိုသတ္တိကြွ သန့်စင်ရေးရေကို ရေလှောင်ကန်မှ စွန့်ထုတ်မယ့်အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကုလသမဂ္ဂ နျူကလီး ယား စောင့်ကြည်ရေးအကြီးအကဲက တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး၊ ထိပ်တန်း နျူကလီးယား ဘေးကင်းရေး အရာရှိတို့နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ ညွှန်ကြားရေးမှူးချုပ် ရာဖီရယ်…

အာဆီယံကို မြန်မာနဲ့ တရုတ်အရေး စုစည်လုပ်ဆောင်ဖို့ ဘလင်ကန် ပြော

ဝါရှင်တန် – ဇူလိုင်(၉) အာဆီယံဒေသအတွင်းကို အန်တိုနီဘလင်ကန်ရဲ့ ခရီးစဉ်ထွက်ပေါ်လာပြီးနောက် မြန်မာ စစ်ခေါင်းဆောင်ကို ပိုမိုပြင်းထန်တဲ့ အရေးယူတုံ့ပြန်မှုတွေ ဆောင်ရွက်ဖို့နဲ့ တောင်တရုတ် ပင်လယ်အတွင်းက တရုတ်ရဲ့ လုပ်ဆောင်မှုတွေကို တွန်းကန်ဖို့ ကန်အစိုးရကပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေးကို တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ဖို့ရှိနေတာပါ။ အရှေ့အာရှဆိုင်ရာ အမေရိကန်သံအမတ်က ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းမှုကြောင့် အဖြစ်ဆိုးနဲ့…