July 2023

ဆောမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး PDF ဘက်က (၆) ဦးကျဆုံးထား

ဆော – ဇူလိုင်(၁၇) မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အား(၅၀၀) နီးပါးနဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က (၆) ဦးထက်မနည်းကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ကောင်စီရဲ့ စစ်ကြောင်းဟာ ရင်းကဲကျေးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပတ်ဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ ဆွဲလွဲကျင်း၊အင်ဘူးနဲ့ နတ်ကောင်းကျင်းရွာက ဒေသခံ (၂)ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတာပါ။ လက်ရှိအချိန်မှာတော့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ…

ကရင်နီစစ်ရှောင်စခန်း ဗုံးကြဲခံရတာကို PDF များကို တိုက်ခိုက်တာလို့ စစ်ကောင်စီလော်ဘီတွေ သတင်းမှားဖြန့်နေ(အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတုသတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “မြန်မာ-ထိုင်းနယ်စပ် KNDF, KNPP ,KNPP,KAနဲ့ ပဒက်တို့ရဲ့စခန်းများ၊ အခြေချစခန်းများ ဆက်လက်သုတ်သင်ရှင်း လင်း“ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို…

ဆန်ဖရန်စစ္စကိုမှာ NUG လူကယ်ပြန်ဝန်ကြီးနဲ့ ပြည်သူတွေ တွေ့ဆုံဆွေးနွေး

ဆန်ဖရန်စစ္စကို – ဇူလိုင်(၁၇) အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့မှာ NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ နွေဦးတော်လှန်ရေး ထောက်ပို့ပြည်သူတွေ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၆) ရက်နေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ပြည်သူ (၁၀၀) ကျော်တက်ရောက်ခဲ့ကာ နွေဦးတော်လှန်ရေးအတွက် အလှူငွေ အမေရိကန်ဒေါ်လာ သောင်းနဲ့ချီထည့်ဝင်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ ဓာတ်ပုံ – NUG

မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်တဲ့နေရာမှာ အပြုသဘောဆောင်ပါဝင်ဖို့ တရုတ်ကို တောင်ကိုရီးယားတောင်းဆို

ဆိုးလ်၊ ဇူလိုင်(၁၆) မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် တရုတ်အစိုးရအနေဖြင့် အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်ဖို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပြင်ပတွေ့ဆုံမှုမှာ တရုတ်ရဲ့အမြင့်ဆုံး သံအမတ်ဝန်ရီကို ကိုရီး ယားနိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးပစ်ခတ် မှုတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ် ချကာ အဲဒီမှတ်ချက်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆိုးလ်နဲ့ ဘေဂျင်းအစိုးရတို့ရဲ့ အဓိကလိုလားချက်ဟာ ရန်လိုမှုတွေကို…

ပြင်သစ်အမျိုးသားနေ့အခမ်းအနားမှာ အိန္ဒိယ-ပြင်သစ် စစ်ရေးစီမံကိန်အသစ်တွေအတွက် ကတိပြု

ပါရီ – ဇူလိုင်(၁၆) အိန္ဒိယနိုင်ငံကို ပြင်သစ်ထုတ် ရာဖယ်လ်ဂျက်လေယာဉ်(၂၆)စင်းအပါအဝင် ရောင်းချဖို့အပါ အဝင် စစ်ရေးစီမံချက်အသစ်တွေအတွက် သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ မိုဒီတို့ ပါရီမြို့မှာ ကတိပြုခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်မှာ ပြင်သစ်နိုင်ငံထုတ် ရေငုပ်သင်္ဘောသုံးစင်းနဲ့ ရဟတ်ယာဉ်အင်ဂျင်တွေကို အိန္ဒိယနိုင်ငံမှာ တည်ဆောက်ဖို့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။ “အနာဂတ်တွင် အိန္ဒိယနှင့် ပြင်သစ်တို့သည် တိုက်ခိုက်ရေးလေယာဉ်အင်ဂျင်၏ ပူးတွဲထုတ်…

ကုဒ်အမှားတွေကိုအသုံးပြုပြီး အမေရိကန်အစိုးရအေဂျင်စီ E-Mail တွေကို တရုတ်ခိုးယူဖို့လုပ် ဆောင်ခဲ့

ဝါရှင်တန် – ဇူလိုင်(၁၆) တရုတ်ဟက်ကာတွေဟာ Microsoft ကုဒ်မှာ ကုဒ်အမှားတွေထည့်သွင်းအသုံးပြုပြိး အစိုးအေဂျင် စီနဲ့ တခြားသော အသုံးပြုသူတွေရဲ့ အီးမေးလ်တွေကို ခိုးယူဖို့ လုပ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၄) ရက်နေ့က ကုမ္ပဏီရဲ့ ကြေငြာချက်တစ်ခုမှာ တရုတ်ဟက်ကာတွေဟာ Microsoft ကုဒ်တွေကို ချို့ယွင်းအောင်လုပ်ဆောင်ပြီး ဆိုက်ဘာထောက်လှမ်းရေး လှုပ်ရှားမှု တွေကိုဆောင်ရွက်ဖို့ ကြိုးစားခဲ့ကြတာပါ။…

ရေဖြူဒေသခံ ၁၀ ဦးထက်မနည်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရ

ရေဖြူ၊ ဇူလိုင်(၁၆) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ချီတက်ရာလမ်းတလျှောက်က ဒေသခံ ၁၀ ဦးထက်မနည်းကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၂၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇူလိုင် ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ ကဒက်အိုင်ကျေးရွာအနီး ဖြတ်သွားစဉ် ဥယျာဉ်ခြံတွေထဲမှာ နေထိုင်တဲ့ ဒေသခံတွေကို…