ဝါရှင်တန် – ဇူလိုင်(၂၉) 

၂၀၂၃ ခုနှစ်ဇူလိုင်လဟာ ကမ္ဘာပေါ်မှာ အပူဆုံးလအဖြစ် စံချိန်တင်ခဲ့တယ်လို့ သိပ္ပံပညာရှင် တွေက ပြောခဲ့ပါတယ်။ 

ကုလသမဂ္ဂ ကမ္ဘာ့မိုးလေဝသအဖွဲ့(WMO) နဲ့ ဥရောပသမမဂ္ဂရဲ့ ကော်ပါနားကစ် ရာသီဥတုပြောင်း လဲမှုဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့တို့ကလည်း ၂၀၂၃ ခုနှစ် ဇူလိုင်လဟာ စံချိန်ချိုးဖျက်နိုင်ဖွယ်ရှိ တယ်လို့ ပူးတွဲကြေညာချက်ထုတ်ပြန်ထားပါတယ်။ 

“ဒါကိုသိဖို့ ကျနော်တို့ လကုန်တဲ့အထိ စောင့်စရာ မလိုပါဘူး။ နောက်ရက်တွေမှာတော့ ယခင်က အေးခဲသည့်ကာလဟာ ဇူလိုင်လ ၂၀၂၃ မှာ မှတ်တမ်းတွေ ပျက်သွားလိမ့်မယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ရာသီဥတု ဖောက်ပြန်မှုဟာ ဒီကိုရောက်နေပြီး ကြောက်စရာကောင်းသလို အစပဲရှိနေ သေးကာ ကမ္ဘာ့ဆူပွက်မှုခေတ်ကို ရောက်ရှိလာပြီလို့ သူက ပြောပါသေးတယ်။

ဇူလိုင်လရဲ့ အပူဒဏ်ကို ကမ္ဘာတစ်ဝှမ်းမှာ မြင်တွေ့နေရပြီး ထောင်ပေါင်းများစွာသော ကမ္ဘာလှည့် ခရီးသွားတွေဟာ ဂရိနိုင်ငံ ရိုစ့်ကျွန်းမှာ မီးလောင်မှုကနေ ထွက်ပြေးခဲ့ရသလို တခြားသော အမေရိကန် အနောက်ပိုင်းတစ်ခွင်မှာလည်း အပူဒဏ်ခံစားခဲ့ရတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ မြို့နယ်တစ်ခုမှာ အပူချိန်ဟာ 52.2 C (126 F) အထိ မြင့်တက်ခဲ့တာပါ။ 

ဒီလရဲ့ ပျမ်းမျှကမ္ဘာ့အပူချိန်ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လထက် အနည်းဆုံး 0.2C ပိုပူပြင်းနိုင်တယ် လို့ ခန့်မှန်းထားကြပြီး (၁၇၄) ခုနှစ်အတွင်း စောင့်ကြည့်လေ့လာရေးမှတ်တမ်းတွေမှာတော့ အပူ ဆုံးဖြစ်တယ်လို့ EU ရဲ့အချက်အချက်တွေမှာ ဖော်ပြထားပါတယ်။ 

“အလွန်ပူပြင်းတာကြောင့် ၎င်းသည် အပူဆုံးဇူလိုင်ဖြစ်မည်ဟု ကျွန်ုပ်တို့သေချာပေါက်ပြောနိုင် ပါတယ်” လို့ ဒီနှစ်ဇူလိုင်လနဲ့ ၂၀၁၉ ခုနှစ် ကြားကခြားနာချက်နဲ့ပတ်သက်ပြီး ရာသီဥတုသိပ္ပံ ပညာရှင် ကာစတန် ဟော့စတိန်းက ပြောခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ် ဇူလိုင်လဟာ စက်မှုခေတ်မတိုင်ခင် ပျမ်းမျှထက် အကြမ်းဖျင်းအနေနဲ့ ၁.၅ ဒီဂရီ စင်တီဂရိတ်ရှိတယ်လို့ ခန့်မှန်းထားကြပြီး ဇူလိုင်လ ပထမ(၃)ပတ်ဟာ စံချိန်တင် အပူဆုံး ဖြစ်တယ်လို့ ကမ္ဘာ့မိုးလေဝသ အဖွဲ့က အတည်ပြုထားပါတယ်။ 

“ဇူလိုင်လလယ်တွင် စံချိန်တင်ပူနွေးသောလဖြစ်လာမည်ကို ရှင်းရှင်းလင်းလင်းသိရပြီး ကျွန်ုပ် တို့ရုပ်ကြွင်းလောင်စာတွေကို မီးရှို့နေသရွေ့ ဆက်လက်ပူနွေးလာမည့် ညွှန်ပြချက်တစ်ခုလည်း ပေးထားတယ်” လို့ ပန်ဆယ်ဗေးနီးယားတက္ကသိုလ်မှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် မိုက်ကယ် မန်းက ပြောခဲ့ပါတယ်။ 

ဒါ့အပြင်  “ကျွန်ုပ်တို့၏ကမ္ဘာမြေပေါ်တွင် အလားတူ ပူနွေးသောအခြေအနေများကိုရှာဖွေရန် နှစ်ပေါင်းသောင်းနှင့်ချီမဟုတ်တောင် ထောင်ပေါင်းများစွာပြန်သွားရမည်” လို့ ဟော်စတိန်က ပြောပါတယ်။

ရေခဲတုံးတွေနဲ့ သစ်ပင်တွေလို အရာတွေကို စုဆောင်းထားတဲ့ အစောပိုင်းမှာ ကောင်းစွာချိန်ညှိ ထားတဲ့ ရာသီဥတုမှတ်တမ်းတွေမှာ ကမ္ဘာကြီးဟာ နှစ်ပေါင်း (၁)သိန်း(၂) သောင်းအတွင်း အခုလို ပူပြင်းတာမရှိဘူးလို့ ညွှန်ပြနေပါတယ်။ 

ခွဲခြမ်းစိတ်ဖြာမှုဟာ ဒီလကုန်အထိ ခန့်မှန်းချက်အပူချိန်တွေအပါအဝင် ပဏာမ အပူချိန် ဒေတာ နဲ့ မိုးလေဝသ တွေအပေါ် အခြေခံထားပေမယ့် အတည်ပြုချက်ကိုတော့ အဖွဲ့ဝင် သိပ္ပံပညာရှင် တွေက ပြုလုပ်နိုင်တာမရှိဘူးလို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.