ဝါရှင်တန်၊ ဇူလိုင်(၂၉) 

တာဝန်ရှိသူသာဖတ်ခွင့်ရှိတဲ့စာရွက်စာတမ်းတွေသိမ်းဆည်းထားခြင်းကြောင့် စုံစမ်းစစ်ဆေးခံ နေရတဲ့ သမ္မတ ဟောင်း ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ဖလော်ရီဒါအပန်းဖြေအိမ်ရှိ ဝန်ထမ်းတွေကို လုံခြုံရေးဗီဒီယိုတွေဖျက်ပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်လို့ သိရပါတယ်။

 ဒါ့အပြင် စာရွက်စာတမ်းတွေကို ဖုံးကွယ်ဖို့ကူညီမှုနဲ့ သူ့ရဲ့ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးကို စွဲချက်တင်ခဲ့တဲ့အကြောင်း အမေရိကန်အစိုးရရှေ့နေတွေက ဇူလိုင်လ (၂၇) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

အမေရိကန်အထူးအတိုင်ပင်ခံ ဂျက်ဆမ်မစ်ကတော့ သမ္မတဟောင်းထရန့်ကို ရာဇဝတ်မှု အသစ်သုံးခုနဲ့ စွဲ ချက်တင်ခဲ့ပြီး အမှုစုစုပေါင်း (၄၀)အထိ တိုးလာကာ သူ့ရဲ့အပန်းဖြေစခန်း မှာရှိတဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်း ကားလို့စ်ဒီ အိုလီဗီယာကို တရားမျှတမှုကို ဟန့်တားရန် ပူးပေါင်းကြံစည်မှု၊ ထရန့်အတွက် စာရွက်စာတမ်း တွေကို ဖုံးကွယ်ဖို့ ကူညီပေးခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ 

တရားရေးဌာနက ဆင့်ခေါ်ပြီးနောက် သူတို့သူဌေးထရန့်က ဖလော်ရီဒါမှာရှိတဲ့ လုံခြုံရေးဗီဒီယိုတွေကို ဖျက် ပစ်ချင်ခဲ့ကြောင်း အိုလီဗီယာက အခြားအလုပ်သမားတစ်ဦးကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ထရန့်ရဲ့အပန်းဖြေအိမ်မှာ အရေးပါတဲ့စာရွက်စာတမ်းသေတ္တာတွေကို ရွှေ့ပြောင်းရာမှာ ပါဝင်ခြင်းမရှိကြောင်း လိမ်ညာပြောဆိုခဲ့တဲ့အတွက် FBI ကို လိမ်လည်မှုဖြင့်လည်း အစိုးရရှေ့နေတွေက စွဲချက်တင်ခဲ့ပါတယ်။

 “တစ်ခါမှ မမြင်ဖူးပါဘူး” လို့ ဒီအိုလီဗီရာက ထောက်လှမ်းရေးအေးဂျင့်တွေကို ပြောဆိုခဲ့တယ် လို့ စွဲဆိုချက်အရ သိရပါတယ်။

 အဲဒီဝန်ထမ်းရဲ့ရှေ့နေကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။ နောက်ထပ် ရာဇဝတ်မှုတွေအစုံလိုက် မကြာခင်ရောက်လာတော့မယ့် လက္ခဏာတစ်ရပ်အနေနဲ့ ထရန့်ရဲ့ ၂၀၂၀ ပြည့်နှစ်က ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်သွားအောင် ကြိုးပမ်းမှုကို စုံစမ်းစစ်ဆေးနေတဲ့ သူ့ရဲ့ရှေ့နေတွေက တရားရေးဌာနတာဝန် ရှိသူတွေနဲ့တွေ့ဆုံပြီး နာရီပိုင်းအကြာမှာ အခုလို လူသိရှင်ကြား ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

“ဒါဟာ သမ္မတထရန့် နဲ့ သူ့ပတ်ဝန်းကျင်ကသူတွေကို နှောင့်ယှက်ဖို့ ဘိုင်ဒင်ရာဇဝတ်မိသားစုနဲ့ သူတို့ရဲ့ တရား ရေးဌာနက ပျက်ပြယ်သွားအောင် ကြိုးပမ်းမှုထက် ဘာမှမပိုပါဘူး” လို့ ထရန့်ရဲ့ မဲဆွယ်စည်းရုံးရေး ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။ 

ထရန့်ဟာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆိုင်ရတဲ့ ပထမဆုံး အမေရိကန်သမ္မတဟောင်း ဖြစ်ပြီး အခုနှစ်အ တွင်း နှစ်ကြိမ်တိုင်စွဲချက်တင်ခံထားရပါတယ်။ 

နယူးယောက်မြို့မှာ အပြာသရုပ်ဆောင်တစ်ဦးကို အခကြေးငွေ ပေးဆောင်မှုဖြင့်တစ်ကြိမ်၊ လျှို့ဝှက်စာရွက်စာတမ်းတွေကို အခွင့်မရှိဘဲ ကျော်လွန်ဆောင်ရွက်မှုဖြင့် တစ်ကြိမ် စွဲချက် တင်ခံထားရတာဖြစ်ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.