ရန်ကုန်၊ ဇူလိုင်(၂၈)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊မြိတ်ခရိုင် တပ်ရင်းအမှတ်(၁) ထံ လက်နက်နဲ့တကွ ပြည်သူ့ဘက် ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦးကို ငွေကျပ် ၄၄ သိန်းဂုဏ်ပြု ချီးမြှင့်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က မြိတ်ခရိုင်တပ်ရင်းအမှတ်(၁) ကို စစ်ကောင်စီ ကမ်းရိုးတန်း တိုင်းဒေသစစ်ဌာနချုပ်(ကရခ) လက်အောက်ခံ ခလရ(၁၀၃) တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦးဟာ MA-3 ၁ လက်၊ ကျည် ဘောက် ၂ ခု၊5.56 ကျည် ၃၁၇ တောင့်နဲ့ ပြည်သူ့ဘက်ပူးပေါင်းလာတာပါ။

ပြည်သူ့ဘက်ကို ရပ်တည်ကူးပြောင်းလိုသူတွေနဲ့ တပ်တွင်းသတင်းပေး(ဖရဲသီး)အဖြစ် ရပ်တည်လိုတဲ့ တပ်မတော်သားတွေအနေနဲ့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊တပ်ရင်း/ စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) တွေကို ဆက်သွယ်နိုင်တယ်လို့ NUG က ဆိုထားပါတယ်။

ဒါ့အပြင် ပြည်သူ့ရင်ခွင်ခိုလှုရေး Telegram Channel @MyanmarPeople ကိုဆက်သွယ်ပြီးလည်း ချိတ်ဆက် ဆောင်ရွက်နိုင်တယ်လို့ အသိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ဘကကို ရပ်တည်ပူးပေါင်းလာသူ တွေကို လက်ကမ်းကြိုဆိုနေမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့တဲ့ တပ်မတော်သား ၁၅၀၀၀ နီးပါးဟာ ပြည်သူ့ဘက်ကို ခိုလှုံထားတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.