ပေကျင်း – ဇူလိုင်(၂၉) 

ဖိလစ်ပိုင်အစိုးရကို တရုတ်သံအမတ်က ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ဖို့ တရားမဝင်ကမ်းလှမ်း ခဲ့တယ်လို့ ဖိလစ်ပိုင်စစ်ရေးအကြီးအကဲက ပြောခဲ့ပါတယ်။ 

အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ကမ်းလှမ်း ခဲ့တာဖြစ်ပြီး တရုတ်ရဲ့လုပ်ဆောင်ချက်တွေကို လေ့လာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ကိုလက်ခံဖြစ်ခဲ့ရင်လည်း အငြင်းပွားနေတဲ့ တောင် တရုတ်ပင်လယ်ပြင်မှာ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင်ဘက်က ပြောပါတယ်။ 

“ကျွန်ုပ်တို့ကို ကူညီမယ့် မည်သည့်နိုင်ငံကို မဆို လမ်းဖွင့်ထားပါတယ်။ ဖိလစ်ပိုင်ရဲ့ အကြမ်း ဖက်ကာကွယ်ရေး ကြိုးပမ်းအားထုတ်မှုနှင့် ဆက်စပ်ပြီး ခေတ်မီနိုင်ငံများက ကူညီနိုင်ကြပါ တယ်” လို့ ဖိလစ်ပိုင်စစ်ရေးအကြီးအကဲက ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ သမ္မတ မားကိုစ့်ဟာ ဖိလစ်ပိုင်စစ်ခန်းတွေအတွင်းကို အမေရိကန်တပ်တွေ ဝင်ရောက်ခွင့်ပြုထားပြီး ဒီနှစ်အစောပိုင်းမှာ အမေရိကန်နဲ့ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့နဲ့ ကာကွယ်ရေးမဟာမိတ် တိုးမြှင့်ဖို့ လုပ်ဆောင်နေချိန်မှာ တရုတ်ဘက်က လှုပ်ရှားလာ ခဲ့တာပါ။ 

တရုတ်ဟာ ဖိလစ်ပိုင်နဲ့ ကာကွယ်ရေးမှာ ပိုမိုနီးစပ်ဖို့အတွက် နည်းလမ်းရှာဖွေနေပေမယ့် ဖိလစ်ပိုင်ငါးဖမ်းသမားတွေ တောင်တရုတ်ပင်လယ်ထဲ ဝင်ရောက်သွားချိန်မှာတော့ တရုတ်ရဲ့ တားဆီးမှုတွေကြောင့် ဖိလစ်ပိုင်က မကျေမနပ်ဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါ တယ်။ 

ဒါ့အပြင် တရုတ်ငါးဖမ်းသင်္ဘောဒါဇင်ပေါင်းများစွာဟာ ရေနံနဲ့ သဘာဝဓာတ်ငွေပေါများတဲ့ ဧရိယာတောင်ဘက်မှာ ရောက်ရှိနေတယ်လို့ ဖိလစ်ပိုင်အစိုးရက ဇူလိုင်လအစောပိုင်းမှာ ပြောခဲ့ ပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.