ကျောက်ကြီး၊ ဇူလိုင်(၂၈)

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုကိုအကာအကွယ်ယူပြီး စစ်ရေး လှုပ်ရှားမှုနေတဲ့အ တွက် ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့အကြား ဆက်သွယ်ထားတဲ့ ကား လမ်းကို ပြည်သူလူထုတွေအနေနဲ့ ဇူလိုင် ၂၇ ရက်နေ့ကစပြီး သွားလာမှုလုံးဝမပြုလုပ်ဖို့ KNDO အမှတ်(၃)တပ်ရင်းက သတိပေးထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို ဒိုင်းကာသဘောဖြင့် အသုံးပြုပြီး စစ်ရေး လှုပ်ရှားမှု နည်း လမ်းမျိုးစုံနဲ့ ဆောင်ရွက်နေတာကို တွေ့ရှိရကြောင်း KNDO အမှတ်(၃)တပ် ရင်းမှူး စောလှရွှေဟဲရဲ့ ဇူလိုင် ၂၇ ရက်စွဲနဲ့ အသိပေးညွှန်ကြားချက်ကို KNU က ထပ်ဆင့်ထုတ် ပြန်ထားတာပါ။

အသိပေးညွှန်ကြားချက်ထဲမှာ ပြည်သူလူထုတွေအနေနဲ့ ဇူလိုင် ၂၇ ရက်နေ့ကစပြီး ပဲခူးတိုင်း ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့အကြား ကားလမ်းပေါ်ကို သွားလာမှု လုံးဝမပြုလုပ်ဖို့၊ ကားလမ်းနံဘေးရှိ ကျေးရွာတွေမှာနေ ထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ကျေးရွာအတွင်း ည ၆ နာရီကနေ မနက် ၆နာရီအထိ အထိ သွားလာမှုမပြုလုပ် ဖို့ သတိပေးထားတာပါ။

ဒါ့အပြင် ကျေးရွာနေပြည်သူတွေ အရေးပေါ်အခြေအနေ လိုအပ်မှုအတွက် သွားလာဖို့လိုအပ်ပါ က တာဝန်ရှိ ခေါင်းဆောင်တွေထံ ကြိုတင်အသိပေးအကြောင်းကြားဖို့နဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ဖို့ ပျက် ကွက်ပါက ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

KNDO အမှတ်(၃)တပ်ရင်းရဲ့ အသိပေးညွှန်ကြားစာထွက်ရှိတဲ့ ဇူလိုင် ၂၇ ရက်နေ့ကစပြီး ပြန်လည်မရုတ်သိမ်း မချင်း အတည်ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

လတ်တလောမှာတော့ KNU ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေဖြစ်တဲ့ ကျောက်ကြီး၊ ရွှေကျင်၊ မုန်း မြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာနေတဲ့အတွက် KNLA၊ KNDO၊ PDF တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေအပြင်း အထန် ဖြစ်ပွားနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNDO

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.