July 28, 2023

အမေရိကန်သမ္မတဟောင်းထရန့်က လုံခြုံရေးဗီဒီယိုတွေကို ဖျက်ပစ်ဖို့အမိန့်ပေးပြီး လျှို့ဝှက်မှတ် တမ်းအမှုမှာ ဒုတိယမြောက်ဝန်ထမ်းကို စွဲချက်တင်

ဝါရှင်တန်၊ ဇူလိုင်(၂၉) တာဝန်ရှိသူသာဖတ်ခွင့်ရှိတဲ့စာရွက်စာတမ်းတွေသိမ်းဆည်းထားခြင်းကြောင့် စုံစမ်းစစ်ဆေးခံ နေရတဲ့ သမ္မတ ဟောင်း ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ဖလော်ရီဒါအပန်းဖြေအိမ်ရှိ ဝန်ထမ်းတွေကို လုံခြုံရေးဗီဒီယိုတွေဖျက်ပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်လို့ သိရပါတယ်။ ဒါ့အပြင် စာရွက်စာတမ်းတွေကို ဖုံးကွယ်ဖို့ကူညီမှုနဲ့ သူ့ရဲ့ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးကို စွဲချက်တင်ခဲ့တဲ့အကြောင်း အမေရိကန်အစိုးရရှေ့နေတွေက ဇူလိုင်လ (၂၇) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်အထူးအတိုင်ပင်ခံ ဂျက်ဆမ်မစ်ကတော့ သမ္မတဟောင်းထရန့်ကို ရာဇဝတ်မှု အသစ်သုံးခုနဲ့ စွဲ ချက်တင်ခဲ့ပြီး…

တောင်တရုတ်ပင်လယ်အရေး အငြင်းပွားနေတဲ့ ဖိလစ်ပိုင်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ တရုတ် ကမ်းလှမ်း

ပေကျင်း – ဇူလိုင်(၂၉) ဖိလစ်ပိုင်အစိုးရကို တရုတ်သံအမတ်က ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ဖို့ တရားမဝင်ကမ်းလှမ်း ခဲ့တယ်လို့ ဖိလစ်ပိုင်စစ်ရေးအကြီးအကဲက ပြောခဲ့ပါတယ်။ အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ကမ်းလှမ်း ခဲ့တာဖြစ်ပြီး တရုတ်ရဲ့လုပ်ဆောင်ချက်တွေကို လေ့လာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ကိုလက်ခံဖြစ်ခဲ့ရင်လည်း အငြင်းပွားနေတဲ့ တောင် တရုတ်ပင်လယ်ပြင်မှာ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင်ဘက်က ပြောပါတယ်။ “ကျွန်ုပ်တို့ကို ကူညီမယ့်…

၂၀၂၃ ခုနှစ် ဇူလိုင်လဟာ ကမ္ဘာ့အပူဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့

ဝါရှင်တန် – ဇူလိုင်(၂၉) ၂၀၂၃ ခုနှစ်ဇူလိုင်လဟာ ကမ္ဘာပေါ်မှာ အပူဆုံးလအဖြစ် စံချိန်တင်ခဲ့တယ်လို့ သိပ္ပံပညာရှင် တွေက ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့မိုးလေဝသအဖွဲ့(WMO) နဲ့ ဥရောပသမမဂ္ဂရဲ့ ကော်ပါနားကစ် ရာသီဥတုပြောင်း လဲမှုဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့တို့ကလည်း ၂၀၂၃ ခုနှစ် ဇူလိုင်လဟာ စံချိန်ချိုးဖျက်နိုင်ဖွယ်ရှိ တယ်လို့ ပူးတွဲကြေညာချက်ထုတ်ပြန်ထားပါတယ်။ “ဒါကိုသိဖို့ ကျနော်တို့ လကုန်တဲ့အထိ စောင့်စရာ မလိုပါဘူး။…

ပြည်နယ် ဖက်ဒရယ်ယူနစ်အတွက် NUG နဲ့ ကရင်နီကြားကာလ အစိုးရတို့ဆွေးနွေး

မော်လမြိုင် – ဇူလိုင်(၂၈) ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/ဖက်ဒရယ် ယူနစ်တွေကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်နဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ၊ကရင်နီ ပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) တို့ကြား ပထမအကြိမ် ညှိနိုင်းအစည်းအဝေးကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက တစ်ယောက်ကိုတစ်ယောက် တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုရှိကြလို့သာ ညှိနိုင်းရေး အစည်းအဝေးတွေပေါ်လာတာဖြစ်တဲ့အတွက်ကြောင့် ဆက်လက်ပြီး ယုံကြည်မှုတွေ ခိုင်ခိုင်မာမာနဲ့…

ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ ရွှေ့ပြောင်းလိုက်ပြီလို့အတည်ပြု

ရန်ကုန်၊ ဇူလိုင် (၂၈) ဖမ်းဆီးအကျဉ်းချခံ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ အစိုးရအဆောက်အဦးတစ်ခုဆီကို ရွှေ့ပြောင်းထားလိုက်ပြီလို့ NLD ပါတီအရာရှိ တစ်ယောက်က ဇူလိုင် ၂၈ ရက်နေ့မှာ ပြောကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရပြီးနောက် နေပြည်တော်တရားရုံးရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာက…

လက်နက်နဲ့တကွ CDM ပြုလုပ်တဲ့ တပ်ကြပ်ကြီးကို NUG ဆုချီးမြှင့်

ရန်ကုန်၊ ဇူလိုင်(၂၈) ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊မြိတ်ခရိုင် တပ်ရင်းအမှတ်(၁) ထံ လက်နက်နဲ့တကွ ပြည်သူ့ဘက် ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦးကို ငွေကျပ် ၄၄ သိန်းဂုဏ်ပြု ချီးမြှင့်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က မြိတ်ခရိုင်တပ်ရင်းအမှတ်(၁) ကို စစ်ကောင်စီ ကမ်းရိုးတန်း တိုင်းဒေသစစ်ဌာနချုပ်(ကရခ) လက်အောက်ခံ ခလရ(၁၀၃) တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦးဟာ MA-3…

တနင်္သာရီမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရ

တနင်္သာရီ၊ ဇူလိုင်(၂၈) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ဗောဓိကမ်းကျေးရွာရှိ ရဲကင်းစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာကနေ စစ်ကောင်စီတပ်က ကျေးရွာထဲ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီတပ်က…

ကယားပြည်နယ်ထဲမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာ

လွိုင်ကော်၊ ဇူလိုင်(၂၈) ကယားပြည်နယ်အတွင်း နယ်မြေစိုးမိုးမှုတွေပြန်လည်ရရှိဖို့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် နေတာကြောင့် ပြည်နယ်အတွင်း နေရာတော်တော်များများမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့ကစပြီး သံလွင်တံတားအရှေ့ဘက်ခြမ်းက ကျေးရွာတွေဖြစ်တဲ့ ရှမ်းဝမ်အောင်းနဲ့ ကျောင်ပန်းညိုကျေးရွာအတွင်းကို အင်အား ၃၀၀ ရှိတဲ့စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်ဆင်လာရာကနေ တိုက်ပွဲတွေစတင်ပြင်းထန်လာတာပါ။…