ဝါရှင်တန်၊ ဇူလိုင်(၂၈)

ဆန်စပါးကဲ့သို့ တချို့သော ထွက်ကုန်တွေကို ပြည်ပတင်ပို့မှု ကန့်သတ်ဖို့ အိန္ဒိယအစိုးရရဲ့ ဆောင်ရွက်မှုဟာ အစားအစာဈေးနှုန်းငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေတာကြောင့် ပြန်လည် ပြင်ဆင်သင့်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြောကြားခဲ့ပါတယ်။

IMFရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားချက်မှာတော့ အိန္ဒိယရဲ့ ကန့်သတ်ချက်ဟာ ယူကရိန်းဖြစ်စဉ်လို တူညီတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်နိုင်ပြီး အခြားနိုင်ငံတွေရှိ ဆန်စပါးဈေးနှုန်းကို မြင့်တက်စေနိုင်တယ်လို့ ဆိုခဲ့တာပါ။

ဒါ့အပြင်ကမ္ဘာ့ဆန်ဈေးနှုန်းအနေနဲ့လည်း တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်တယ် လို့လည်း ခန့်မှန်းပြောကြားခဲ့ပါတယ်။

“လက်ရှိအချိန်အတွင်း  ဒီလိုကန့်သတ်ချက်တွေဟာ အခြာသောဒေသတွေက အစားအစာဈေး နှုန်းတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ကမ္ဘာနှင့်ချီပြီး ဆိုးရွားလာနိုင်တာကြောင့် ပို့ကုန်ကန့် သတ်ချက်တွေကို ဖယ်ရှားပေးဖို့ ကျွန်တော်တို့ အားပေးလိုပါတယ်” လို့ IMF က တောင်းဆို ခဲ့တာပါ။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ နိုင်ငံပြင်ပသို့ ဆန်စပါးတင်ပို့မှု အမြင့်ဆုံးသောနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ပြည်တွင်းဈေးနှုန်းကို သင့်တင့်တဲ့ အတိုင်းအတာမှာ ထိန်း သိမ်းထားနိုင်ဖို့အတွက် အိန္ဒိယအစိုးရအနေနဲ့ ဘာစမာတီ Basmati မဟုတ်တဲ့ ဆန်စပါးတင်ပို့မှုကို ကန့်သတ် လိုက်တာလည်း ဖြစ်ပါတယ်။

အခြားသောနိုင်ငံတွေရဲ့ အစားအစာလုံခြုံရေးလိုအပ်ချက်တွေနဲ့ အစိုးရတွေတောင်းဆိုမှု များအပေါ်အခြေခံပြီး အိန္ဒိယအစိုးရအနေနဲ့ ဆန်စပါးတင်ပို့မှုကို ခွင့်ပြုပေးသွားမှာဖြ စ်တယ်လို့လည်း အာဏာပိုင်တွေက ပြောကြား ထားတာပါ။ 

ပြည်ပနိုင်ငံတွေရဲ့ သတင်းအစီရင်ခံမှုတွေမှာ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေအထိ အိန္ဒိယ ဆန် ကုန်စည်တွေ ကုန်ဆုံးတော့မယ်လို့သိရပြီး အချို့သောဆိုင်တွေမှာောတ့ အကန့်အသတ်နဲ့ ဝယ်ယူဖို့ သတ်မှတ်ထားပြီး အချို့သောဆိုင်တွေကတော့  ဈေးတင်ရောင်းချနေကြောင်း သိရပါတယ်။

ဆန်စားသုံးမှုဟာ အာရှနဲ့ အာဖရိကရှိ ဘီလီယမ်နဲ့ချီတဲ့  လူတွေရဲ့ အာဟာရကို အထောက်အပံ့ဖြစ်စေပြီး ကမ္ဘာ့ဆန်စပါးကုန်သွယ်မှုရဲ့ ၄၀ ရာခိုင်နှုန်းကလည်း အိန္ဒိယနိုင်ငံမှ ဖြစ်နေတာပါ။

ဆန်စပါး၊ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်ဈေးနှုန်းမြင့်မားလျှက်ရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ ၂၀၁၃ ခုနှစ်တွင် စပါးဈေး ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး အခြားသောနေရာတွေမှာတော့ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အစားအသောက်ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.