Turkey's President Tayyip Erdogan meets with Chinese Foreign Minister Wang Yi at the Presidential Palace in Ankara, Turkey, July 26, 2023. Murat Cetinmuhurdar/PPO/Handout via REUTERS

ပေကျင်း – ဇူလိုင်(၂၈) 

တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဝမ်ရိ ခန့်အပ်ခံရပြီးနောက် သူ့ရဲ့ ပထမဆုံးနိုင်ငံခြားရေးခရီး စဉ်အဖြစ် တူရကီနိုင်ငံ အန်ကာရာမှာ သမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံခဲ့ပြီး ယူကရိန်းအရေးဆွေးနွေး ခဲ့ကြတယ်လို့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။ 

နှစ်တစ်ဝက်ကျော် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တစ်လကြာ လူမြင်ကွင်းက ပျောက်နေ ခဲ့တဲ့ ချင်ကန်း ကိုရာထူးကဖယ်ရှားပြီးနောက် တရုတ်နိုင်ငံဟာ သူတို့ရဲ့ ဝါရင့် သံတမန်တစ်ဦး ဖြစ်တဲ့ ဝမ်ရိကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဇူလိုင်လ(၂၆) ရက်နေ့က ခန့်အပ်ခဲ့တာပါ။ 

ဝမ်နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်တို့ရဲ့ ဆွေးနွေးမှုမှာတော့ ယူကရိန်းရဲ့ နောက်ဆုံး အခြေအနေနဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်တွေပါဝင်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန သတင်း ရင်းမြစ်တစ်ဦးက ပြောခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ တူရကီတို့ ကြားဝင်စေ့စပ်ထားတဲ့ ၂၀၂၂ ခုနှစ်ဘောတူညီချက်ကနေ ရုရှား နုတ်ထွက်ပြီးနောက် ယူကရိန်းစပါးတွေကို မကြာသေးခင်ရက်တွေအတွင်း ရုရှားဘက်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ ရုရှားအပေါ်သူတို့ရဲ့ ဩဇာ လွှမ်းမိုးမှုကို အသုံးပြုဖို့ တရုတ်ကို တိုက်တါန်းထားကြပြီး ဒီနှစ်အစောပိုင်းမှာတော့ တရုတ်ဟာ အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာကို လေးစား လိုက်နာဖို့ တောင်းဆိုထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ်(၁၂) ချက်ကို ထုတ်ပြန်ထားပါတယ်။

ဝမ်နဲ့ တွေ့ဆုံချိန် သမ္မတအာဒိုဂန်က ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသတွေင်းဆိုင်ရာ ကိစ္စရပ်တွေမှာ နှစ်နိုင်ငံလုံးက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေသလို တူရကီနဲ့ တရုတ်နိုင်ငံတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အရှိန်မြှင့်နိုင်မယ်လို့ မျှော်လင့်ကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးတွေ့ဆုံချိန်မှာတော့ တူရကီနဲ့ တရုတ်နိုင်ငံကြား စီးပွားရေးနဲ့ ကုန်သွယ်မှု ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရင်းမြစ်က ဆိုထားပါတယ်။ 

သူတို့ရဲ့ ဆွေးနွေးမှုတွေမှာ တရုတ်ရဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်းအစီအစဉ်နဲ့ အလယ်ပိုင်း ဒေသစင်္ကြာရဲ့ အစပြုမှုတွေအပါအဝင် နျူကလီးယားစွမ်းအင်၊ စိုက်ပျိုးရေးနဲဲ့ အရပ်ဘက် လေကြောင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

ထိပ်တန်းသံတမန်နှစ်ဦးရဲ့ အန်ကာရာမှာ တွေ့ဆုံဆွေးနွေးစဉ်အတွင်း တရုတ်အနောက်ပိုင်း ရှင်ကျန်းဒေသမှာရှိတဲ့ မွတ်စလင်အများစုနေထိုင်တဲ့ ဝီဂါလူမျိုးတွေရဲ့ အခြေအနေတွေကို လည်း ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရင်းမြစ်က ပြောခဲ့ပါတယ်။

ဝီဂါမွတ်စလင်အများစုကို ရှင်ကျန်းမှာရှိတဲ့ စခန်းတွေမှာ အဓမ္မလုပ်အားပေးစေခိုင်းမှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေက စွပ်စွဲထားပြီး တရုတ်ဘက်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.