ရန်ကုန် – ဇူလိုင်(၂၈)

တရုတ်နိုင်ငံသားတွေကို ဦးတည်တိုက်ခိုက်နေတဲ့ ဥပဒေမဲ့ နယ်စပ်တွေက အွန်လိုင်းငွေကြေးလိမ် လည်မှုစင်တာတွေကို အမြစ်ဖြတ်ရှင်းလင်းဖို့ မြန်မာစစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံက ပြောခဲ့ ပါတယ်။

မူခင်းရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာမြောက်ဘက်နဲ့ အရှေ့ဘက်နယ်စပ်တလျှောက်မှာရှိတဲ့ ဥပဒေမဲ့ အသိုင်းအဝိုင်းတွေဆီကို တရုတ်နိုင်ငံသားတွေနဲ့ တခြားနိုင်ငံသားတွေကို ပြန်ပေးဆွဲပြီး အွန်လိုင်းငွေကြေးလိမ်လည်သူတွေအဖြစ် အတင်းအကြပ်လုပ်ကိုင်ခိုင်းနေကြတာပါ။ 

လက်တလောမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အဓိက မဟာမိတ်လည်းဖြစ် လက်နက် ထောက်ပံ့သူလည်းဖြစ်တဲ့ တရုတ်အစိုးရဟာ အွန်လိုင်း လိမ်လည်မှုတွေကြောင့် ဒေါသထွက်နေ တယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးအခြေပြုပြည်တွင်းလိမ်လည်မှုတွေအပါအဝင် မူခင်းတွေကို ပူးတွဲနှိမ်နင်းဖို့ အတွက် တရုတ်သံအမတ်ဟာ စစ်ခေါင်းဆောင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အထူးဆွေးနွေး ပွဲတွေကို ကျင်းပနေတာဖြစ်ပါတယ်။ 

“တရုတ်နှင့် မြန်မာနှစ်နိုင်ငံစလုံး၏ လူထုအကျိုးစီးပွားများကို ပြင်းထန်စွာ အန္တရာယ်ပြုနေပြီး မြန်မာနိုင်ငံမြောက်ပိုင်းအပါအဝင် မြန်မာနယ်စပ်ဧရိယာအတော်များများတွင် ဆက်သွယ်‌ရေး လုပ်ငန်း အခြေပြု လိမ်လည်မှုများ ပျံ့နှံ့လျှက်ရှိသည်” လို့ ထုတ်ပြန်ချက်တစ်ခုမှာ သံအမတ် ကပြောခဲ့ပါတယ်။ 

တရုတ်ရဲ့ ကုန်းတွင်းပိတ် ယူနန်ခရိုင်ဒေသန္တရနဲ့ အိန္ဒိယသမုဒ္ဒရာ ချိတ်ဆက်မယ့် ခါးပတ်တစ် ကွင်း လမ်းတစ်စင်းဟာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်း ဒေသတွေကိုလည်း ဖြတ်သန်းသွားမယ့် စီမံကိန်းတွေအဖြစ်ပါဝင်နေတယ်လို့သိရပါတယ်။ 

“ဆက်သွယ်ရေးလုပ်ငန်းအခြေပြု လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားများနှင့် သက်ဆိုင်တဲ့ အငုတ်အကြွင်းတွေကနေတဆင့် မြန်မာနိုင်ငံအတွင်း အမြစ်မတွယ်သွားသင့်ပါဘူး” ဟု သူက ပြောကြားခဲ့သည်။ 

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ထိုင်းအစိုးရဟာ ဒေါ်လာ ဘီလျံချီတန်ဖိုးရှိတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း အခြေတည်ရာ မြန်မာနပ်စပ်မြို့ကို လျှပ်စစ်ဓာတ်အားထောက်ပံ့မှုတွေ ဖြတ်တောက်ခဲ့ပြီး တရား မဝင် လောင်းကစားနဲ့ အွန်လိုင်းလိမ်လည်ရေး အော်ပရေတာတွေကို သတိပေးတဲ့ အရေးယူ ဆောင်ရွက်ချက်တစ်ခုဖြစ်တယ်လို့ အကဲဖြတ်တွေက ပြောခဲ့ပါတယ်။ 

အိမ်ယာတွေ၊ ဟိုတယ်တွေနဲ့ ကာစီနိုတွေပါဝင်တဲ့ ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းကို မြန်မာ စစ်တပ်ရဲ့ မဟာမိတ်ပြုလုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ BGF က ဆောင်ရွက်ထားတာဖြစ်ပါတယ်။

အွန်လိုင်းငွေကြေးလိမ်လည်မှုတွေဟာ အရှေ့တောင်အာရှ တလျှောက်မှာ ကာလရှည်ကြာစွာ အခြေတည်နေတာဖြစ်တယ်လို့ သိရပါတယ်။

ထိခိုက်ခံရသူတွေရဲ့ ပြောကြားချက်အရ သူတို့ဟာ လုပ်ခလစာမြင့်မားတဲ့ အလုပ်တွေလုပ် ကိုင်ရမှာဆိုတဲ့ မြန်မာ-ကမ္ဘောဒီးယား-ထိုင်းနဲ့ လာအိုနိုင်ငံတွေကို ခရီးထွက်ခဲ့ကြပြီး နောက် ဖမ်းဆီးထိန်းသိမ်းခံရကာ အွန်လိုင်းလိမ်လည်ဖို့ အတင်းအကျပ်ခိုင်းစေခံရတာဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။ 

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.