ပြုံယမ်း – ဇူလိုင်(၂၇) 

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီရွှီဂူဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံနဲ့ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့ မြောက်ကိုရီးယားကို ရောက်ရှိနေပါတယ်။

မြို့တော်ပြုံယမ်းမှာ လာမယ့်ရက်ပိုင်းအတွင်းပြုလုပ်မယ့် နှစ်(၇၀)ပြည့် ကိုရီးယားစစ်ပွဲ အဆုံး သတ်အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အဖွဲ့ဝင် လီဟောင်ဇောင် ဦးဆောင်တဲ့ အဖွဲ့တို့ တက်ရောက်လာကြတာပါ။

မြောက်ကိုရီးယားဘက်က ဖိတ်ကြားထားတဲ့ အောင်ပွဲနေ့အခမ်းအနားတွေက်ိုလည်း တက်ရောက် သွားမှာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ 

“ဒီခရီးစဉ်ဟာ ရုရှား-မြောက်ကိုရီးယား စစ်ဘက်ဆက်ဆံရေးကို ခိုင်မြဲအောင် ကူညီပေးမှာဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးတဲ့ အဆင့်တစ်ခု ဖြစ်လာမှာပါ” လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဆာဂီရွှီဂူကို လေဆိပ်မှာ ကော်ဇောနီခင်းပြီး မြောက်ကိုရီးယား စစ်ဘက်ဆိုင်ရာအရာရှိက ကြိုဆို နှုတ်ဆက်နေတဲ့ ရုပ်သံဖိုင်ကိုလည်း ဝန်ကြီးဌာနက သူတို့ရဲ့ တယ်လီဂရမ်မှာ ဖော်ပြထားပါ တယ်။

မြောက်ကိုရီးယားဟာ သူတို့ရဲ့ အရေးပါတဲ့စီးပွားရေးနဲ့ အနိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ တရုတ်၊ရုရှားတို့နဲ့ ကုန်သွယ်ရေး၊ သံတမန်လဲလှယ်မှုအားလုံးကို ၂၀၂၀ ခုနှစ်အစောပိုင်းမှာ ပိတ် ထားခဲ့တာဖြစ်ပြီး နိုင်ငံပိုင် မီဒီယာရဲ့ ဖော်ပြချက်အရ ဒီခရီးစဉ်ဟာ မူဝါဒဆိုင်ရာပြောင်းလဲခြင်း ရှိမရှိကိုတော့ အသိပေးထားတာမရှိပါဘူး။

တရုတ်နိုင်ငံဟာ G-7၊ဥရောပသမဂ္းနဲ့ တခြားအဖွဲ့တွေက ပြုံယမ်းကို တရုတ်ရဲ့ ရေပိုင်နက်ကို အသုံးပြုကာ အရေးယူမှုတွေ ရှောင်ရှားတာက ရပ်တန့်ဖို့တိုက်တွန်းတဲ့ စာကို တုံ့ပြန်တဲ့ အနေနဲ့ 

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်နေတယ်လို့ ဆိုထားပါတယ်။

ကိုဗစ်ဖြစ်ပွားသူ တစ်ရက်ထောင်ပေါင်းများစွာကို အစီရင်ခံပြီးနောက် နယ်စပ်တွေကိုပိတ်ထား ချိန်ဇွန်လမှာ မြောက်ကိုရီးယားကို တရုတ်နိုင်ငံရဲ့ ကုန်စည်တင်ပို့မှုဟာ အရင်နှစ်ကထက် (၈)ဆ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ 

ယူကရိန်းစစ်ပွဲအတွက် ရုရှားကို မြောက်ကိုရီးယားက စစ်ရေးအကူအညီတွေပေးနေတယ်လို့ အမေရိကန်က စွပ်စွဲထားပေမယ့် နှစ်နိုင်ငံလုံးက ငြင်းဆိုထားပါတယ်။

လက်ရှိမှာတော့ နှစ်နိုင်ငံလုံးဟာ အမေရိကန်နဲ့ ရပ်တန့်နေတဲ့ ဆက်ဆံရေးရှိနေကြပြီး ကာလရှည် ကြာစွာ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံခဲ့ကြသလို မော်စကိုဟာ ပြုံယမ်းရဲ့ နျူကလီး ယားလက်နက် အစီအစဉ်ဆိုင်ရာ သဘောတူညီချက်တစ်ခုအတွက်ကြိုးပမ်းနေတာဖြစ်ပါတယ်။

“ရုရှားနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် မြောက်ကိုရီးယားအပေါ် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို အသုံးချပြီး ခြိမ်းခြောက်ခြင်းနှင့် ဥပဒေမဲ့ ပြုမူခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းကြောင်း ဆိုခဲ့ပြီး စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ပြန်သွားရန် မြောက်ကိုရီးယားအား အားပေးရာတွင် ၎င်းတို့အနေ ဖြင့် ပါဝင်ကစားနိုင်မယ့် အလားအလာတွေရှိနေတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဌာန လက် ထောက်ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.