ဂျကာတာ – ဇူလိုင်(၂၇) 

တာလီဘန်ကိုယ်စားလှယ်တွေရဲ့ တရားဝင်ထုတ်ပြန်ထားတာမရှိတဲ့ ခရီးစဉ်တစ်ခုအဖြစ် ဇူလိုင် လအစောပိုင်းက အင်ဒိုနီးရှားနိုင်ငံကိုရောက်ရှိခဲ့ကြပြီး မွတ်ဆလင်အများစုနေထိုင်တဲ့ ကမ္ဘာ့ အကျော်ကြားဆုံးနိုင်ငံက နိုင်ငံရေးသမားတွေနဲ့ အစည်းအဝေးပြုလုပ်ခဲ့ကြပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက အာဏာပြန်လည်ရယူခဲ့တဲ့ တာလီဘန်တွေဟာ သူတို့ကို အသိအမှတ်ပြုဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ သိရပြီး အင်ဒိုနီးရှားအစိုးရကတော့ လက်ရှိအချိန်ထိ တာလီဘန်တွေကို တရားဝင်အသိအမှတ်မပြုသေးပါဘူး။

“ကျွန်ုပ်နားလည်တာက အာဖကန်နစ္စတန်ရဲ့ မစ်ရှင်နဲ့ဆက်စပ်တဲ့ အတွင်းရေးကိစ္စတစ်ချို့ အတွက် ဂျာကာတာကို တရားမဝင်ခရီးစဉ်အနေနဲ့ ရောက်ရှိခဲ့တာဖြစ်တယ်လို့ နားလည်ပါ တယ်” လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကပြောခဲ့ပါတယ်။ 

အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူရဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၄) ရက်နေ့ မှာတင်ထားတဲ့ တွစ်တာပိုစ့်မှာတော့ အစိုးရထိပ်တန်း သံတမန်တစ်ဦးဟာ ကိုယ်စားလှယ်အဖွဲ့ တွေကို ဦးဆောင်ပြီး အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ခဲ့တယ်လို့ ဆိုထားပါတယ်။ 

“ကိုယ်စားလှယ်အဖွဲ့သည် ပညာတတ်အချို့၊ နိုင်ငံရေးသမားများနှင့် စီးပွားရေးပညာရှင်များနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ အားကောင်းစေဖို့ အသုံးဝင်သော မီတင်များနှင့် ဆွေးနွေးပွဲများ ကျင်းပခဲ့ပါတယ်” လို့ရေးသားထားပါတယ်။ 

အာဖဂန်နိုင်ငံခြားရေးဒုတိယပြောရေးဆိုခွင့်ရှိသူက အာဖဂန်နဲ့ အင်ဒိုအစိုးရ အာဏာပိုင်တွေ ဟာ တရားဝင်အစည်းအဝေးတွေကျင်းပတာမရှိသေးဘူးလို့ဖော်ပြထားသလို သီရိလင်္ကာ၊ဘင်္ဂလား ဒေ့ရှ်နဲ့ စင်္ကာပူနိုင်ငံက သံတမန်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုထားတာပါ။

မွတ်ဆလင်အများစုနေထိုင်တဲ့ နိုင်ငံ(၂)နိုင်ငံကြား ဆက်ဆံရေးဟာ ဘာသာရေးသွေးစည်းညီ ညွတ်မှုအပေါ် အခြေခံခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်သလို ၂၀၁၈ ခုနှစ်ကလည်း သမ္မတဂျိုကိုဝီဒိုဒို ဟာ ကဘူးလ်ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်ထိ တာလီဘန်တွေကို ကမ္ဘာ့နိုင်ငံအတော်များများမှာ တရားဝင်အသိအမှတ်ပြုထား တာမရှိဘဲ သူတို့ဘက်က နိုင်ငံအနည်းငယ်သာ ရပ်တည်နေတာဖြစ်ပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.