FILE PHOTO: Philippine President Rodrigo Duterte speaks during the arrival ceremony for the first COVID-19 vaccines to arrive in the country, at Villamor Air Base in Pasay, Metro Manila, Philippines, February 28, 2021. REUTERS/Eloisa Lopez/File Photo

မနီလာ – ဇူလိုင်(၂၀) 

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးရဲ့ မူးယစ်ဆေးဝါးစစ်ပွဲအတွင်း ထောင်နဲ့ချီတဲ့လူတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပိတ်ဆို့တားဆီးဖို့ ဖိလစ်ပိုင်အစိုးရ ရဲ့ ကြိုးပမ်းမှုကို နိုင်ငံတကာတရားရုံး ICC ရဲ့ အယူခံတရားသူကြီးတွေက ပယ်ချခဲ့ပါတယ်။

မစ္စတာဒူတာတေး အုပ်ချုပ်မှုအောက်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အတွက် ဖြစ်နိုင်ချေရှိတဲ့ အမှုအခင်းတွေကို တရားဝင်စုံစမ်းစစ်ဆေးဖို့ ICC က ၂၀၂၁ ခုနှစ် စက်တင်ဘာမအတွင်း အတည်ပြုခဲ့ပေမယ့် ဖိလစ်ပိုင်ဟာ သူတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးမယ် လို့ တောင်းဆိုခဲ့တဲ့အတွက် ICC ရဲ့ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားခဲ့ရတာပါ။ 

ဒါပေမယ့် ဇန်နဝါရီလ ၂၀၂၃ ခုနှစ်မှာ ရုံးတော်က ဖိလစ်ပိုင်ရဲ့ ဆောင်ရွက်ဆဲဖြစ်တဲ့ သင့်တော်ရာ စုံစမ်းစစ်ဆေးမှုတွေကို စိတ်ကျေနပ်မှုမရှိဘူးလို့ ပြောခဲ့ပြီး ရုံးတော်ရှေ့နေတွေက အရင်ဆုံးဖြတ် ချက်ကို ပြန်လည်ဆောင်ရွက်ဖို့ တောင်းခံခဲ့ပြီး ဖိလစ်ပိုင်ဟာ နောက်ဆက်တွဲ စစ်ဆေးမှုတွေကို ပိတ်ဆို့ဖို့ ကြိုးစားချက်အဖြစ် အယူခံဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အယူခံမှာ အချက်(၄)ချက်ပါဝင်ပြီး အဲဒီထဲမှာ ဖိလစ်ပိုင်နိုင်ငံအတွင်း ICC မှတရားစီရင်ခွင့်မရှိ ကြောင်းနဲ့ အာဏာပိုင်တွေဟာ ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုတွေကိုသာ ဆောင်ရွက်မှာ ဖြစ်တယ် ဆိုတဲ့ အချက်တွေပါဝင်ကာ အယူခံတရားသူကြီးအဖွဲ့ကတော့ ပယ်ချထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ICC မှဖိလစ်ပိုင်နှုတ်ထွက်ခဲ့ပေမယ့် ရုံးတော်ရှေ့နေတွေရဲ့ ပြောဆိုချက် အရ ရာဇဝတ်မှုတွေ ဖြစ်ပေါ်နေချိန်မှာ ဖိလစ်ပိုင်ဟာ ICC အဖွဲ့ဝင်အဖြစ် ဆက်ရှိနေတယ်လို့ဆို ပါတယ်။

ICC ဟာ မစ္စတာဒူတာတေးရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကြောင့် မူးယစ်သံသယရှိသူ ထောင်ချီ သေဆုံးခဲ့တာကို သက်သေပြဖို့လည်း ဆောင်ရွက်နေပါတယ်။

သမ္မတဟောင်း ဒူတာတေးတာဝန်ယူချိန်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အော်ပရေးရှင်း မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် မူးယစ်ရောင်းဝယ်သူ သံသယ တရားခံ(၆၀၀၀) ကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ အစိုးရအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဆင်းရဲသားရပ်ကွက်တွေအတွင်းက လူထောင်ပေါင်း များစွာ သတ်ဖြတ်ခံခဲ့ရပြီး အများစုကိုတော့ လျှို့ဝှက် သေနတ်သမားတွေက ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ဆိုကာ အဲဒီထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်နိုင်တယ်လို့ ပြောပါတယ်။

ICC ရှေ့နေတွေရဲ့ ရုံးတော်ကို တင်သွင်းတဲ့ ပစ္စည်းတွေကို လေ့လာဆန်းစစ်ချက်တွေအရ မူးယစ် ဆေးဝါးစစ်ပွဲလို့ခေါ်တဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ချက်အဖြစ် မရှုမြင်နိုင်ဘူးလို့ ရုံးတော်က ဆုံးဖြတ်ထားပြီး အရပ်သားပြည်သူတွေအပေါ် စနစ်တကျ တိုက်ခိုက်ဖို့အတွက် ဖြစ် တယ်လို့ ပြောခဲ့ပါတယ်။

မစ္စတာ ဒူတာတေးနဲ့ ရဲချုပ်တွေက သတ်ဖြတ်မှုတွေဟာ မိမိကိုယ်ကို ခုခံကာကွယ်တာသာ ဖြစ် တယ်လို့ ပြောခဲ့ပြီး ICC ဟာ မိမိတို့အစိုးရနဲ့ နိုင်ငံရဲ့ အရေးမှာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဘူး လို့ သတိပေးထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.