မော်လမြိုင်၊ ဇူလိုင် ၁၉

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇူလိုင် ၁၈ ရက်နေ့ကတည်းက မိုးသည်းထန်စွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့အတွက် အနိမ့်ပိုင်းရပ်ကွက်က ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကနေ သိရပါတယ်။

ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့ မနက်အစောပိုင်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်း‌ခဲ့တဲ့အတွက် မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက်မှာ အဆောက်အဦး အုတ်တံတိုင်းပြိုကျခဲ့လို့ လူ ၂ ဦး ဒဏ်ရာရရှိထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓါတ်ပုံ – MFSD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.