ပေကျင်း – ဇူလိုင်(၂၀) 

အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟန်ရီကစ်စမ်ဂျာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၈) ရက်နေ့က ပေကျင်းမှာ တွေ့ဆုံခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ 

ဟန်ရီကစ်စမ်ဂျဟာ ပုဂ္ဂလိက ပြည်သူတစ်ဦးအဖြစ် လီနဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့်ရှိသူ မတ်သရူး မီလာက ပြောခဲ့တာပါ။

ဒါ့အပြင်သူဟာ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ထိပ်တန်းအရာရှိ ဝမ်ယိနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုထားပါ တယ်။

မကြာခင်မှာ အသက်(၁၀၀) ပြည့်တော့မယ် ဟန်ရီကစ်ဂျာဟာ အမေရိကန်သမ္မတဟောင်း ရစ်ချတ်နိုင်ဇွန် အစိုးရအောက်မှာ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်စဉ် အမေရိကန်နဲ့ တရုတ်တို့ရဲ့ ဆက်ဆံရေးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းရဲ့ တရုတ်ခရီးစဉ်ဟာ အမေရိကန်နဲ့ တရုတ်ကြား ကြီးမားတဲ့ သဘောထားကွဲလွဲမှု ကာလတစ်ခုအပြီး ထွက်ပေါ်လာတာဖြစ်ကာ မကြာသေးခင်လ တွေအတွင်း အမေရိကန်အစိုးရဟာ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံနှစ်ခုကြား ဆက်ဆံရေး ကို တည်ငြိမ်စေဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုထားတဲ့အပြင် ထိပ်တန်းအစိုးရအရာရှိ တွေဟာလည်း တရုတ်ကို သွားရောက်ခဲ့ကြပါသေးတယ်။

တရုတ်အစိုးရဟာ စစ်ဘက်ဆိုင်ရာ အချင်းချင်းကြား အဆင့်မြင့်တဲ့ ဆက်သွယ်ချိတ်ဆက်ရေး မှာပါဝင်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေကို ရှုတ်ချခဲ့ကြာ ဒီနှစ်အစောပိုင်းက ရှန်ဂရီလာဆွေး နွေးပွဲမှာ လီနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ကြား တွေ့ဆုံမှဒကို ငြင်းဆို ခဲ့ကပေမယ့် အရာရှိနှစ်ဦးဟာ စင်္ကာပူထိပသီးဆွေးနွေးပွဲမှာ အတိုချုံးပြောဆိုနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

“တရုတ်၏မိတ်ဆွေအဖြစ်” နှင့် “အမေရိကန်နှင့် တရုတ်တို့ရဲ့ နားလည်မှုလွဲခြင်းများကို ဖယ်ရှားရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားသင့်တယ်” လို့ ဟင်နရီကစ်စင်ဂျာက ပြောခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ တရုတ်ဟာ တစ်ဖက်ကို ရန်သူလို ဆက်ဆံဖို့ မလုပ်နိုင်ကြဘူးဆိုတာ သမိုင်းနဲ့ ဖြစ်စဉ်တွေက ထပ်ခါတလဲလဲ သက်သေပြခဲ့တာဖြစ်တယ်လို့ တရုတ်ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ 

“အမေရိကန်မှ အချို့သောလူများဟာ တရုတ်နှင့် လမ်းတစ်ဝက်တွင် တွေ့ဆုံခြင်း မရှိသေး တာကြောင့် သံတမန်ဆက်ဆံရေး ထူထောင်ပြီးကတည်းက တရုတ်-အမေရိကန် ဆက်ဆံရေး အနိမ့်ဆုံးသို့ ရောက်ရှိသွားတယ်” လို့ တရုတ်ရဲ့ လီက ကစ်စင်ဂျာကိုပြောခဲ့ပါတယ်။

မှန်ကန်တဲ့ ဗျူဟာမြောက် ဆုံးဖြတ်ချက်ချဖို့ အမေရိကန်ကို တိုက်တွန်းခဲ့ပြီး ပေကျင်းနဲ့ ဝါရှင်တန်တို့ဟာ နိုင်ငံတွေနဲ့ စစ်ဘက်ဆက်ဆံရေးရဲ့ အားကောင်းပြီး တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ အတူတကွ လုပ်ဆောင်နိုင်ဖို့မျှော်လင့်တယ်လို့ ဆိုပါတယ်။ 

ကစ်စင်ဂျာနဲ့ တွေ့ဆုံချိန်မှာ ဝမ်ဟာ သူနဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒအပေါ် ပေကျင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို ထင်ဟပ်စေတဲ့ သတင်းစကားအဖြစ် တရုတ်နိုင်ငံကို အသွင်ပြောင်းဖို့ ကြိုးစားတာဟာ မဖြစ်နိုင်သလို တရုတ်ကို ပိတ်ဆို့တာနဲ့ ထိန်းကျောင်းတာဟာ ပိုပြီး မဖြစ် နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ 

“တရုတ်အပေါ် အမေရိကန်၏ မူဝါဒဟာ ကစ်စင်ဂျာရဲ့ ပုံစံကဲ့သို့ သံတမန်ရေးရာ အမျှော်အမြင် ကြီးမှုနှင့် သမ္မတဟောင်း နိုင်ဇွန်လို နိုင်ငံရေး ရဲရင့်ဖို့ လိုအပ်သည်” လို့ တရုတ်ဘက်က ပြောခဲ့ ပါတယ်။ 

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.