People demonstrate on the 'Day of National Resistance' in protest against Israeli Prime Minister Benjamin Netanyahu and his nationalist coalition government's judicial overhaul, in Tel Aviv, Israel July 18, 2023. REUTERS/Nir Elias

ဂျေရုဆလင်၊ ဇူလိုင်(၂၀)

 နိုင်ငံတွင်းဆန္ဒပြမှုတွေဟာ ကြီးကြီးမားမား ပိုမိုဖြစ်ပွားလာပါက အစ္စရေးအစိုးရဟာ တရားစီရင် ရေးကဏ္ဍကို ပြန်လည်ပြင်ဆင်ဖို့ သူ့ရဲ့ သဘောထားကွဲလွဲမှုကို ပြန်လည်စဉ်းစားနိုင်ဖွယ်ရှိတယ် လို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ဇူလိုင်လ (၁၉) ရက်နေ့က ပြောကြားခဲ့ပါတယ်။ 

လာမယ့် ဇူလိုင်လ (၂၃)နဲ့ (၂၄) ရက်နေ့တို့မှာ အတည်ပြုဖို့ တရားရုံးချုပ်ရဲ့ အခွင့်အာဏာတွေကို ကန့်သတ် မယ့် အပြိုင်အဆိုင် ပြင်ဆင်ချက်တစ်ခုကြောင့် ဆန္ဒပြမှုတွေပြင်းထန်လာနေတာပါ။ 

အခုအခါ ပါလက်စတိုင်းနဲ့ လက်ဘနွန်မျက်နှာစာတွေ ပွက်ပွက်ဆူလာချိန်မှာတော့ အစ္စရေးရဲ့လုံခြုံရေးကို ထိခိုက်စေမယ့်အလားအလာ ရှိတဲ့ လေတပ်အရန်တပ်ဖွဲ့ဝင်အချို့လည်း ပါဝင်လာတာ ဖြစ်ပါတယ်။

 ဝန်ကြီးချုပ် ဘန်ဂျာမင် နေတန်ယာဟုက အဲဒီဥပဒေကြမ်းဟာ စီစဉ်ထားတဲ့အတိုင်း အောင်မြင်သွားမှာ ဖြစ်တယ်လို့ ဇူလိုင်လ (၁၇) ရက်နေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဖုန်းဖြင့် ပြောကြားခဲ့တာပါ။ 

ဒါပေမယ့်လည်း နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီ မှု ရယူသွား မယ်လို့ အစ္စရေးအမျိုးသားလုံခြုံရေး အကြံပေးကပြောခဲ့ပါတယ်။ 

အစ္စရေးကာကွယ်ရေးဝန်ကြီးကို ရာထူးမှထုတ်ပယ်ပြီးနောက် မတ်လမှာခြောက်လကြာ ဆန္ဒပြမှုတွေရဲ့ အကျိုး သက်ရောက်မှုကို ရှားရှားပါးပါးအသိအမှတ်ပြုမှုအဖြစ် ဝန်ကြီးချုပ် နေတန်ယာဟုက ယဉ်ကျေးမှုဝန်ကြီး မစ်ကီဇို ဟာကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ 

နေတန်ယာဟုဟာ ကာကွယ်ရေးဝန်ကြီးရဲ့ ရာထူးမှဖြုတ်ချခံရမှုကို ထောက်ခံခဲ့ပြီး အတိုက်အခံ တွေနဲ့ အပေး အယူလုပ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်မယ့် ဥပဒေတွေကို ဆိုင်းငံ့ထားခဲ့တာပါ။

 ပြီးခဲ့တဲ့လက သူဟာ တိုးတက်မှုမရှိ ကြောင်းကြေညာခဲ့ပြီး အစိုးရရဲ့ဆုံးဖြတ်ချက်အချို့ကို ပျက်ပြယ်စေဖို့အတွက် တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ထားတဲ့ ဥပဒေကြမ်းကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။ 

“ဂေါ်လန့်ညမှာ မြင်တွေ့ခဲ့ရတဲ့ ဆန္ဒပြပွဲတွေဟာ အတိုင်းအတာတစ်ခုအထိ ရောက်သွားခဲ့ရင် အရာအားလုံးဟာ ဝေးကွာသွားခဲ့ပြီဆိုတာ နားလည်ပါလိမ့်မယ်” လို့ယဉ်ကျေးမှုဝန်ကြီး ဇိုဟာ မှ ကန်ရေဒီယိုသို့ ပြောကြားခဲ့ပါတယ်။ 

ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ ဘာသာရေး-အမျိုးသားရေး ညွန့်ပေါင်းအဖွဲ့မှ လိုက်လျောညီထွေရှိ တဲ့ အပြောင်း အလဲကို ထောက်ခံသူတွေက တရားရုံးချုပ်အနေဖြင့် ကြားဝင်စွက်ဖက်လွန်းတယ် လို့ ပြောဆိုခဲ့တာပါ။

 ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသော နိုင်ငံနဲ့ အစိုးရမှ ကြီးစိုးထားတဲ့ လွှတ်တော်ပါလီမန်ဟာ နိုင်ငံ သားအခွင့် အရေးနဲ့လွတ်လပ်ခွင့်တွေကို ကာကွယ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင် နေတဲ့ တရားရုံးချုပ်ကို အားနည်းသွားစေလိမ့်မယ်လို့ အတိုက်အခံတွေက စိုးရိမ်မှုတွေရှိနေခဲ့တာ ပါ။

ဆန္ဒပြပွဲအတွင်း လူပေါင်းရာနဲ့ချီပြီး စည်းရုံးနိုင်ခဲ့တယ်လို့လည်း ပွဲစီစဉ်သူတွေက ပြောပါတယ်။ ဘင်ဂူရီယန် လေဆိပ်နဲ့ မီးရထားဘူတာတွေ၊ အဝေးပြေးယာဉ်ကြောတွေ ပြတ်တောက်ခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ မျက်နှာချင်း ဆိုင်လျက် ပူပြင်းတဲ့ နွေရာသီနဲ့အတူ ဆန္ဒပြမှုတွေဟာလည်း ပိုမိုပြန့်ကျဲလာခဲ့တာလည်း ဖြစ်ပါတယ်။

 ပူးပေါင်းပါဝင်သူတွေ များပြားလာခဲ့ရင် အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်တယ်လို့ စီစဉ်သူတွေက ယုံကြည် နေကြပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.