July 16, 2023

မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်တဲ့နေရာမှာ အပြုသဘောဆောင်ပါဝင်ဖို့ တရုတ်ကို တောင်ကိုရီးယားတောင်းဆို

ဆိုးလ်၊ ဇူလိုင်(၁၆) မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် တရုတ်အစိုးရအနေဖြင့် အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍကနေပါဝင်ဖို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပြင်ပတွေ့ဆုံမှုမှာ တရုတ်ရဲ့အမြင့်ဆုံး သံအမတ်ဝန်ရီကို ကိုရီး ယားနိုင်ငံခြားရေးဝန်ကြီးက မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးပစ်ခတ် မှုတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ် ချကာ အဲဒီမှတ်ချက်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆိုးလ်နဲ့ ဘေဂျင်းအစိုးရတို့ရဲ့ အဓိကလိုလားချက်ဟာ ရန်လိုမှုတွေကို…

ပြင်သစ်အမျိုးသားနေ့အခမ်းအနားမှာ အိန္ဒိယ-ပြင်သစ် စစ်ရေးစီမံကိန်အသစ်တွေအတွက် ကတိပြု

ပါရီ – ဇူလိုင်(၁၆) အိန္ဒိယနိုင်ငံကို ပြင်သစ်ထုတ် ရာဖယ်လ်ဂျက်လေယာဉ်(၂၆)စင်းအပါအဝင် ရောင်းချဖို့အပါ အဝင် စစ်ရေးစီမံချက်အသစ်တွေအတွက် သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ မိုဒီတို့ ပါရီမြို့မှာ ကတိပြုခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်မှာ ပြင်သစ်နိုင်ငံထုတ် ရေငုပ်သင်္ဘောသုံးစင်းနဲ့ ရဟတ်ယာဉ်အင်ဂျင်တွေကို အိန္ဒိယနိုင်ငံမှာ တည်ဆောက်ဖို့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။ “အနာဂတ်တွင် အိန္ဒိယနှင့် ပြင်သစ်တို့သည် တိုက်ခိုက်ရေးလေယာဉ်အင်ဂျင်၏ ပူးတွဲထုတ်…

ကုဒ်အမှားတွေကိုအသုံးပြုပြီး အမေရိကန်အစိုးရအေဂျင်စီ E-Mail တွေကို တရုတ်ခိုးယူဖို့လုပ် ဆောင်ခဲ့

ဝါရှင်တန် – ဇူလိုင်(၁၆) တရုတ်ဟက်ကာတွေဟာ Microsoft ကုဒ်မှာ ကုဒ်အမှားတွေထည့်သွင်းအသုံးပြုပြိး အစိုးအေဂျင် စီနဲ့ တခြားသော အသုံးပြုသူတွေရဲ့ အီးမေးလ်တွေကို ခိုးယူဖို့ လုပ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၄) ရက်နေ့က ကုမ္ပဏီရဲ့ ကြေငြာချက်တစ်ခုမှာ တရုတ်ဟက်ကာတွေဟာ Microsoft ကုဒ်တွေကို ချို့ယွင်းအောင်လုပ်ဆောင်ပြီး ဆိုက်ဘာထောက်လှမ်းရေး လှုပ်ရှားမှု တွေကိုဆောင်ရွက်ဖို့ ကြိုးစားခဲ့ကြတာပါ။…

ရေဖြူဒေသခံ ၁၀ ဦးထက်မနည်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရ

ရေဖြူ၊ ဇူလိုင်(၁၆) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ချီတက်ရာလမ်းတလျှောက်က ဒေသခံ ၁၀ ဦးထက်မနည်းကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၂၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇူလိုင် ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ ကဒက်အိုင်ကျေးရွာအနီး ဖြတ်သွားစဉ် ဥယျာဉ်ခြံတွေထဲမှာ နေထိုင်တဲ့ ဒေသခံတွေကို…

ကျိုက်ထိုမှာ နွားကျောင်းသား ကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီးသေဆုံး

ကျိုက်ထို၊ ဇူလိုင်(၁၆) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ဝါးဒက်ကွင်းကျေရွာနဲ့ ကညင်အိုင်ကျေးရွာအကြား ဝက်ဝံတောင်ဘက်မှာ နွားကျောင်းသွားတဲ့ ကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းက ဝါးဒက်ကွင်းကျေးရွာနေ အသက် ၁၂ အရွယ် မောင်အေးချမ်းဟာ နေအိမ်ကနေ နွားကျောင်းထွက်စဉ် ဝက်ဝံတောင် အရိုးအိုးလမ်းဆုံအရောက်မှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်းနင်းမိတာကြောင့်…

မွန်ပြည်နယ်ရဲ့ဒေသတချို့မှာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်းလှည့်တာတွေရှိနေ

မုဒုံ၊ ဇူလိုင်(၁၆) မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) တပ်ဖွဲ့ဝင်တွေဟာ မွန်ပြည်နယ်ရှိ မြို့နယ်သုံးခုအတွင်းက ကျေးရွာတွေနဲ့ ကားလမ်းမတွေမှာ လုံခြုံရေးကင်းလှည့်တာတွေ ရှိလာတယ်လို့ မွန်ဒေသခံတွေဆီက သိရပါတယ်။ ဇူလိုင် ဒုတိယပတ်ကစပြီး မုဒုံမြို့နယ်တောင်ပိုင်းက ကျေးရွာတချို့နဲ့ ညောင်ကုန်းကျေးရွာ အနီးတဝိုက် မုဒုံ-သံဖြူဇရပ် ကားလမ်းမတစ်လျှောက်မှာ စစ်ယူနီဖောင်းဝတ်စုံအပြည့်နဲ့ လုံခြုံရေးကင်းလှည့်တာတွေ လုပ်ဆောင်နေတာပါ။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ရေးမြို့နယ်ခေါဇာမြို့ဘက်ခြမ်းမှာ လွန်ခဲ့တဲ့သုံးလလောက်ကတည်းက…

လုံခြုံရေးတင်းကျပ်ထားတဲ့ မော်လမြိုင်မြို့မှာ လူသတ်လုယက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာ

မော်လမြိုင်၊ ဇူလိုင်(၁၆) လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိင်မြို့မှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း လူသတ်လုယက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ လူမနေတဲ့အဆောက်အဦးအနီးမှာ အ မျိုးသားတစ်ဦးကိုသတ်ကာ ဆိုင်ကယ်နဲ့ ဖုန်းအပါအဝင် ပစ္စည်းတချို့ လုယက်သွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင် ၁၀…

လောင်းလုံးမှာ စစ်တပ်လက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံ ၃၀၀၀ ကျော် ပြေးနေရ

လောင်းလုံး၊ ဇူလိုင်(၁၆) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ နာခံတောကျေးရွာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူလူထူ ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ နာခံတောကျေးရွာ တောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ရာကနေ စစ်ကောင်စီဘက်က ကျေးရွာတွေထဲ…