ဘန်ကောက် – ဇူလိုင်(၁၄) 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ပြည်တော်ပြန်ခရီးစဉ်ကို ဆောင်ရွက်နေပြီး နိုင်ငံရေး မငြိမ်မသက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် အစီမစဉ်ကို အနည်းငယ်ဆွဲဆန့်ထားမှာဖြစ် တယ်လို့ သမီးဖြစ်သူ ဖယ်တုံတန် ရှင်ဝါထရာ ကပြောပါတယ်။

နှစ်ပေါင်းများစွာ ပြည်ပရောက်နေခဲ့တဲ့ သက်ဆင်ရဲ့ အိမ်ပြန်ခရီးကို သူ့ရဲ့သမီးဖြစ်သူက အတည်ပြုပြောဆိုထားခဲ့ပြီး နိုင်ငံရေးတည်ငြိမ်မှုရတဲ့အထိ စောင့်ဆိုင်းမှာဖြစ်တယ်လို့ သိရပါတယ်။ 

“သူ သေချာပေါက် ပြန်လာမှာပါ။ ဇူလိုင်ထဲမဟုတ်ရင်တောင် အနည်းငယ် ကြာမြင့်နိုင်တယ်။ ဝန်ကြီးချုပ်အသစ်ကို မဲပေးရွေးချယ်မှုဟာ ဘယ်လိုဆက်ဖြစ်သွားနိုင်မလဲ  ကြည့်ရဦးမှာဆို တာကြောင့်ပါ” လို့ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း မစ္စဖယ်တုံတန်က ပြောပါတယ်။

သက်ဆင်အနေနဲ့ အစိုးရဖွဲ့ပြီးချိန် ဒါမှမဟုတ် ဝန်ကြီးချုပ် မဲပေးရွေးချယ်မှုအပြီး ဘယ်အချိန်မှာ လာရောက်မယ်ဆိုတာကို ပြောထားတာမရှိသေးသလို နိုင်ငံရေးလှုံ့ဆော်မှုတွေကိုလည်း မလုပ် ဆောင်လိုဘူးလို့ သူက ပြောပါသေးတယ်။ 

ပြည်တော်ပြန်ခရီးနဲ့ ပတ်သက်တဲ့ ကောလဟာလတွေဟာ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သလို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကလည်း အခြေအနေတစ်ခုအတွက် လုံခြုံရေး တိုးမြှင့်ပြင်ဆင်မှုတွေလုပ်ဆောင်ဖို့ ပြင်ဆင်နေတာပါ။  

ဝရမ်းထုတ်ခံထားရတဲ့ အမည်ဖော်ပြထားတာမရှိသူ တစ်ဦးကို ပြည်ဝင်ခွင့်လက်ခံဖို့အတွက် လုပ်ထုံးလုပ်နည်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

အစည်းအဝေးမှာ အဲဒီလူပုဂ္ဂိုလ်ကို သုဝဏ္ဏဘူမိ ဒါမှမဟုတ် ဒွန်းမောင်းလေဆိပ်ကတဆင့် မြို့တော်ရဲ့ အမြင့်ဆုံးရုံးတော်နဲ့ ဘန်ကောက်ရမန် အချုပ်ထောင်အပါအဝင် နေရာအများ အပြားကို သွားရောက်မယ့် လမ်းကြောင်း(၆) မျိုးကိုဖော်ပြထားတဲ့ စာရင်းတစ်ခုလည်း ပါဝင် တယ်လို့ သိရပါတယ်။ 

ထိုင်းတရားရေးဒုဝန်ကြီးက သက်ဆင်ရဲ့ ပြည်တော်ပြန်ခရီးအတွက် သက်ဆိုင်တဲ့အစိုးရ အေဂျင်စီတွေဟာ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ မီဒီယာတွေကိုပြောပါတယ်။ 

သက်ဆင်အနေနဲ့ ထောင်ချခံရနိုင်တဲ့ အလားအလာရှိတဲ့အတွက် အခုလိုပြင်ဆင်မှုတွေကို ပုံမှန် အတိုင်းဆောင်ရွက်တာဖြစ်ပြီး သူ့ရဲ့ ပြည်တော်ပြန်ခရီးအတွက် ပြင်ဆင်မှုပြီးစီးရင် အာဏာပိုင် တွေဆီကိုဆက်သွယ်နိုင်တယ်လို့ သူကပြောပါသေးတယ်။ 

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.