ကွာလာလမ်ပူ၊ ဇူလိုင်(၁၄) 

မလေးရှားနိုင်ငံမှာ ကလေးငယ်တစ်ဦးထံမှာ စိတ်ကြွမူးယစ်ဆေးဝါးလက္ခဏာတွေ ပြသခဲ့တာကို ပီရက် ပြည်နယ်ရှိ ထိုင်ပင်ဆေးရုံမှာ စမ်းသပ်တွေ့ရှိခဲ့ရပြီးတဲ့နောက် ကလေးရဲ့မိခင်ကိုဖမ်းဆီး ထားပြီး စုံစမ်း စစ်ဆေးမှုတွေကို စတင်နေပြီလို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

 ကလေးငယ်ဟာ အသက်တစ်နှစ်နဲ့ ဆယ်လအရွယ်သာရှိသေးပြီး မိခင်က ကလေးကို ဆေးရုံ လာပြချိန်မှာ ဒီလိုတွေ့ရှိခဲ့တာဖြဟ်တယ်လို့ ထိုင်ပင်ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

ကလေးက ထိန်းချုပ်မရတဲ့ ကျန်းမာရေးဆိုင်ရာအခြေအနေတစ်ရပ် ဖြစ်ပေါ်နေခဲ့တယ်လို့လည်း ပြောကြားထားတာပါ။ 

အခင်းမဖြစ်ပွားမီ အသက် ၂၂ နှစ်အရွယ် မိခင်ဖြစ်သူက အနီးနားရှိ အဝတ်အထည်ဆိုင်တစ် ဆိုင်သို့ သွားစဉ် ကလေးငယ်ကို အဖွားအိမ်မှာ လိုက်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ကလေးကအိပ်ချင်တဲ့အခါ ငိုယိုပြီးတော့ ထိန်းလို့မရတဲ့ အခြေအနေမျိုးဖြစ်ခဲ့တာပါ။ အဲဒီ နောက်မှာတော့ ကလေးကိုဆေးရုံကိုပို့ပြီးတဲ့အခါ ဆေးစစ်ချက်အရ စိတ်ကြွဆေးနဲ့ အမ်ဖီတမင်းတိုက် ကျွေးခံထားရကြောင်း စမ်းသပ်တွေ့ရှိရပါတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

အဲဒီနောက်မှာတော့ ဆရာဝန်က ရဲတပ်ဖွဲ့ထံသို့ သတိပေးမှုတွေဆောင်ရွက်ပြီးတဲ့နောက် ကလေးသူငယ် အက်ဥပဒေ Section 31(1)(a) အရ စုံစမ်းစစ်ဆေးမှုတစ်ရပ် ဖွင့်လှစ်လိုက်တာလို့လည်း သိရပါတယ်။

 ကလေးငယ်ရဲ့ မိခင်ကိုလည်း ဖမ်းဆီးပြီးနောက် ဆေးစစ်ချက်တွေအရ သူဟာလည်း စိတ်ကြွဆေးတွေကို သုံးစွဲထားကြောင်း သိရှိခဲ့ရပါတယ်။

 ရဲတပ်ဖွဲ့အနေနဲ့ တိတိကျကျစုံစမ်းရေးဆောင်ရွက်နိုင်ဖို့ အဲဒီအမှုနဲ့ဆက်စက်တဲ့ သတင်း/အဖြစ်အပျက်တွေကို သိရှိထားရင်လည်း သတင်းပေးနိုင်ကြဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

 Ref:THE STAR/ASIA NEWS NETWORK

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.