ဂျကာတာ – ဇူလိုင်(၁၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ တရုတ်ထိပ်တန်းသံတမန် ဝမ်ရိတို့ဟာ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ တွေ့ဆုံဖို့ ရှိနေ တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက အတည်ပြုထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်ဟာ ကျန်းမာရေးအခြေအနေကြောင့် တက်ရောက်မှာ မဟုတ်ဘူးလို့ ဘေဂျင်းက ဆိုထားပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)နဲ့ မိတ်ဖက်နိုင်ငံတွေ ပါဝင်တဲ့ ဂျကာတာ အစည်းအဝေးတွေမှာ တရုတ်နိုင်ငံကို ကိုယ်စားပြု အဖြစ်သံတမန် ဝမ်ရိက ကိုယ်စားပြု တက်ရောက်ခဲ့တာပါ။
ဘလင်ကန်ဟာ ငါးနှစ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးက တရုတ်နိုင်ငံကို ပထမ ဆုံးအကြိမ်သွားရောက်ပြီး ချင်ကန်း၊ဝမ်ရိတို့နဲ့ တွေ့ဆုံကာ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံကြားက ပြိုင်ဆိုင်မှုတွေကို လျှော့ချဖို့ ကြိုးပမ်းတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျေနက် ရဲလ်လန်လည်း ဒီလအစောပိုင်းက တရုတ်နိုင်ငံ ကိုသွားရောက်ခဲ့ပြီး ရာသီဥတုဆိုင်ရာ အထူးကိုယ်စားလှယ် ဂျွန်ကယ်ရီက လာမယ့်သီတင်းပတ် အတွင်း သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဝမ်ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ချင်ကန်းထက် ရာထူးကြီးမြင့်သူဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဆိုင်ရာ တရုတ်သံအမတ်ကြီးက ပင်တဂွန်မှာ ရှားရှားပါးပါး တွေ့ဆုံမှု တစ်ရပ်ကို အာရှဆိုင်ရာ အမေရိကန် ကာကွယ်ရေးထိပ်တန်းအရာရှိနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့ပြီး ပင်တဂွန်စစ်ဌာနချုပ်က အမေရိကန်ရဲ့ ဝေဖန်မှုအပြီးမှာ စစ်ရေးအရ ချိတ်ဆက် လုပ်ဆောင်မှုမှာတော့ တရုတ်က တုံ့ဆိုင်းမှုရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒီတွေ့ဆုံမှုတွေကို သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ကြား ထိပ်သီး ဆွေးနွေးပွဲအတွက် လမ်းရှင်းဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လေ့လာသူတွေက ယူဆ ထားကြပေမယ့် နှစ်နိုင်ငံကြား တင်းမာမှုတွေရှိနေဆဲဖြစ်တယ်လို့ သုံးသပ်တာတွေရှိနေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က အရှေ့အာရှဆိုင်ရာ နိုင်ငံခြားရေးဌာနအကြီးတန်းအရာရှိ ဒန်နီရယ် ကရီတန်ဘရင့်က ဘလင်ကန်ဟာ တာဝန်မဲ့တဲ့ တရုတ်ရဲ့ လုပ်ရပ်တွေတိုးမြင့်လာတာကို တုံ့ပြန်ဖို့ အတွက် ဂျကာတာမှာ အာဆီယံအဖွဲ့ဝင်တွေနဲ့ လက်တွဲဆောင်ရွက်သွားဖို့ရှိနေတယ်လို့ ပြောထား ပါတယ်။
Ref: Reuters