ဂျကာတာ၊ ဇူလိုင် (၁၂)

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက သူဟာစစ်တပ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေးခင်က တွေ့ဆုံခဲ့ရတယ်လို့ ဇူလိုင် ၁၁ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ပြောကြားခဲ့ပါတယ်။

ဒွန်ရဲ့ဆက်သွယ်တွေ့ဆုံမှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆင့်မြင့်နိုင်ငံခြားအစိုးရ အရာရှိတစ်ယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ပထမဆုံးအတည်ပြုပြောဆိုတဲ့ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ဒွန်ဟာ ဇူလိုင် ၉ရက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုကနေ ရရှိခဲ့တဲ့ သတင်းစကားကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြိုမှာ ဇူလိုင် ၁၁ရက်ကစတင်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဒုတိယမြောက်နေ့မှာ ပြန်ပြောပြခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနည်းနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ ဖြုတ်ချပြီး အာဏာသိမ်းပြီးကတည်း က သူဟာဖမ်းဆီးခံထားရတာဖြစ်ပြီး အာဆီယံဥက္ကဌအပါအဝင် နိုင်ငံတကာအကြီးအကဲအချို့က သူနဲ့တွေ့ခွင့်တောင်းခဲ့ပေမယ့် လုံးဝတွေ့ခွင့်မရခဲ့ပါဘူး။

ဒီသတင်းကို ဂျပန် အခြေစိုက် kyodonews သတင်းဌာနက ဇူလိုင်လ ၁၂ရက်နေ့ မနက်ပိုင်းမှာ ဖော် ပြထားတာ ဖြစ်ပါတယ်။ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး အခြေအနေတွေကို အစည်းအဝေးမှာဆွေး နွေးနိုင်ဖွယ်ရှိနေပေမယ့်လည်း အသေးစိတ်ဖော်ပြချက်ကတော့ မသိရှိရသေးပါဘူး။

Ref,Kyodo News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.