ဆားလင်းကြီး – ဇူလိုင်(၆)
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ် ဆားခါးရွာက အသက်(၂၈) နှစ်အရွယ် စိတ်ရောဂါသည် အမျိုးသားတစ်ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ(၅) ရက်နေ့ နေ့လည်ပိုင်းက ဆားလင်းကြီးမြို့ပေါ်က ဆင်းလာတဲ့ စစ်အုပ်စုဟာ ဆားခါရွာထဲကို ဝင်ရောက်လာပြီးနောက် ပြည်သူပိုင်ပစ္စည်းတွေကို မွှေနှောက်ဖျက်ဆီးပြီး သတ်ဖြတ်သွားတာပါ။
ဒါ့အပြင် ဆားခါးရွာအနီးမှာရှိတဲ့ ပေါင်းဝရွာက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူပြီး မော်တော်နဲ့ တင်ဆောင်သွားပြီးနောက် ညနေပိုင်းမှာတော့ ခွန်သာရွာကတဆင့် အမြန်ယာဉ်နဲ့ မုံရွာကို ဆန်တက်သွားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – အောင်ခန့်ဇော်