ဟောင်ကောင် – ဇူလိုင်(၄) 

ပြည်ပနိုင်ငံတွေကို ရောက်ရှိနေတဲ့ တက်ကြွလှုပ်ရှားသူ (၈) ဦးကို အမျိုးသားလုံခြုံရေးဆိုင်ရာ ပြစ်မှုတွေနဲ့ စွဲချက်တင်ပြီးနောက် ဖမ်းဆီးရမိဖို့ သတင်းပေးသူတွေကို ဆုငွေချီးမြင့်သွားမယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ဟောင်ကောင်ရဲတပ်ဖွဲ့က ဆုငွေထုတ်ထားတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အမေရိကန်၊ဗြိတိန်နဲ့ ဩစတြေးလျ နိုင်ငံတို့မှာ ရောက်ရှိနေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ 

ရဲတပ်ဖွဲ့က အလိုရှိကြောင်း သတိပေးစာထုတ်ပြန်ထားပြီး တစ်ဦးစီအတွက် သတင်းပေးရင် ဟောင်ကောင်ဒေါ်လာ(၁)သန်းအထိ ပေးမယ်လို့ ရဲတပ်ဖွဲ့ကဆိုထားသလို သူတို့ရဲ့ ပိုင်ဆိုင်မှု တွေကို ချိတ်ပိတ်ပြီး ငွေကြေးအရ ထောက်ခံအားပေးတဲ့သူတွေကိုတော့ ဥပဒေအရ အရေးယူ သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။ 

“သူတို့တွေက ဟောင်ကို ဖျက်ဆီးဖို့နဲ့ တာဝန်ရှိသူတွေကို ခြိမ်းခြောက်ဖို့ ဆန်ရှင်တွေကို (ပိတ်ဆို့ အရေးယူမှုတွေကို) အားပေးအားမြှောက်လုပ်နေတာလည်းဖြစ်ပါတယ်”လို့ ရဲတပ်ဖွဲ့အမျိုးသား လုံခြုံ‌ရေး ဦးစီးဌာနကပြောခဲ့ပါတယ်။ 

ဟောင်ကောင်ရဲ့ စီးပွားရေးအောင်မြင်မှုအတွက် အရေးတကြီးလိုအပ်တဲ့ တည်ငြိမ်ဖို့ အမျိုးသား လုံခြုံရေးဥပဒေကို တရုတ်နဲ့ ဟောင်ကောင်အစိုးရတို့က ပြန်လည်ကျင့်သုံးနေပြီး တက်ကြွလှုပ် ရှားသူတွေကို အရေးယူထားတာပါ။ 

လက်ရှိမှာတော့ အမျိုးသားလုံခြုံရေးဥပဒေအရ လူ(၂၆၀) ကိုဖမ်းဆီးထိန်းသိမ်းထားပြီး အဲဒီ ထဲက (၇၉) ဦးဟာ အဖျက်အမှောင့်နဲ့ အကြမ်းဖက်မှုတွေပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Hong Kong Watch ရဲ့ ထုတ်ပြန်ချက်မှာတော့ ဗြိတိန်၊ အမေရိကန်နဲ့ ဩစတြေးလျတို့ဟာ နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့ ဟောင်ကောင်နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေရဲ့ လုံခြုံမှုကို အာမခံချက်ပေးတဲ့ ကြေညာချက်တွေ ထုတ်ပြန်သင့်တယ်လို့ ဖော် ပြထားပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.