ရေး၊ ဇူလိုင်(၁)ရေးမြို့နယ်၊
ခေါဇာမြို့မှာ ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းက ပြည်သူတွေအပြင်မထွက်ကြဖို့ စစ်တပ်ဘက်က လိုက်အော်နေလို့ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီနေ့မနက် ၁၀ နာရီလောက်ကစပြီး ခလရ ၃၁ က စစ်သားတွေက ကားနဲ့မြို့တွင်းလှည့်လည်ပြီး အော်လံနဲ့ပြည်သူတွေအပြင်မထွက်ကြဖို့၊ ခြံတွေထဲမှာ လုပ်ငန်းခွင်ဝင်နေသူတွေရှိပါက နေအိမ်မှာပြန်နေကြဖို့ လိုက်လံအသိပေးနေတယ်လို့ဆိုပါတယ်။
စစ်တပ်ကအခုလိုတစ်ခါမှ လိုက်လံအသိပေးတာမရှိလို့ တိုက်ပွဲတွေဖြစ်လာမလား၊ လက်နက်ကြီးတွေ စမ်းသပ်ပစ်ခတ်ဖို့လား၊ မြို့ကိုဝင်စီးခံရတော့မလားဆိုပြီး စိုးရိမ်နေရတယ်လို့ဆိုပါတယ်။
ကျောင်းဖွင့်ချိန်မှာလဲ စစ်တပ်တပ်ရင်းတွေထဲက ကျောင်းသားကျောင်းသူတွေ ကျောင်းလာတက်တာမရှိဘူးလို့လည်း သိရပါတယ်။
စစ်တပ်က လိုက်လံအသိပေးပြီးနောက် မွန်နဲ့မြန်မာစာသင်ကျောင်းတွေမှာ စာသင်နေတဲ့ ကလေးတွေ နေအိမ်တွေကို ပြန်သွားကြသလို ဈေးဆိုင်အချို့ပိတ်သိမ်းပြီး မြို့တွင်းနဲ့ကျေးရွာသွားလမ်းတွေမှာ လူမရှိ သလောက်ဖြစ်သွားခဲ့ပါတယ်။
ဇွန်လ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီ ခလရ ၃၁ က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ ခေါဇာမြို့၊ ကျောက်အိုင်ရွာထဲကိုကျပြီး အမျိုးသမီးတစ်ဦး နေရာမှာပွဲချင်းပြီးသေဆုံးသွားခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media