July 1, 2023

စင်ကာပူမှာ ကိုယ့်ကိုယ်ကို သတ်သေမှု ၂၂နှစ်အတွင်း စံချိန်တင်မြင့်တက်

စင်ကာပူ၊ ဇူလိုင် (၂) စင်ကာပူမှာ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂၆ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး ဒါဟာ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း စံချိန်မြင့်တက်မှုဖြစ်တယ်လို့ ဒေသတွင်းအစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO)က ဖော်ပြထားပါတယ်။ အသက် ၁၀နှစ်ကနေ ၂၉နှစ်ကြားအရွယ် လူငယ်တွေနဲ့ အသက် ၇၀-၇၉နှစ်ကြားအရွယ် သက်ကြီးရွယ်အို တွေကြား ကိုယ့်ကိုယ်ကိုသတ်သေမှုနှုန်းဟာ စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်လာခဲ့တယ်လို့ စင်ကာပူအစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (SOS)ရဲ့ နှစ်စဉ်…

အာဖဂန်အတွက် WFP ရဲ့ စားနပ်ရိက္ခာထောက်ပံ့ရေး အကူအညီ ဘတ်ဂျက်လျှော့ချဖို့ရှိနေ

ကာဘူးလ်၊ ဇူလိုင်(၂) အမျိုးသမီးတွေအပေါ် တာလီဘန်တို့ရဲ့တိုးမြှင့်ကန့်သတ်ချက်တွေကြောင့် ဘဏ္ဍာရေးလျှော့ချ မှုတွေ ဆောင်ရွက်ဖို့ ကုလအဖွဲ့အစည်းတွေက သတိပေးနေတဲ့အချိန်မှာပဲ စားနပ် ရိက္ခာထောက် ပံ့ရေးအစီအစဉ် လုံးဝလျော့ ချသွားတော့မှာ ဖြစ်တယ်လို့ WFP ရဲ့ ဌာနေဒါရိုက်တာက ဇူလိုင်(၁) ရက်နေ့က ပြောကြားခဲ့ပါတယ်။ လက်ရှိရန်ပုံငွေခန့်မှန်းချက်အရ အောက်တိုဘာလအကုန်မှာ အကုန်လုံးလျှော့ချသွားတော့မယ် လို့ သူကဆက် လက်ပြောကြားခဲ့ပါတယ်။ WFP အနေနဲ့ အခုနှစ်မှာ…

အင်ဒိုနီးရှားမှာ ပြင်းအား၆.၄အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံးလူ ၁၀ဦးသေဆုံး

ဂျာကာတာ၊ ဇူလိုင်(၂) အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ပြင်းအား ၆.၄ မဂ္ဂနီကျု အဆင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦးသေဆုံးခဲ့ပါတယ်။ ငလျင်လှုပ်ခတ်နေချိန်မှာပဲ လူတစ်ဦးနှလုံးဖောက်သေဆုံးခဲ့ကြောင်း နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် လျှော့ချ ရေးအေဂျင်စီ ကပြောကြားခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် ယိုရာကာတာဒေသနဲ့ ဂျာဗားခရိုင်ဒေသန္တရ ဗဟိုနေရာရှိ အိမ်တွေ၊ ရုံးတွေ၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာနေရာတွေမှာ အသေးစားပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း အေဂျင်စီပြောရေးဆိုခွင့်ရှိသူ…

တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်တော့မယ်

မော်လမြိုင် – ဇူလိုင်(၁) စစ်ကောင်စီတပ်ကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန် မြှင့်တင်တော့မှာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။ အမှတ်(၂) စစ်ဒေသခွဲအနေနဲ့ ပြည်သူတွေ ထိခိုက်နစ်နာမှု မရှိစေဖို့အတွက် အခုလို ထုတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ လမ်းဟောင်း၊ ပဲခူး- စစ်တောင်းလမ်း၊ ရန်ကုန်-မုတ္တမလမ်း၊ ရန်ကုန်-ဘားအံ လမ်းပိုင်းတို့ကို နေ့စဉ်…

NUGနဲ့ ပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေပြီလို့ ကယား BGF တရားဝင်ကြေညာ

လွိုင်ကော် – ဇူလိုင်(၁) အမျိုးသားညီညွတ်ရေးအစိုးရ NUGနဲ့ ပူးပေါင်းပြီး နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(ကလလတ) KNPLF က ဒီနေ့ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။ အရင်ကထောက်ထားရတဲ့ အကြောင်းအရာတချို့ကြောင့် တစိတ်တပိုင်း လျှို့ဝှက်ဖုံးကွယ်ကာ ဆောင်ရွက်ခဲ့ရတဲ့ နွေဦးတော်လှန်ရေးဆိုင်ရာ လုပ်ငန်းတွေကို တရားဝင်အတိအလင်းဆောင်ရွက် သွားတော့မှာဖြစ်တယ်လို့ အသိပေးလာတာပါ။ လက်ရှိမှာတော့ စစ်အုပ်စုကို တော်လှန်ရေးအင်အားစုအသီးသီးက ခုခံတော်လှန်တိုက်ပွဲဝင်နေကြသလို…

ခေါဇာမြို့မှာ ပြည်သူတွေအပြင်မထွက်ကြဖို့ စစ်တပ်ကလိုက်အော်နေလို့ စိုးရိမ်နေကြ

ရေး၊ ဇူလိုင်(၁)ရေးမြို့နယ်၊ ခေါဇာမြို့မှာ ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းက ပြည်သူတွေအပြင်မထွက်ကြဖို့ စစ်တပ်ဘက်က လိုက်အော်နေလို့ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီနေ့မနက် ၁၀ နာရီလောက်ကစပြီး ခလရ ၃၁ က စစ်သားတွေက ကားနဲ့မြို့တွင်းလှည့်လည်ပြီး အော်လံနဲ့ပြည်သူတွေအပြင်မထွက်ကြဖို့၊ ခြံတွေထဲမှာ လုပ်ငန်းခွင်ဝင်နေသူတွေရှိပါက နေအိမ်မှာပြန်နေကြဖို့ လိုက်လံအသိပေးနေတယ်လို့ဆိုပါတယ်။ စစ်တပ်ကအခုလိုတစ်ခါမှ လိုက်လံအသိပေးတာမရှိလို့ တိုက်ပွဲတွေဖြစ်လာမလား၊ လက်နက်ကြီးတွေ စမ်းသပ်ပစ်ခတ်ဖို့လား၊…

ခလယ်တံခွန်တိုင် ကျေးရွာအုပ်စုထဲကို စစ်ကောင်စီစစ်ကြောင်းထိုးလာတာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေရ

ကြာအင်းဆိပ်ကြီး – ဇူလိုင်(၁) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီစစ်ကြောင်းထိုးလာတာကြောင့် ပုလိမ်၊ ခလယ်တံခွန်တိုင်၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ ဘုရားငါးဆူနဲ့ နန်းသိုင်းထွန်းစတဲ့ ကျေးရွာတွေက ဒေသခံ (၃၀၀၀) ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။…

စစ်အာဏာသိမ်း (၈၈၀)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၃၆ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၁) AAPP ရဲ့ ဇွန်(၃၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၈၀)ရက်အတွင်း ပြည်သူ (၃၇၃၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၆၅၁ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၅၆) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…