June 2023

မွန်ပြည်နယ်အကျဉ်းထောင်ထဲက နိုင်ကျဉ်းတွေရဲ့အသက်အန္တရာယ် စိုးရိမ်လာရ

မော်လမြိုင်၊ ဇွန်(၁၇) မွန်ပြည်နယ်အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်တပ်လာရောက်ခေါ်ဆောင်ပြီးနောက် လုံးဝအဆက်အသွယ်မရတော့တဲ အခြေအနေတွေအထိ ဖြစ်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေကိုတော့ စစ်ကောင်စီက မွန်ပြည်နယ်ရဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်နဲ့ သထုံအကျဉ်းထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပါတယ်။ အဲဒီထဲက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတဲ့ နိုင်ငံရေးအကျဉ်သားတွေနဲ့ ဖမ်းဆီးခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အခုနောက်ပိုင်းကာလတွေမှာ စစ်ကောင်စီတပ်နဲ့ ထောင်အာဏာပိုင်တွေက ရိုက်နက်ညှဉ်းပန်းနှိပ်စပ်တာအပြင် နည်းမျိုးစုံသုံးပြီး…

ရေးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းတွေ ခွင့်ပြုချက်မရှိဘဲခရီးမသွားဖို့ စစ်ကောင်စီကန့်သတ်

ရေး၊ ဇွန်(၁၇) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်ရေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ နယ်ကျော် ခရီးသွားလာပါက စစ်တပ်ခွင့်ပြုချက်ရမှ သွားလာကြဖို့ ညွှန်ကြားလာတယ်လို့ စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဝန်ထမ်းတွေအနေနဲ့ နယ်ကျော်ခရီးသွားလာပါက ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကစ(၁၉)ဌာနချုပ်ထံ သတင်းပေးပို့ဖို့နဲ့ ခွင့်ပြုချက်ရမှ ခရီးသွားလာကြဖို့ ဌာနဆိုင်ရာအားလုံးကို ဇွန် ၁၃ ရက်နေ့မှာ ညွှန်ကြားလာတာပါ။ နယ်မြေလုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေကြောင့် ဝန်ထမ်းတွေခရီးသွားမှုအပေါ်…

သရက်ချောင်းဒေသခံ ၁၀,၀၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

သရက်ချောင်း၊ ဇွန်(၁၇) တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထု ၁၀,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့ကစပြီး တပ်အင်အား ၁၀၀ ကျော်နဲ့ သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်ကာ ရွာစဉ်လှည့်…

ရုရှားကိုသူ့ရဲ့ပစ္စည်းတွေနဲ့ပဲ ယူကရိန်းပြန်တိုက်ထုတ်နိုင်ဖို့ အမေရိကန်လွှတ်တော်အ မတ်တွေ မျှော်လင့်နေ

ဝါရှင်တန်၊ ဇွန်(၁၇) အမေရိကန်ကွန်ဂရက်ရဲ့ ရီပတ်ဘလင်ကန်နဲ့ ဒီမိုကရက်တစ်ပါတီဝင်တွေဟာ သိမ်းဆည်းရမိထားတဲ့ ၊ ရုရှား ရဲ့ပိုင်ဆိုင်မှုတွေကိုအသုံးပြုပြီး ယူကရိန်းနိုင်ငံအနေနဲ့ ကျူးကျော်သူတွေကို တိုက်ထုတ်ရန် ငွေကြေးထောက်ပံ့ဖို့ လွယ်ကူစေမယ့် ဥပဒေတစ်ရပ်ကို ဇွန်လ (၁၅) ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလက ရုရှားကျူးကျော်ဝင်ရောက်ပြီးကတည်းက ယူကရိန်းအတွက် စစ်ရေး၊ လူသား ချင်းစာနာမှုနဲ့ စီးပွားရေးအကူအညီ ဒေါ်လာ (၁၀၀)…

တရုတ်သမ္မတနဲ့ Microsoft သူဌေးဘေဂိတ်တို့ ဘေဂျင်းမှာ တွေ့ဆုံ

ဘေဂျင်း – ဇွန်(၁၇) ကူးစက်ရောဂါတိုက်ပွဲအတွက် တရုတ်အစိုးရကို ကူညီဖို့ Microsoft က အမေရိကန်ဒေါ်လာ(၅၀) မီလျံ လှူဒါန်းပြီးနောက် တရုတ်ဟာ အမေရိကန်လူမျိုးတွေအပေါ် အမြဲမျှော်လင့်ချက်ထားတယ် လို့ သမ္မတရှီက သူငယ်ချင်းဟောင်း ဘေဂိတ်နဲ့ တွေ့ဆုံစဉ်ပြောခဲ့ပါတယ်။ ကိုဗစ်ကြောင့် တရုတ်နိုင်ငံကို (၃) နှစ်ကြာ ပိတ်ဆို့ခဲ့ပြီးနောက်မှာ ကမ္အာ့စီးပွားရေးခေါင်းဆောင် တွေထဲ က တစ်ဦးဖြစ် ဘေဂိတ်ဟာ တရုတ်နိုင်ငံကို…

မြောက်ကိုရီးယားရဲ့ အာကာသ ဒုံးပျံအပျက်အစီးတွေကို တောင်ကိုရီးယားစစ်တပ် ဆယ်ယူ

ဆိုးလ် – ဇွန်(၁၇) ပင်လယ်ပြင်မှာ ပျက်ကျသွားတဲ့မြောက်ကိုရီးယားရဲ့အာကာသဒုံးပျံအပျက်အစီးတွေကို (၁၅) ရက်ကြာရှုပ်ထွေးတဲ့ ဆယ်ယူရေးလုပ်ငန်းတွေ ပြုလုပ်ခဲ့ရတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ(၃၁) ရက်နေ့က မြောက်ကိုရီးယားရဲ့ စစ်ထောက်လှမ်းရေးဂြိုလ်တုကို ပတ်လမ်း အတွင်းလွှတ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒုံးကျည်ရဲ့ ဝန်အားချို့ယွင်းမှုကြောင့် ပစ်လွှတ်ပြီး မကြာခင်မှာဘဲ ပင်လယ်ထဲကို ပျက်သွားသွားခဲ့တာပါ။ ရေတပ်ကယ်ဆယ်ရေး သင်္ဘောတွေနဲ့ မိုင်းရှင်းလင်းရေး သမားတွေအပြင်…

ထိန်းချုပ်နယ်မြေက ပြည်သူတွေကို PDF ဆေးတပ်က ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

မော်လမြိုင် – ဇွန်(၁၆) အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဆေးတပ်ဖွဲ့ဟာ စိုးမိုးထိန်းချုပ်ရာ ဒေသတွင်းက ပြည်သူတွေကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်လို့ MOD က သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဆေးတပ်ဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာရဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေပူးပေါင်းပြီး ဒေသခံ ပြည်သူတွေကို အရေးပေါ်နဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၄) ရက်နေ့ကလည်း…

“ကျွန်တော်တို့ အစိုးရကြေညာလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ညီညွတ်မှုတွေ ကျွန်တော်တို့ရဲ့အစိုးရအခန်း ကဏ္ဍကိုပြန်ပြီးမှ အသိအမှတ်ပြုပြီးတော့မှ စကစရဲ့အာဏာစက်ကို တွန်းလှန်ပြသရာရောက်တယ်လို့ မြင်တယ်။ ဒီလိုနည်းနဲ့ပဲ ရပ်တည်မယ်”

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ မူဝါဒလမ်းညွှန်ချက်တွေအတိုင်း ကရင် နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ(IEC) ကို ဇွန် ၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ဟာ နွေဦးတော်လှန်ရေး ၂ နှစ်ကျော်အကြာမှာ ပထမဦးဆုံး ဖွဲ့စည်းလိုက်တဲ့ ကြားကာလပြည်နယ်အစိုးရတစ်ရပ် ဖြစ်လာခဲ့တာပါ။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီဟာ ကြားကာလပြည်နယ်အစိုးရတစ်ရပ်အနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေ…