ကန်ဘာရာ – ဇွန်(၃၀)
ဩစတြေးလျနိုင်ငံက လူဦးရေအများဆုံးပြည်နယ်ရဲ့ ဝန်ကြီးဟောင်းနဲ့ လွှတ်တော် အမတ် တစ်ဦးတို့ဟာ တရုတ်နဲ့ စီးပွားရေးအပေးအယူတွေမှာ ကာလရှည်ကြာ လာဘ်စားမှုနဲ့ ပါဝင် ပတ်သက်နေတယ်လို့ သိရပါတယ်။
New South Wales ရဲ့အကျင့်ပျက်ခြစားမှုဆိုင်ရာ လွတ်လပ်သော ကော်မရှင်က မစ္စဂလက်ဒီစ့် ဘီရီဂျစ်လီယန်ဟာ သူဝန်ကြီးအဖြစ်တာဝန်ယူနေစဉ်အတွင်း အစိုးရညီလာခံရဲ့ အဖွဲ့ဝင်တစ် ဦးဖြစ်တဲ့ ဥပဒေပြဌာန်းသူ Daryl Maguire နဲ့ ဆက်ဆံရေးတစ်ရပ်ရှိခဲ့တာကို သတင်းမပို့ခဲ့တာ အပြင် အကျင့်ပျက်ခြစားမှုတွေမှာဝင်ရောက် ပတ်သက်ခဲ့ကာ ကျင့်ဝတ်ဖောက်ဖျက်ခဲ့တာဖြစ် တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လူထုယုံကြည်မှုကို ချိုးဖောက်တာကို ပြုမှုတာ ဒါမှမဟုတ် ဝင်ရောက်ပတ်သက်တာကို သူမ အနေနဲ့ ဆောင်ရွက်ခဲ့တယ်လို့ စောင့်ကြည့်ရေးအဖွဲ့တွေက စုံစမ်းပြီးနောက် တစ်နှစ်အကြာမှာ ဝန်ကြီးချုပ်ရာထူးက ထွက်ခွာခဲ့တာပါ။
“ကျမအနေနဲ့ လူထုအကျိုးစီးပွားအတွက်ပဲ အချိန်တိုင်း အကောင်းဆုံးလုပ်ဆောင်ခဲ့ပြီးပါပြီး”လို့ ဘီရီဂျစ်လီယန်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နောက်ထပ်စစ်ဆေးချက်တစ်ခုမှာတော့ Daryl Maguire က တရုတ်နဲ့ ဩစတြေးလျ တို့ ကြား ကွန်ရက်တစ်ခုဖန်တီးထားပြီး နည်းလမ်းမျိုးစုံနဲ့ ကော်မရှင်တစ်ရပ် ပြုလုပ်ဖို့ အတွက် အစိုးရရုံးကို အသုံးပြုခဲ့တယ်လို့ ဆိုထားပါတယ်။
Daryl Maguire ဟာတရုတ်နဲ့ ငြိမ်းချမ်းတဲ့ ပေါင်းစည်းမှုမြှင့်တင်ခြင်းဆိုင်ရာ ဩစတြေးလျ ကောင်စီကို အစည်းအဝေးတစ်ခုမှာ ဖွဲ့စည်းပြီးနောက် အဲဒီအဖွဲ့အစည်းဟာ တရုတ်အစိုးရနဲ့ ဆက်စပ်မှုရှိတဲ့ အစုအဖွဲ့တစ်ခုဖြစ်တယ်လို့ ဩစတြေးလျအစိုးရက ကြေညာထားပါတယ်။
အဲဒီစစ်ချက်နဲ့ ပတ်သက်ပြီး ထွက်ဆိုချိန်မှာတော့ တရုတ်နိုင်ငံသားတွေကို လိမ်လည်ဗီဇာရယူဖို့ အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ပါလီမန်ရုံးမှာ ငွေသားဒေါ်လာပေါင်းများစွာပါရှိတဲ့ စာအိတ် ကိုလက်ခံရရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ဒါ့အပြင် Maguire ဟာ ရွှေ့ပြောင်းနေထိုင်ရေးအစီအစဉ်ဖြစ်ပေါ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် အတွင်း ကြီးလေးတဲ့ လာဘ်စားမှုတစ်ရပ်နဲ့ တခြားသော အလွဲသုံးစားမှုတွေကိုလည်း ကျူးလွန်ခဲ့ တယ်လို့ ကော်မရှင်က ထုတ်ဖော်ထားပါတယ်။
တောင်ပစိဖိတ်နိုင်ငံတွေထဲမှာ တရုတ်စီးပွားရေးအသင်းရဲ့ အကျိုးစီးပွားတိုးတက်စေဖို့ New South Wales ပါလီမန်ရဲ့ အာရှပစိဖိတ်ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် သူ့ရဲ့ အခန်းကဏ္ဍကို အလွဲသုံးစားလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဩစတြေးလျရှိ အစိုးအရအဆင့်မြင့်တဲ့ အစိုးရများကို လက်လှမ်းမီနိုင်တဲ့ အခွင့်အရေးကို ရောင်းချဖို့ ကြိုးပမ်းတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ G8way ရဲ့ ဥပဒေပြုအမတ်တစ်ဦးအဖြစ် သူ့ရဲ့ ရာထူးကို ငွေရှားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
G8way ကုမ္ပဏီရဲ့ ဘေဂျင်းအခြေစိုက်လူဟာ ဆစ်ဒနီရှိ ဒုကောင်စစ်ဝန်ဟောင်းတစ်ဦးဖြစ်တယ် သူက ပြောပါသေးတယ်။
Maguire ဟာ ၂၀၁၂ ခုနှစ်က ပါလီမန်မှာ New South Wales ဝန်ကြီးချုပ် Barry O’Farrell ကို တရုတ်နိုင်ငံ လျောင်းနင်းပြည်နယ် ပါတီအတွင်းရေးမှူးကို မိတ်ဆက်ပေးဖို့ အခကြေးငွေရရှိခဲ့ တဲ့အတွက် သူ့ရဲ့ရုံးခန်းကို အလွဲသုံးစားပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Ref:Reuters