စတော့ဟုမ်း – ဇွန်(၃၀)

ဆွီဒင်နိုင်ငံက နေတိုးအဖွဲ့ဝင်ဖို့ ကြိုးပမ်းနေချိန် တူရကီကို ဒေါသထွက်စေတဲ့ လုပ်ရပ်ဖြစ်တဲ့ အမျိုးသားတစ်ဦးက စတော့ဟုမ်းဗဟို ဗလီအပြင်ဘက်မှာ ကိုရမ်ကျမ်းတစ်စောင်ကို ဆုတ်ဖြဲ ကာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

အဲဒီလိုလုပ်ဆောင်ခဲ့တဲ့ အမျိုးသားကို ရဲတပ်ဖွဲ့က လူမျိုးစု ဒါမှမဟုတ် အမျိုးသားအုပ်စုအပေါ် သွေးထိုးလှုံ့ဆောင်မှုနဲ့ တရားစွဲခဲ့တယ်လို့ သိရပါတယ်။ 

ဆွီဒင်မှာ အစ္စလာမ်ဆန့်ကျင်ရေးနဲ့ ကာ့ဒ်အခွင့်အရေးတွေအတွက် ဆက်တိုက်ဆန္ဒပြမှုတွေဟာ ဆွီဒင်ကို နေတိုးအဖွဲ့ကိုဝင်ဖို့ နောက်ပြန်ဆုတ်စေကာ မြို့တော် အန်ကာရာကို တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့နှစ်က ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ပွဲဆင်နွှဲပြီးနောက် ဆွီဒင်ဟာ နေတိုးအဖွဲ့ ဝင်ရောက်ဖို့ တောင်းဆိုခဲ့ပေမယ့် မဟာမိတ်အဖွဲ့ဝင် တူရကီကတော့ ဆွီဒင်ဟာ အကြမ်းဖက် သမားတွေလို့ ယူဆထားတဲ့ သူတွေကို ခိုလှုံခွင့်ပေးထားတယ်လို့ စွပ်စွဲထားပြီး တရားခံလွှဲပြောင်း ပေးဖို့ လုပ်ငန်းစဉ်တွေကို တောင်းဆိုနေတယ်လို့ သိရပါတယ်။ 

တူရကီနိုင်ငံခြားရေးဝန်ကြီးကတော့ အဲဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်အပေါ်မှာ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ခွင့်ပြုတာကို လက်မခံနိုင်ဘူးလို့ တွစ်တာ မှာ ရေးသားထားပါတယ်။ 

အဲဒီဆန္ဒပြပွဲမှာ စီစဉ်သူနှစ်ဦးထဲက တစ်ဦးဟာ ကိုရမ်ကျမ်းစာအုပ်ရဲ့ စာမျက်နှာတွေကို စုတ်ဖြဲ ကာ အသားခြောက်ပြားကို မထည့်မီ ဖိနပ်နဲ့ နင်းသုတ်ပေးကာ တခြားဆန္ဒပြသူတစ်ဦးက အသံ ချဲ့စက်နဲ့ စကားပြောဆိုနေချိန် မီးရှို့ခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။ 

မီးရှို့ဆန္ဒပြမှုကို ကန့်ကွက်တဲ့အနေနဲ့ ဘုရားသခင်ဟာ ကြီးမြတ်တော်မှု၏ လို့ အာရပ်ဘာသာ စကားနဲ့ ကြွေးကြော်ခဲ့ပြီး ကျောက်ခဲနဲ့ ပစ်ဖို့ ကြိုးပမ်းသူ အမျိုးသားတစ်ဦးကိုလည်း ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့သလို ဆန္ဒပြပွဲကို ထောက်ခံသူတစ်ဦးကတော့ ရှို့ပါစေလို့ ကြွေးကြော်ကာ အားပေးခဲ့ တယ်လို့ သိရပါတယ်။

ဆွီဒင်ရဲတပ်ဖွဲ့ဟာ ကိုရမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွက် မကြာသေးခင်က လျှောက်ထားမှု အများအပြားကို ငြင်းဆိုခဲ့ပေမယ့် တရားရုံးတွေကတော့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက် တယ်ဆိုပြီး အဲဒီဆုံးဖြတ်ချက်တွေကို ကျော်လွန်ကာ ပယ်ချခဲ့ပါတယ်။

ဆန္ဒပြမှုဟာ ဆွီဒင်ရဲ့ နေတိုးလုပ်ငန်းစဉ်အပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်တာကို မခန့်မှန်း နိုင်ဘူးလို့ ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 

“ဒါဟာ တရားဝင်လုပ်တာ ဖြစ်ပေမယ့် မသင့်လျော်ပါဘူး” လို့ဆိုကာ ကိုရမ်ကျမ်းစာ မီးရှို့မှုဆိုင် ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ရဲတပ်ဖွဲ့အပေါ် မူတည်တယ်လို့ သူကပြောခဲ့ပါတယ်။ 

ပါဝင်ခဲ့သူနှစ်ဦးထဲက တစ်ဦးဟာ မကြာခင်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ့ကိုယ်သူ ကိုရမ်ကျမ်းကို တားမြစ်ဖို့ ကြိုးပမ်းနေတဲ့ အီရတ်ဒုက္ခသည်တစ်ဦးဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ 

မွတ်စ်လင်မ်တွေရဲ့ အားလပ်ရက်မှာ ဆန္ဒပြဖို့ ရဲတပ်ဖွဲ့က ခွင့်ပြုမိန့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက် ကြောင့် ဗလီရဲ့ ကိုယ်စားလှယ်တွေဟာ စိတ်ပျက်ခဲ့ကြတယ်လို့ ဗလီဒါရိုက်တာက ပြောခဲ့ပါ တယ်။ 

ဒါရိုက်တာ ခါလ်ဖီရဲ့ ပြောဆိုချက်အရ နှစ်စဉ် အီးဒ်အခမ်းအနားတွေအတွက် စတော့ဟုမ်းရဲ့ ဗလီဝတ်ကျောင်းတော်ကို ဧည့်သည် တစ်သောင်းခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

စတော့ဟုမ်းမြို့က တူရကီသံရုံးအနီး ဒိန်းမတ်လက်ယာစွန်းနိုင်ငံရေးသမားတစ်ဦးက ကိုရမ် ကျမ်းတစ်စောင်ကို မီးရှို့ဖျက်ဆီးပြီးနောက် တူရကီက ဆွီဒင်နဲ့ ဆွေးနွေးမှုကို ဇန်နဝါရီလ နှောင်းပိုင်းမှာ ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.