ဘန်ကောက်၊ ဇွန်(၃၀) 

ထိုင်းနိုင်ငံကို တရုတ်ခရီးသွားလာရောက်လည်ပတ်မှု မျှော်မှန်းထားတာထက် နည်းနေတာကြောင့် ၂၀၂၃ခုနှစ် နိုင်ငံခြားခရီးသွား သန်း(၃၀) ပြည့်မီရေးရည်မှန်းချက်ကို လွဲချော်ဖွယ်ရှိနေတယ်လို့ မလေးရှား RHB ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

 RHB ဘဏ်မှ အကြီးတန်းစီးပွားရေးပညာရှင် Barnabas Gan က ၂၀၂၃ ခုနှစ်အတွက် တရုတ်နိုင်ငံမှ ထိုင်း နိုင်ငံသို့ ခရီးသည်ဝင်ရောက်မှုဟာ ထိုင်းအစိုးရမျှော်မှန်းထားတဲ့ ခုနစ်သန်းအောက်နဲ့ ငါးသန်းအောက်အကြား အနည်းငယ်ကျဆင်းသွားနိုင်ကြောင်း မှတ်ချက်ပြုခဲ့တာပါ။

 ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးမှု ဖြစ်နိုင်ခြေတွေကြောင့် ပြည်ပခရီးသွားမှုကို ကျဆင်းစေလိမ့်လိမ့်မယ်လို့ သူကခန့်မှန်းပြောကြားထားပါတယ်။ 

ဟိုတယ်ကုန်သွယ်ရေးသတင်းအချက်အလက်များဆိုင်ရာ SiteMinder၊ တရုတ်ဝက်ဘ်ဆိုဒ် Meituan နဲ့ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်တို့က ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့တဲ့ ခရီးသွား ၁.၃ သန်းကျော်ဟာ တရုတ်နိုင်ငံကဖြစ်ကြောင်း ဖော်ပြထားတာပါ။ 

ဒါ့အပြင် အခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၂၅ ရက်အထိ ထိုင်းနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၁၂ ဒသမ ၅ သန်း ဝင်ရောက်ခဲ့ကြောင်း ထိုင်းနိုင်ငံရဲ့ ခရီးသွားနှင့် အားကစားဝန်ကြီးဌာနမှ သိရပါတယ်။

 ခရီးသွားအမြင့်ဆုံးရာသီဖြစ်တဲ့ ဒီဇင်ဘာလမှ မေလအတွင်း ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီ းသည် ဝင်ရောက်မှုမှာ လစဉ်နှစ်သန်းကျော်ရှိနေတယ်လို့လည်း သိရပါတယ်။

 RHB ရဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံရဲ့ နှစ်စဉ်နိုင်ငံခြားခရီးသွားဝင်ရောက်မှုဟာ ၂၀၂၃ ခုနှစ်မှာ ၂၆ သန်းမှ ၂၈ သန်းကြားရှိလိမ့်မယ်လို့ဆိုပါတယ်။

 ထိုင်းနိုင်ငံဟာ ၂၀၁၉ ခုနှစ်မှာ Covid-19 ကူးစက်ရောဂါ မတိုင်မီ ကမ္ဘာလှည့်ခရီးသွား သန်း ၄၀ ခန့်ကို လက်ခံနိုင်ခဲ့ပြီး ဒီပမာထဲမှာ တရုတ်ခရီးသွားဧည့်သည်ဝင်ရောက်မှုက လေးပုံတစ်ပုံခန့်ဖြစ်တယ်လို့ သိရပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.