June 18, 2023

ထီးလင်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦးရဲ့ စျာပန ပြုလုပ်

ထီးလင်း – ဇွန်(၁၈) မကွေးတိုင်း၊ထီးလင်းမြို့နယ်က စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထိတွေ့တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ PDF ရဲဘော်နှစ်ဦးရဲ့ စျာပန အခမ်းအနားကို ဇွန်လ(၁၇) ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ Yaw Revolution Army (ထီးလင်း) ကသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၅) ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ အန်းတွဲဘုရားကုန်း အနီးတိုက်ပွဲမှာ Yaw Revolution Army…

ပုလောတိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေဆုံး

ပုလော၊ ဇွန်(၁၈) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၁၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်က ပဝတ်ကုန်းကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်တွေ ခရီးသွားယာဉ်တွေကို စစ်ဆေးမှုပြုလုပ်နေချိန် စစ်ကောင်စီတပ်ကနေ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အချိန်…

မိုးဗြဲမြို့ပေါ်ဒေသခံတွေ မြို့ကိုစတင်စွန့်ခွာ

မိုးဗြဲ၊ ဇွန်(၁၈) စစ်ကောင်စီတပ်ရဲ့အပြင်းအထန် ထိုးစစ်ဆင်မှုတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်နယ်စပ်က မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာတဲ့အတွက် ပြည်သူတွေဟာ မြို့ကိုစတင်စွန့်ခွာနေကြပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့မိုးဗြဲမြို့ကို ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်စပြီး အင်အားအလုံးအရင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် မိုးဗြဲမြို့ခံတွေဟာ အရင်ကပြေးစရာမြေမရှိလို့ မြို့ပေါ်မှာ ဆက်နေရာကနေ ဒီရက်ပိုင်းတိုက်ပွဲတွေ…

ခေါင်ခိုက်နေတဲ့ကုန်ဈေးနှုန်းနဲ့ တိုးမလာတဲ့လစာကြား အလုပ်သမားတွေ မသေရုံတမယ်ရှင်သန်နေရ

ရန်ကုန်၊ ဇွန်(၁၈) တိုင်းပြည်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ကအာဏာသိမ်းယူပြီးနောက်ပိုင်း တရိပ်ရိပ်တက်လာနေတဲ့ ကုန်ဈေးနှုန်းနဲ့ တိုးမလာတဲ့ အနည်းဆုံးလုပ်ခလစာကြား စက်ရုံအလုပ်သမားတွေ မသေရုံတမယ် ရှင်သန်နေကြရတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ်အာဏာသိမ်းယူပြီးချိန်ကစပြီး ဒီကနေ့အထိ အထွေထွေကုန်ဈေးနှုန်းတွေ၊ ရွှေနဲ့ဒေါ်လာဈေးတွေ အဆမတန်မြင့်တက်လာပေမယ့် အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်ဟာ တိုးမလာခဲ့ပါဘူး။ အလုပ်သမားတွေရဲ့…

အရပ်သားတွေအပေါ် စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှု ပိုဆိုးလာတယ်လို့ KHRG ပြော

မော်လမြိုင်၊ ဇွန်(၁၈) မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် ဦးတည်ပစ်မှတ်ထားပြီး ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်းရှိ လူမှုအသိုက်အဝန်းအပေါ် ဆိုးရွာတဲ့အကျိုးဆက်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြော ဆိုလိုက်ပါတယ်။ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ဝေတဲ့ “ကျွန်တော်တို့ကို ဘာကြောင့်ပစ်မှတ်ထားရတာလဲ “မြန်မာစစ်တပ်မှ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများအပေါ် ပစ်မှတ်ထားအကြမ်းဖက်မှုပုံစံများကို ဖော်ထုတ်ခြင်း”အစီရင်ခံစာမှာ ဆိုထားပါတယ်။ ၂၀၂၁…

မြိတ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်ရဲ့အစ်ကို ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာသေဆုံး

မြိတ်၊ ဇွန်(၁၈) တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ် စားလှယ်ရဲ့ အစ်ကိုဖြစ်သူဟာ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာသေဆုံးသွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ NLD ပါတီ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်တင့်ရဲ အစ်ကိုဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဦးတင်သန်းဦးဟာ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့ဘက်က ဇွန် ၁၆…

မွန်မှာလက်နက်ကြီးကျလို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ

မော်လမြိုင်၊ ဇွန်(၁၈) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့နဲ့ ရေးမြို့နယ်တို့မှာ တစ်ရက်တည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က ရေးမြို့နယ်ခေါဇာအခြေစိုက် စစ်ကောင်စီတပ်ရင်းကနေ မွန်ဒေသအခေါ် ဝင်းတမော့ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီတပ်က…