ဂျကာတာ – ဇွန်(၉) 

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ပထမဦးဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ကို တောင်တရုတ်ပင်လယ်မှာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံက ပြောခဲ့ ပြီး ဒေသတွင်း တင်းအားမာမှုတွေ မြင့်တက်လာချိန်မှာ ကဏ္ဍပေါင်းစုံပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုဖြစ်တယ်လို့ သိရပါတယ်။ 

အဖွဲ့ဝင်နိုင်ငံတွေက စစ်ရေးကွပ်ကဲသူများ အစည်းအဝေးနောက်ဆက်တွဲအဖြစ် ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပြီး လေ့ကျင့်မှုကို တောင်တရုတ်ပင်လယ်ရဲ့ မြောက်ဘက် အကျဆုံး နေရာ ဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံမြောက် နာတူနာ ပင်လယ်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ 

လေ့ကျင့်မှုတွေကို စက်တင်ဘာလမှာ ပြုလုပ်သွားမှာဖြစ်ပြီး တိုက်ခိုက်ရေးသင်တန်းတစုံတရာ ပါဝင်မှာ မဟုတ်ဘဲ အာဆီယံရဲ့ ဗဟိုစုစည်းချက် အားကောင်းခိုင်မာစေဖို့အတွက်သာဖြစ်တယ် လို့ အင်ဒိုနီးရှားစစ်ရေးအကြီးအကဲက ပြောခဲ့ပါတယ်။ 

လက်တလောမှာတော့ အာဆီယံနိုင်ငံတွေရဲ့ ညီညွတ်မှုဟာ တရုတ်နဲ့ အမေရိကန်လို နိုင်ငံကြီး တွေ ကြားစမ်းသပ်ခံနေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ 

ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ဖိလစ်ပိုင်၊ဘရူနိုင်းနဲ့ မလေးရှားတို့ဟာ ပင်လယ်ရေကြောင်းအချုပ်အခြာအာဏာအတွက် တရုတ်နဲ့ ငြင်းခုန်နေရပြီး အဲဒီထဲမှာ အင်ဒိုနီးရှားရဲ့ ရေပိုင်နက်တွေလည်း ပါဝင်နေပါတယ်။ 

စစ်ရေးလေ့ကျင့်မှုဟာ အာရှတိုက်အတွင်း အထူးသဖြင့် အရှေ့တောင်အာရှအတွင်း မြင့်မားတဲ့ ဘေးအန္တရာယ်ဖြစ်နိုင်ချေနဲ့ ဆက်စပ်မှုရှိတယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ ပြောခွင့်ရ ဂျူလီယက်စ် ကပြောခဲ့ပါတယ်။ 

အာဆီယံဟာ တရုတ်နိုင်ငံနဲ့အတူ ရေကြောင်းဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းဖြစ်ပေါ်ရေးကို ကာလရှည်ကြာ ပွတ်တိုက်မှုတွေဖြစ်ပေါ်နေသလို မကြာသေးခင်က တရုတ်အစိုးရနဲ့ ဆွေးနွေး နိုင်ဖို့ လုပ်ဆောင်မှုတွေရှိနေတယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.