တရုတ်နောက်ခံ လောင်းကစားလုပ်ငန်းအခြေတည်ရာ ရွှေကုက္ကိုလ်ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓါတ်အားပေးမှု ဖြတ်တောက်
ဘန်ကောက်၊ ဇွန်(၉) တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ ဒေါ်လာဘီလီယမ်ချီတန်ဖိုးရှိ ဖွံ့ဖြိုးရေးစီမံကိန်း အခြေတည်ရာလည်း ဖြစ်ပြီး တရားမဝင်လောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေဆောင်ရွက်ရာ ရွှေကုက္ကိုလ်ကို ထိုင်းနိုင်ငံ ဘက်က လျှပ်စစ်မီးဖြတ်တောက်လိုက်ပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်းက ရွှေကုက္ကိုလ်မြို့သို့ ဓါတ်အားပို့လွှတ်မှုကို ဇွန်လ(၅)ရက်နေ့ည သန်းခေါင်ယံအချိန်မှ စတင်ဖြတ်တောက်ထားကြောင်း မဲဆောက်ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ မွန်ဆက်ကေဝန်က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ထိုင်းဘက်ခြမ်းက ဓာတ်အားဆက်လက်ထောက်ပံ့ပေးနိုင်ဖို့ မြန်မာစစ်အစိုးရက…