ပွင့်ဖြူ – ဇွန်(၁)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ မိုးကြိုးပစ်ခံရတာကြောင့် ပြည်သူ(၃) ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မေလ(၃၁) ရက်နေ့က ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာမှာ နှမ်းခင်း ဆေးသွားပတ်သူ (၃) ဦးဟာ ညနေပိုင်းမှာ မိုးကြိုးစက်ကွင်းမိပြီး သေဆုံးသွားတာပါ။

သူတို့တွေဟာ နှမ်းခင်းကိုဆေးသွားပတ်ရင်း ယာထဲက တဲမှာ မိုးခိုနေတုန်း မိုးကြိုးအပစ်ခံရတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးကြိုးပစ်ခတ်ခံရပြီးနောက် နှစ်ဦးဟာနေရာမှာတင်သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာတော့ ဆေးရုံရောက်မှ သေဆုံးသွားတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

သေဆုံးသွားသူတွေဟာ ဦးလှိုင်မျိုးဦး အသက်(၄၉) နှစ်၊ ကိုဇော်မျိုးအောင်အသက်(၂၉) နှစ် နဲ့ ကိုအောင်ဆန်း အသက်(၂၈) တို့ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.