တိုကျို၊ ဇွန်(၂)

မြောက်ကိုရီးယားဘက် ပဲ့ထိန်းဒုံးလွှတ်တင်ရေးအစီအစဉ်တွေကို ကြေငြာပြီးနောက် ဂျပန်နိုင်ငံဟာ ဝါရှင် တန်အစိုးရ၊ တောင်ကိုရီးယားတို့နဲ့ ပိုမိုနက်ရှိုင်းတဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်ကို လိုလားနေကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဇွန်လ(၁)ရက်နေ့က တိုကျိုမြို့မှာကျင်းပတဲ့ အစည်းအဝေးတစ်ရပ်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးက “ မြောက်ကိုရီးယားဘက်က ဖြစ်နိုင်ချေရှိတဲ့  အမြှောက်ပစ်လွှတ်ရေး အစီအစဉ်ကို ကြေငြာပြီးဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ဂျပန်၊ အမေရိကန်နဲ့ ROK (တောင်ကိုရီးယား) အကြားမှာ အားကောင်းတဲ့ သဘောတူညီချက်တွေကို လိုလားပါတယ်” လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးကို ပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ စင်ကာပူနိုင်ငံမှာကျင်းပမယ့် အာဆီယံလုံခြုံရေးဆိုင်ရာ ရှန်ဂရီလာ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ ထွက်ခွာချိန်မှာ ဂျပန်နိုင်ငံသို့ တစ်ထောက်နား ဝင်ရောက်ခဲ့ပြီး အိန္ဒိယနဲ့ ပြင်သစ်နိုင်ငံတွေကိုလည်း သွားရောက်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြောက်ကိုရီးယားရဲ့ စစ်ဘက်ဆိုင်ရာဂြိုဟ်တုလို့ အမည်ပေးထားတဲ့ ဒုံးလွှတ် တင်မှုဟာ မအောင်မြင်ခဲ့ပေမယ့်လည်း ဂျပန်နဲ့ တောင်ကိုရီးယားရှိ နေရာအချို့မှာ လုံခြုံရေးအရေးပေါ် အခြေအနေဖြစ်ခဲ့ရတာပါ။

အမေရိကန်ကာကွယ်ရေးဝန်ကြီးက တရုတ်နဲ့ ရုရှားတို့ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရချိန်မှာ သူ့အနေနဲ့ မဟာမိတ်တွေနဲ့ ဆက်ဆံရေးကို တိုးမြှင့်ချင်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.