ဝါရှင်တန် – ဇွန်(၂) 

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဟာ (၁၈) လကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတောအတွင်း ဆိုးရွားတဲ့ အခြေအနေတွေနဲ့အတူ အတိုက်အခံတွေသာမက စစ်ခေါင်းဆောင် ကိုယ်တိုင် ဝေဖန်ပြောဆိုခဲ့ပြီးနောက်မှာတော့ ရာထူးက နှုန်ထွက်တော့မှာဖြစ်ပါတယ်။ 

စင်္ကာပူနိုင်ငံသား လူမှုဗေဒပညာရှင် မစ္စဟေဇာကို ၂၀၂၁ ခုနှစ်မှာ မစ္စတာ ဂူတာရက်စ်က ကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး အတိုက်အခံအင်အားစုတွေနဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ကျင်းပဖို့ မြန်မာစစ်ခေါင်းဆောင်ကို တောင်းဆိုတဲ့ လုပ်ငန်းတာဝန် တွေကို ထမ်းဆောင်ခဲ့တာပါ။ 

“ကုလ အထွေထွေအတွင်းရေးမှူး၏ မြန်မာ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်တဲ့ နိုလင် ဟေဟာ သူမရဲ့တာဝန်ထမ်းဆောင်မှုကို ဇွန်လ ၁၂ ရက်နေ့မှာ အဆုံးသတ်တော့မှာပါ” လို့ ရာထူး ကထွက်ခွာမှုနဲ့ ပတ်သက်ပြီး မစ္စတာ စတက်ဖန်းကပြောပါတယ်။ 

မစ္စနိုလင်ဟေဇာဟာ ၂၀၂၂ ခုနှစ် ဩဂုတ်လက မြန်မာနိုင်ငံကိုသွားရောက်ပြီး စစ်ခေါင်းဆောင် အပါအဝင် စစ်တပ်အကြီးအကြဲတွေနဲ့ တွေ့ဆုံခဲ့တဲ့အတွက် ဒီမိုကရေစီအရေးလှုပ်ရှားနေတဲ့ အဖွဲ့ အစည်းအသီးသီးရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ 

“မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြည်သူလူထုအတွက် မမောမပန်းနိုင်ကြိုးစားအားထုတ်ပေးတဲ့ မစ္စဟေဇာကို ကျေးဇူးတင်ပါတယ်” လို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်  ဂူတာရက်စ် က ပြောခဲ့ပါတယ်။ 

မစ္စနိုလင်ဟေဇာဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ ငြင်းဆန်ခံထားရသလို နောက်ပိုင်း ဆွေးနွေးချက်တွေ ထုတ်ပြန်ချိန်မှာလည်း တစ်ဘက်သက် ဆန်လွန်းတယ်လို့ စစ်အပ်စုရဲ့ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေဟာ နိုင်ငံအနှံ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေပါတယ်။ 

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.