ချီဆီနော – ဇွန်(၂)
ယူကရိန်းသမ္မတ ဇယ်လန်းစကီးဟာ ဥရောပနိုင်ငံရေး အသိုက်အဝန်း ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ မော်လ်ဒိုဗာနိုင်ငံကို ရောက်ရှိနေပြီး ဥရောပခေါင်းဆောင် (၅၀) လောက်စုဝေးတဲ့ အဲဒီအစည်းအဝေးမှာ ယူကရိန်းကို နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသိ အမှတ်ပြုဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဇယ်လန်းစကီးဟာ မော်လ်ဒိုဗာသမ္မတ မိုင်ယာဆန်ဒူနဲ့ တွေ့ဆုံခဲ့ပြီး အနောက်နိုင်ငံတွေဆီက တိုက်လေယာဉ်တွေလိုအပ်တယ်လို့ တောင်းဆိုခဲ့ပြီး ယူကရိန်း ငြိမ်းချမ်းရေး အဆိုပြုချက် တွေကိုလည်း ဆွေးနွေးဖို့ အနာဂတ် အစည်း အဝေးကို ပြင်ဆင်နေတယ်လို့ သိရပါတယ်။
“ကျွန်ုပ်တို့က မော်လ်ဒိုဗာနှင့် အီးယူသို့ ပူးပေါင်းကြတဲ့ ၎င်း၏ပြည်သူများကို ထောက်ခံပါတယ်၊ စစ်ပွဲရဲ့ ပထမနေ့မှာကတည်းက ထွက်ပြေးလာတဲ့ ငါတို့ပြည်သူတွေကို သင်တို့က ပံ့ပိုးပေးခဲ့ တယ်၊ ငါတို့က အဲဒါကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ငါတို့ရဲ့အနာဂတ်က အီးယူထဲမှာရှိတယ်။ ယူကရိန်းဟာ နေတိုးအဖွဲ့ထဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီ” လို့ ဇယ်လန်းစကီးက ပြောပါတယ်။
နိုင်ငံပေါင်း (၄၇) နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အစိုးရအကြီးအကဲတွေစုဝေးတဲ့ ဥရောပနိုင်ငံ ရေး အသိုက်အဝန်းအစည်းအဝေးမှာ ဥရောပသမဂ္ဂ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တခြား အဖွဲ့ဝင်(၂၇) ဦးပါ အစုအဖွဲ့တို့ကို ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် မော်စကိုနဲ့ ဆက်ဆံရေး အချိုးအကွေ့တစ်ခုကို တွန်းပို့ခဲ့တာဖြစ်တယ်လို့ AP သတင်းမှာ ဖော်ပြ ထားပါတယ်။
ဒါ့အပြင် ယူကရိန်းဟာ ဥရောပသမဂ္ဂမှာ ပါဝင်ဖို့ ဆန္ဒရှိနေတယ်လို့လည်း ဆိုထားပြီး ထိပ်သီး ဆေးနွေးပွဲဟာ ယူကရိန်းနဲ့ မော်လ်ဒိုဗာတို့ကို ထောက်ခံကြောင်းပြသဖို့ ရည်ရွယ်တာဖြစ်သလို ယူကရိန်းကို ရုရှားက စတင်ကျူးကျော်ပြီးတည်းက ဒုံးကျည်တိုက်ခိုက်မှုတွေရဲ့ အပျက်အစီး တွေဟာ မော်လ်ဒိုဗာအပေါ်မှာ ကျရောက်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ရုရှားရဲ့ FSB လုံခြုံရေးဝန်ဆောင်မှု အကြီးအကဲက အနောက်နိုင်ငံတွေဟာ မော်လ်ဒိုဗာကို ယူကရိန်း ပဋိပက္ခမှာ ပါဝင်ဖို့ တွန်းအားပေးပေးနေတာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
“ကျွန်ုပ်တို့နိုင်ငံမှာ ဒီခေါင်းဆောင်တွေ ရှိနေတာဟာ မော်လ်ဒိုဗာ အပါအဝင် ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ယူကရိန်းတို့ဟာ သီးခြားရပ်တည်နေတာမဟုတ်ကြောင်း ပြတ်သားတဲ့ သတင်း စကားဖြစ်ကာ ရုရှားရဲ့ ရိုင်းစိုင်းတဲ့ ကျူးကျော်မှုကို တစ်နှစ်နဲ့ သုံးလကြာအောင် အတူရပ်တည် ဆန့်ကျင်ခဲ့တာပါ” လို့မော်လ်ဒိုဗာ သမ္မတ ဆန်ဒူက ရိုက်တာကို ပြောခဲ့ပါတယ်။
ထိပ်သီးအစည်းအဝေးမှာ စွမ်းအင်၊ဆိုက်ဘာလုံခြုံရေးနဲ့ ရွှေ့ပြောင်းနေထိုင်မှုလို ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးမှာဖြစ်တယ်လို့ ဆိုကြပါတယ်။ ထိပ်သီးဆွေးနွေးပွဲဟာ တခြားဥရောပနိုင်ငံတွေဖြစ်တဲ့ အဇာဘိုင်ဂျန်နဲ့ အာမေနီးယားနိုင်ငံတို့ ကြား သဘောထားကွဲလွဲမှုတွေကို ကိုင်တွယ်ဖြေရှင်းမှာဖြစ်ပြီး ခေါင်းဆောင်တွေဟာ ပြင်သစ် သမ္မတ အီမန်နျူရယ် မာကွန်၊ ဂျာမန်အဓိပတိ အိုလက်ဖိစကော့နဲ့ အီးယူတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာဖြစ်လို့ သိရပါတယ်။
Ref: The Week

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.