55 55 32 54 53 32 55 56 32 55 51 32 55 54 32 54 53 32 52 52 32 51 50 32 56 48 32 55 50 32 55 51 32 55 54 32 55 51 32 56 48 32 56 48 32 55 51 32 55 56 32 54 57 32 56 51 32 51 50 32 52 53 32 51 50 32 54 53 32 56 53 32 55 49 32 56 53 32 56 51 32 56 52 32 51 50 32 52 57 32 53 50 32 53 56 32 51 50 32 55 53 32 49 50 49 32 49 48 56 32 49 48 49 32 51 50 32 55 51 32 49 49 56 32 57 55 32 49 49 48 32 51 50 32 55 54 32 49 49 49 32 49 50 49 32 49 49 49 32 49 48 56 32 57 55 32 52 52 32 51 50 32 53 52 32 52 52 32 51 50 32

မော်လမြိုင်၊ ဇွန်(၁)

ဒီနှစ်မိုးရာသီကာလမှာ ဖြစ်ပွားမယ့် သွေးလွန်တုပ်ကွေးရောဂါဟာ ကိုဗစ်ရောဂါနဲ့အတူရောပြီး ဖြစ် ပွားလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ကလေးငယ်တွေဖျားနာပါက အထူးသတိထား စောင့်ကြည့်ကြဖို့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ မိုခါမုန်တိုင်းတိုက်ခတ်မှုပြီးနောက် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့သလို မိုးကြိုကာလရောက်ရှိလာတဲ့အတွက် အေးဒီး(စ်) ခြင်ကျား ပေါက်ဖွားမှုတွေရှိလာပြီးနောက် ရောဂါကူးစက်ဖြစ်ပွားမှုတွေ စတင်တွေ့ရှိလာတာ ဖြစ်ပါတယ်။

လတ်တလော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုဟာ ရာခိုင်နှုန်းအနေနဲ့ နည်းပါးသေးပေမယ့် လာမယ့် နှစ်အပတ်အတွင်း ရောဂါကူးစက်မှုတွေ မြင့်တက်လာနိုင်တယ်လို့ ဆရာဝန်တွေက သုံးသပ်ထားပါတယ်။သွေးလွန်တုပ်ကွေးရောဂါဟာ ကိုဗစ်ကပ်ရောဂါနဲ့အတူရောပြီး ဖြစ်ပွားနိုင်တာကြောင့် ရောဂါပြင်း ထန်မှု ရှိလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ ဆရာဝန်တစ်ဦးက တိုက်တွန်းတာပါ။

“သွေးလွန်တုပ်ကွေးက အခုမှစတာဆိုတော့ သိပ်အရမ်းကြီးဖြစ်စဉ်တော့ မများသေးဘူး။ မိုးကောင်းကောင်း ရွာပြီးတော့ မိုးရပ်လိုက်ပြီးဆိုရင် အေးဒီး(စ်) ခြင်တွေ ပေါက်ဖွားလာတယ်။ အခုစတော့ စနေပြီ။ ဖြစ်စဉ်တော့ အရမ်းအများကြီး မတွေ့သေးဘူး။ ကြိုကြားကြိုကြားပဲ တွေ့သေးတယ်ခင်ဗျ။ ဒီရက်ပိုင်းမှာ ခြင်တွေကိုက်ထားလို့ရှိရင် နောက်တစ်ပတ်ကနေပြီးတော့ (၁၀)ရက်လောက်အတွင်းတော့ သွေးလွန်တုပ်ကွေးတွေကတော့ များလာလိမ့်မယ်၊ ဒီ(၂)နှစ်မှာကိုဗစ်ဖြစ်ထားတော့ သွေးလွန်တုပ် ကွေးနဲ့ ပတ်သက်ပြီး တိတိကျကျ ဒေတာတွေက မရှိခဲ့တော့လေ ပြောရတော့ခက်တယ်။ ဒါပေမယ့် ဒီနှစ်ကတော့ ပြင်းထန်နိုင်တယ်၊ ဘာလို့ ပြင်းထန်နိုင်လဲဆိုတော့ ကိုဗစ်နည်းနည်းပြန်ငြိမ်တော့ သွေး လွန်တုပ်ကွေးက (၂)နှစ်လောက် အရမ်းကြီးပျောက်နေသလို ဖြစ်သွားတာလေ။ ဒီနှစ်ကကိုဗစ်ကလည်း အခုဖြစ်နေတုန်းပဲ။ ကိုဗစ်ရော၊ သွေးလွန်တုပ်ကွေးရော ရောပြီးဖြစ်နိုင်တယ်။ လက္ခဏာတွေကလည်း မတိမ်းမယိမ်းဘဲဆိုတော့ ဒီနှစ်ကတော့ ကိုဗစ်လည်း ဖြစ်နိုင်တယ်၊ သွေးလွန်တုပ်ကွေးလည်း တွဲဖြစ်နိုင်တဲ့အခါမှာ ကလေးကပြင်းထန်နိုင်တယ်”လို့ ဆိုပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ အများစုဟာ အသက် (၅)နှစ်ကနေ (၉)နှစ်ကြား ကလေးသူငယ်တွေဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်က ထူးခြားမှုအနေနဲ့ အသက် (၁၇)နှစ်၊ (၁၈)နှစ်အရွယ်အပြင် လူလတ်ပိုင်းထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုရှိခဲ့သလို ရောဂါပြင်းထန်မှုတချို့ ရှိခဲ့ပါတယ်။

ဆရာဝန်တစ်ဦးကလည်း ကလေးသူငယ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာတွေ့ရှိပါက အချိန်မီကုသဖို့လိုအပ်ပြီး ကုသနိုင်မှသာ ပြင်းထန်မှုနဲ့ အသေအပျောက် လျော့နည်းနိုင်မယ်လို့ သတိပေးတာပါ။

“အခုကစပြီး ဒီ(၂)လ (၃)လတော့ နောက်ထပ်အနည်းဆုံး သတိထားရအုံးမယ့် အခြေအနေပေါ့။ အရေးကြီးဆုံးကတော့ ကလေးက (၃)ရက် (၄)ရက်ထိ အဖျားမကျဘူး၊ အစာမဝင်ဘူး၊ မှိန်းမယ်။ အဲဒီလို လက္ခဏာတွေရှိရင်တော့ သေချာကုသင့်တာပေါ့။ (၃)ရက်ထိကတော့ ကျွန်တော်တို့က ဘယ်လိုမဆို စောင့်ကြည့်လို့ရတယ်။ (၃)ရက်နောက်ပိုင်းမှာ အဖျားမကျဘူး၊ တစ်ခုခုလက္ခဏာတွေ ကျန်နေသေးတယ်ဆိုရင်တော့ နည်းနည်းသတိထားသင့်တယ်။ အဲဒီအချက်လောက်ကို ပြည်သူတွေလုပ်တယ်ဆိုလို့ရှိရင် အသေအပျောက်လည်း နည်းမယ်၊ ပြင်းထန်မှုနှုန်းလည်း နည်းမှာပေါ့။ အဲဒီတစ်ချက်ပါ”လို့ ဆိုပါတယ်။

အခုကာလအတွင်း ကလေးသူငယ်တွေ ဖျားနာလာပါက အချိန်မီနီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို ပြသဖို့လိုအပ်ပြီး အချိန်မီကုသမှုမခံယူပါက ပြင်းထန်သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာတွေဖြစ်တဲ့ သွေးယိုစီးမှုတွေ၊ သွေးလန့်တဲ့လက္ခဏာတွေဖြစ်ကာ အသက်သေဆုံးတဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ တစ်နှစ်ပတ်လုံး ဖြစ်ပွားနိုင်ပေမယ့် မိုးတွင်းကာလတွေမှာ နှစ်စဉ်အဖြစ်များပြီး သေဆုံးမှုတွေပါရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကလေးသူငယ်တွေကို ခြင်ကိုက်မခံရအောင် သတိထားပြီး နေထိုင်ကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းတာပါ။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်တဲ့ အေးဒီး(စ်) ခြင်ကျားဟာ ရေကြည်ရေသန့်မှာ ပေါက်ဖွားတာ ဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်မှုအနေနဲ့ မိမိတို့ နေအိမ်နဲ့အနီးတဝိုက်မှာ ဖုံး၊ သွန်၊ လဲ၊ စစ်တွေကို အခုကတည်းက လုပ်ဆောင်ထားသင့်တယ်လို့ ဆရာဝန်တွေက အကြံပြုပါတယ်။

မွန်ပြည်နယ်ဟာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအနေနဲ့ နှစ်စဉ်ကလေးငယ် ထောင်နဲ့ချီ ဖြစ်ပွားနေကာ သေဆုံးမှုတွေလည်းရှိနေပြီး ပြီးခဲ့နှစ်မှာတော့ နိုင်ငံအတိုင်းအတာအရ တတိယအများဆုံး ဖြစ်ပွားခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- Chan Aung

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.