တောင်ငူ – ဇွန်(၁)

ပဲခူးတိုင်း၊တောင်ငူအခြေစိုက် စစ်ကောင်စီ အမှတ်(၁၀၁၅) လေကြောင်းရန်ကာကွယ်ရေး တပ်က ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဖုန်းနဲ့ ဆိုင်ကယ် သိမ်းဆည်ရမိခဲ့တယ်လို့ ပဲခူး PDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ(၃၁) ရက်နေ့ ညနေပိုင်းက အမြန်လမ်း-၁၅၄ မိုင်၊ ၈ ဖာလုံမှာ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊တပ်ခွဲ-၆ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်း ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

တောင်ငူအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ထောက် လှမ်းရေးမှူး ဒုဗိုလ်မှူးကြီး ရဲနိုင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းစုံစမ်းထောက်လှမ်းဖို့ အရပ်ဝတ်နဲ့သွားလာနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တာပါ။

ပစ်ခတ်ရှင်းလင်းခံခဲ့ရတဲ့ ဒုဗိုလ်မှူးကြီးရဲနိုင်ဟာ နေရာမှာတင်သေဆုံးသွားပြီးနောက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

ပဲခူးတိုင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့ နေရာတစ်ခုဖြစ်ပြီး စစ်ကောင်စီ တပ်တွေနဲ့ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတွေ မကြာခဏရှင်းလင်းခံနေရတဲ့ နေရာ တစ်ခုဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ​- ပဲခူး-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.