၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂ ရာခိုင်နှုန်းသာရှိတဲ့အတွက် အခြားသော အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ယှဉ်ရင် အနိမ့်ဆုံးအနေအထားကို ရောက်ရှိလာနိုင်တယ်လို့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က ခန့်မှန်းပါတယ်။ OECD က ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ GDP ဟာ အနှုတ်လက္ခဏာပြခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ၂ ရာခိုင်နှုန်း တိုးလာခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ ၂ ရာခိုင်နှုန်းတိုးဖို့ မျှော်လင့်ထားပြီး ၂၀၂၄ ခုနှစ်ကိုတော့ ချန်လှပ်ထားပါတယ်။
ဒါကြောင့် စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း မြန်မာ့စီးပွားရေး ဘယ်လောက်အထိ ဆုတ်ယုတ် လာလဲ။ စီးပွားရေး ကျဆင်းလာတဲ့ အဓိကအကြောင်းအရင်းတွေ၊ လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေနဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။
– အရင်ဆုံး စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း မြန်မာ့စီးပွားရေး အခြေအနေနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါဦး။
သူများနိုင်ငံတွေမှာ ကိုဗစ်အပြီးမှာ ပြန်နာလန်ထူနေပြီ။ ကိုယ်တွေဆီမှာတော့ ရုန်းကန်နေရတာပေါ့။ သူများ တွေ ၆၀ရာခိုင်နှုန်းလောက်တိုးနေချိန်မှာ ကိုယ်တွေမှာ ၂ ရာခိုင်နှုန်း၊ ၃ရာခိုင်နှုန်းတိုးဖို့ မနည်းရုန်းနေရတာ ။ ဒါတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောတာလေ ဂျီဒီပီ။ ဒါပေမယ့်အောက်ခြေက ပိုပိုပြီးခက်လာတာ။ အခြေခံစား ဝတ်နေရေးအတွက်ကို တအားကိုခက်နေတဲ့ အခြေအနေဖြစ်နေပြီ။
-အာဏာသိမ်းကာလတွေထဲ ဘယ်ကဏ္ဍတွေက အများဆုံးဆုတ်ယုတ်လာလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။
အဓိကက ပုဂ္ဂလိက ကဏ္ဍပေါ့။ လုံးဝနာလန်မထူနိုင်အောင်ဖြစ်နေတာ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရော၊ လုပ် ငန်းကြီးတွေရော နာလန်မထူနိုင်ဘူး ဖြစ်နေတယ်။ ဒီနှစ်နှစ်အတွင်း နည်းနည်းလေး သိသာလာတာတော့ ဘဏ်တွေပေါ့။ ဘဏ်တွေကတော့ နည်းနည်းပြန်ပြီးတော့ လူးသာ၊ လွန့်သာဖြစ်လာတဲ့ အခြေအနေရှိပါတယ်။ နောက်တစ်ခုက ပုဂ္ဂလိက ကဏ္ဍပေါ့။ အစိုးရ ရင်းနှီးမြှုပ်နှံမှုက ဆက်သွားနေတယ်။ သူက ပြည်တွင်းက အခွန်အကောက်ရယ်၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကရတဲ့ဟာ ငွေထပ်လိုတယ်ဆိုလည်း ငွေစက္ကူတွေ ထပ်ရိုက်ပေါ့။ ပုဂ္ဂလိက ကဏ္ဍရဲ့ ရင်းနှီးမြှုပ်နှံမှုရော၊ စီးပွားရေးလုပ်ငန်းရော အတော်လေးကျပ်နေတဲ့ အနေအထားရှိနေတယ်။
-မြန်မာ့စီးပွားရေး ကျဆင်းလာရတဲ့ အဓိကအကြောင်းအရင်းတွေက ဘာတွေဖြစ်နိုင်မလဲ။
နစ်၇၀ရှိပြီ မတည်ငြိမ်မှုက။ နောက်တစ်ခုက ပေါ်လစီနဲ့ ခေါင်းဆောင်မှုပေါ့။ ပေါ်လစီက ဆိုရှယ်လစ်စီးပွားရေး စနစ်ထဲကနေပေါ့ ရုန်းမထွက်နိုင်။ ဒီပေါ်လစီကိုပဲ မပြောင်းနိုင်၊ မပြင်နိုင်သူများတွေက ပြောင်းလဲနေပြီ။ အဲဒီ ပေါ်လစီအမှားတွေကြောင့် LEADERSHIP ပေါ့။ ခေါင်းဆောင်မှုကဏ္ဍက သိပ်ပြီးတော့ အတ္တများနေတယ်ဆို ရင် ပေါ်လစီတွေမှာ မထားနိုင်ဘူးဆိုရင် အဲဒီနိုင်ငံတွေက မတိုးတက်ဘူး။ နိုင်ငံမှာ PDFတွေရှိတယ်။ လက် နက်ကိုင်တိုက်ပွဲက ဖြစ်နေမယ်ဆိုရင် အဲဒီနိုင်ငံက မလွယ်ဘူး။ သေချာစည်းရုံးပြီးတော့ သေသေချာချာ သမမျှ တအောင် လုပ်ပေးနိုင်မယ်ဆိုရင် ကိုယ်စည်းရုံးမှုအောက် ရောက်လာမှာပေါ့။ ဒါပေမယ့် အဲဒီလို နောက်တစ်ခု က ပေါ်လစီအမှားတွေ ဆိုရှယ်လစ်ခေတ်တုန်းက သူ့ဟာနဲ့သူ ငြိမ်သက်အောင် ထိန်းနိုင်တယ်ဆိုပေမယ့် ပေါ် လစီပိုင်းကို မပြောင်းနိုင်၊ မပြင်နိုင် အဲဒီဟာကြီးကို အသေသွားဆွဲကိုင်တာတွေ နောက်တစ်ခုကတော့ LEADERSHIP အဆက်ဆက်က ဟုတ်မလိုလို ဟုတ်မလိုလိုပေါ့လေ။ ကိုယ်ကျိုးစီးပွားတွေပိုပြီးတော့ ရှေ့ ရောက်လာပြီး ပြည်သူလူထုနဲ့ပိုပြီး ကင်းကွာကင်းကွာတာ။ အဲဒီအချက်တွေကြောင့် နိုင်ငံက နောက်ကောက်ကျနေပြီ။
-စီးပွားရေးကျဆင်းမှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ဘာတွေဆက်ဖြစ်လာနိုင်မလဲ။
စီးပွားရေးအတွက် နိုင်ငံရေးကို ပြောင်းရမှာပေါ့။ မကျေမနပ်အုံကြွလာတာတွေ ဖြစ်လာနိုင်တယ်။ ခိုးဆိုးလု နှိုက်တွေ ပိုပိုပြီးများလာနိုင်တယ်။ အခု နည်းတာမှမဟုတ်တာ။ ဘယ်နေရာမှ မလုံခြုံတဲ့သဘောရှိနေတယ်။ အဲဒီအောက်ခြေလူတန်းစားကို သွားဦးတည်နိုင်တာပေါ့။ စီးပွားရေးက အခြေခံကျပါတယ်။ စားဝတ်နေရေးကို ပြေလည်အောင် လုပ်ပေးဖို့ တာဝန်ရှိတာပေါ့။
-မြန်မာ့စီးပွားရေး ပြန်လည် ဦးမော့လာဖို့ ဆိုရင် ဘာတွေ ပြုပြင် ပြောင်းလဲဖို့လိုအပ်နေလဲ။
အဓိကက ပြည်တွင်းတည်ငြိမ်မှုရှိနေဖို့ စီးပွားရေးလုပ်ငန်းတွေ လုပ်တာကိုင်တာ ဘယ်ကမှခြိမ်းခြောက်မှု မရှိ ဘူး။ ခြိမ်းခြောက်မှုဆိုတာ နှစ်ဖက်စလုံးပေါ့။ နှစ်ဖက်စလုံးရဲ့ ခြိမ်းခြောက်မှု မရှိတော့ဘူးဆိုရင် အပြင်က Sanction ရှိနေရင်တောင်မှ ကိုယ့်ပြည်တွင်းမှာ လည်ပတ်နေလို့ရတယ်။ ပထမဆုံးက တည်ငြိမ်အောင် လုပ်ရမှာ။
-နောက်ဆုံးအနေနဲ့ မြန်မာ့စီးပွားရေး အခြေအနေဟာ နိုင်ငံတကာနဲ့ ယှဉ်ရင် ဘယ်လောက်ထိ ကျဆင်းသွားပြီလဲ။
အရင်တုန်းက မြန်မာဆိုတာ ထိပ်ဆုံးကပဲလေ ဒေသတွင်းမှာတော့။ အဲဒီကနေ ထိုင်း၊ မလေးရှားတို့က ကျော်တက်သွားတယ်။ အခုဆို ဗီယက်နမ်ပိုတောင် လက်မမီတော့ဘူး။ LEVELတန်းပြေးနေတာက လာအို၊ ကမ္ဘောဒီးယားလောက်ပဲ ရှိတယ်။