May 2023

သံနဲ့ သံမဏိလုပ်ငန်းတွေမှာ ဒေါ်လာအစား ယွမ်ငွေပြောင်းသုံးရင် လိုင်စင်ဦးစားပေးချပေးမယ်လို့ ဆို

နေပြည်တော် – မေ(၃၀) ပြည်တွင်း သံနဲ့ သံမဏိတင်သွင်းတာတွေကို ဒေါ်လာအစား ယွမ်ငွေ ပြောင်းလဲသုံးစွဲပါက လိုင်စင်ချထားမှု ဦးစားပေးမယ်လို့ မြန်မာနိုင်ငံသံနဲ့ သံမဏိအသင်းက ထုတ်ပြန်ထားပါတယ်။ အရင်က သံနဲ့ သံမဏိ တင်သွင်း၊တင်ပို့ရာမှာ ဒေါ်လာတမျိုးတည်းကိုသာ သုံးစွဲခဲ့တာဖြစ်တယ် လို့ သိရပါတယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ ဒေါ်လာအစား တရုတ်ယွမ်ငွေသုံးစွဲဖို့ ကုန်သွယ်ရေးဦးစီးဌာနက မြန်မာနိုင်ငံ သံနဲ့…

“အားလုံးရဲ့ ဘုံသဘောတူချက်ကတော့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ လုပ်နေတဲ့အချိန် ကာလဖြစ်ပါတယ်။ ကျွန်တော်တို့ KIO အနေနဲ့ အဲဒီလုပ်ငန်းတွေကို ပူးပေါင်းသင့်တဲ့ နေရာမှာ ပူးပေါင်းမယ်။ အတူတကွ လုပ်သင့်တဲ့နေရာမှာ အတူတကွလုပ်မယ့် သဘောမျိုးပါ”

အင်အားကြီး တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်သွားမယ်လို့ မေ ၂၈ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါကြောင့် KIO နဲ့ TNLA တို့ အာဏာရှင်စနစ်ချုပ်ငြိမ်းချမ်းရေးအတွက် ဆက်လက်ဖော်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေ ထာဝရ မဟာမိတ်စာချုပ် အကောင်အထည် ဖော်ဆောင်ရွက်မှု၊ မြေပြင်…

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးကောင်းနေ

မော်လမြိုင်၊ မေ (၃၀) ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှုအားကောင်းနေပြီး မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာ တစ်လျှောက်ဒေသတွေမှာ မေ လ (၃၀)ရက်နေ့မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက် ခတ်တာ၊ မိုးထစ်ချုန်းတာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဒီနေ့ မွန်းလွဲ (၁)နာရီခန့်ကစပြီး ရန်ကုန် အပါအဝင် ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ နေပြည်တော်၊…

ရန်ကုန်မြို့မှာ PDF (၄)ဦးကို ခဲယမ်း၊ ဒရုန်းတွေနဲ့ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

ရန်ကုန် – မေ(၃၀) ရန်ကုန်မြို့၊ သင်္ယန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရပ်ကွက်၊ မင်းဒင်(၃) လမ်းမှာ PDF တပ်ဖွဲ့ဝင် (၄) ဦးဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ ထုတ်ပြန်လာပါ တယ်။ စစ်ကောင်စီက သူတို့နဲ့အတူ ခဲယမ်း၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။ လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံလိုက်ရတဲ့သူတွေဟာ ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။ မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း…

ထားဝယ်မြို့နယ် ရေဝိုင်းဒေသခံ ၁၀ ဦး လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရ

ထားဝယ်၊ မေ(၃၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရေဝိုင်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးပြီးနောက် ဒေသခံ၁၀ဦးကို လူသားဒိုင်ကာအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ သပြေချောင်းကျေးရွာကနေ ရေဝိုင်းကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။…

ကော့ကရိတ်မှာ လက်နက်ကြီးထိမှန်ပြီး လင်မယား ၂ ဦးသေဆုံး

ကော့ကရိတ်၊ မေ(၃၀) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် ၇ ရပ်ကွက်၊ ခနိမ်းမူးတိုးချဲ့ကွက်သစ်မှာ လက်နက်ကြီး ထိမှန်တာကြောင့် လင်မယား ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ ခနိမ်းမူးတိုးချဲကွက်သစ်နေ အသက် ၇၃ နှစ်အရွယ် ဦးဖိုးကျားနဲ့ အသက် ၅၀ နှစ်အရွယ်…

စစ်အာဏာသိမ်း (၈၄၈) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၅၈၈ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၃၀) AAPP ရဲ့ မေ(၂၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၄၈)ရက်အတွင်း ပြည်သူ (၃၅၈၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၂၇၃၆ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၂၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ရုန်းရင်းဆန်ခတ်မှုတွေအတွင်း လူဒါဇင်နဲ့ချီ သေဆုံးခဲ့

မဏိပူရ၊ မေ(၃၀) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဝေးလံခေါင်သီတဲ့ မဏိပူရပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း တိုက်ခိုက်ရေးသမား ဒါဇင်နှင့်ချီ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ (၃)ရက်နေ့မှာ လူမျိုးစုအချင်းချင်းအကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးကတည်းက ပြည်နယ်ဟာ စီးပွားရေးခွဲတမ်း တိုးပေးမယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး လူမျိုးစုတွေနဲ့ တိုင်းရင်းသားအများစုဖြစ်တဲ့ မိန်တိမ်း လူမျိုးတွေကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဆူပူအုံကြွမှုတွေမှာ ဒါဇင်နဲ့ချီသေဆုံးပြီး ထောင်နဲ့ချီ…

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် KIA နဲ့ TNLAတို့ ပူးပေါင်းပြီ

မိုင်ဂျာယန်၊ မေ(၃၀) အင်အားကြီး တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲဆောင်ရွက်သွားမယ်လို့ မေ ၂၈ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။ KIA နဲ့ TNLA နှစ်ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ မေ ၁၆ နဲ့ ၁၇ ရက်နေ့တို့မှာ KIA…

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးတွေကို ပစ်ခတ်ဖြိုခွင်းဖို့ ဂျပန်အစိုးရ ပြင်ဆင်နေ

တိုကျို – မေ(၃၀) မြောက်ကိုရီးယားနိုင်ငံက မေလ(၃၁) ရက်နေ့ကစပြီး ဇွန်လ(၁၁) ရက်နေ့အထိဂြိုလ်တုလွှတ်တင် ရေး အစီအစဉ်ကိုကြေညာခဲ့ပြီးနောက် နိုင်ငံနယ်နိမိတ်ကိုထိပါးလာနိုင်တဲ့ပဲ့ထိန်းဒုံးတွေကိုပစ်ခတ် ဖြိုခွင်းသွားနိုင်ဖို့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြော ပါတယ်။ နျူကလီးယား လက်နက်တပ်ဆင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ ထောက်လှမ်းရေး ဂြိုလ်တုကို တပ်ဆင်ပြီးကြောင်းနဲ့ ခေါင်းဆောင် ကင်ဂျုံအန် ဟာ အာကသပတ်လမ်းတစ်ခု အတွင်းကို လွှတ်တင်ဖို့လည်း…