ရန်ကုန် – မေ(၃၀)
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်မှာ စစ်တပ်အားပေး အဆိုတော် လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး ဆေးရုံမှာ သေဆုံးသွားတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ မေလ(၃၀) ရက်နေ့ ညပိုင်းက ရန်ကင်းမြို့နယ် အမှတ်(၂) ရပ်ကွက် ရန်အောင်လမ်းက နေအိမ်မှာပစ်ခတ်ခံခဲ့ရတာပါ။
ပစ်ခတ်ခံရပြီးနောက် ဆေးရုံကို အရေးပေါ် ပို့ဆောင်ကုသခဲ့ပေမယ့် CT Scam ရိုက်နေချိန်မှာ သေဆုံးသွားတာဖြစ်တယ်လို့ အဆိုတော်လီလီနိုင်ကျော်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။
အဆိုတော် လီလီနိုင်ကျော်ဟာ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ရင်းနှီးသူဖြစ်သလို စစ်တပ်ထောက်ခံပွဲတွေမှာ သီချင်းဆိုတာနဲ့ ဟောပြောတာတွေပြုလုပ်နေသူဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်တွေကို သတိပေးဖမ်းဆီးခိုင်းတာ အပြင် ဆဲဆိုတာတွေလည်း ပုံမှန်ပြုလုပ်နေသူ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ် တွေမှာ ခြိမ်းခြောက်ရေးသားတာတွေ ရှိနေသလို လူမှုကွန်ရက်စာမျက်နှာမှာ မှတ်ချက်ရေးသားသူတွေကိုလည်း ဖမ်းဆီးဖို့ ပြောဆိုတာတွေရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Lily Naing Kyaw (Facebook)