Thailand's National Police Chief Damrongsak Kittiprapas speaks during a press conference on receiving Canadian contract killer Matthew Dupre, extradited from Canada to Thailand on a charge of murdering Canadian gangster Jimi "Slice" Sandhu in Phuket on February 4, 2022, as his image appears on a screen, in Bangkok, Thailand, May 29, 2023. REUTERS/Athit Perawongmetha

ဘန်ကောက်၊ မေ(၃၁)

၂၀၂၂ ခုနှစ်မှာ ရာဇဝတ်ဂိုဏ်သားတစ်ဦးအသတ်ခံရမှုနဲ့ ဆက်စပ်နေတဲ့ ကနေဒါနိုင်ငံသား မတ်တူဒျူပရီအား ထိုင်းနိုင်ငံသို့ အောင်မြင်စွာလွှဲပြောင်းလိုက်ပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက မေ(၂၉)ရက်က ပြောကြား ခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် ကနေဒါစစ်သားဟောင်း ဒျူပရီဟာ ရာဇဝတ်သားတစ်ဦးဖြစ်တဲ့ ဂျီမီဆန်ဟူကို ပစ် သတ်ခဲ့တယ်လို့ ထိုင်းနိုင်ငံဗဟို စုံစမ်းထောက်လှမ်းရေး ကော်မရှင်နာက မီဒီယာကွန့်ဖရင့်ကို ပြောကြားခဲ့တာပါ။

“သတ်ဖြတ်ရှင်းလင်းခံရသူဟာ United ဂိုဏ်းနဲ့ဆက်စပ်မှုရှိပြီး သူဟာ ကနေဒါရှိ Red Scorpion လို့ခေါ်တဲ့ နောက်ထပ်ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်တွေထဲမှ တစ်ဦးကို သတ်ဖြတ်ခဲ့သူနဲ့ဆက်စပ်နေပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဗီဒီယိုမှတ်တမ်းမှာတော့ လေယာဉ်တစင်းပေါ်မှာ ဒျူပရီကို လက်ထိပ်ခတ်ထားပြီး ရဲတပ်ဖွဲ့တွေက ဝန်းရံထားတာကို တွေ့ခဲ့ရပါတယ်။

ဒါအပြင် ကော်မာရှယ်လေကြောင်းလိုင်းတွေက တရားခံ ပြန်လည်ခေါ်ဆောင်ရေး အကူညီတောင်းခံမှုကို လုံခြုံရေးအကြောင်းပြချက်နဲ့ ငြင်းဆန်ခဲ့တာကြောင့် ထိုင်းတော်ဝင်လေတပ်ရဲ့ လေယာဉ်တစ်စင်းနဲ့ ခေါ်ဆောင်ခဲ့ရကြောင်းလည်း သိရပါတယ်။

“တရားခံကို ထိုင်းတရားစီရင်ရေးစနစ်အောက်မှာ တရားစွဲနိုင်ဖို့ ကျွန်တော်တို့ ထိန်းသိမ်းထားရမှာပါ။ သူ့ကိုဖမ်းထားချိန် ထိုင်းနိုင်ငံမှာ လုံခြုံမှုရှိစေဖို့နဲ့ ဒီနိုင်ငံဟာ လုံခြုံစွာနေထိုင်နိုင်တယ်ဆိုတဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ် ” လို့ အစိုးရရှေ့နေတစ်ဦးက ပြောကြားခဲ့ပြီး  လွှဲပြောင်းပေးရေးဥပဒေအရ သေဒဏ်ကျခံရမှာတော့ မဟုတ်ဘူးလို့ သိရပါတယ်။ 

ကနေဒါနိုင်ငံရဲ့ အယ်လ်ဘာတာပြည်နယ်ရှိ  တရားရုံးတစ်ခုဟာဒျူပရီကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.