မော်လမြိုင် – မေ(၁၄)

မြန်မာနိုင်ငံကို ဦးတည်တိုက်ခတ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ (၅) ဦးအထိရှိလာပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာက သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေဟာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ကဖြစ်ပြီး ထိခိုက် ပျက်စီးမှုတွေလည်း ရှိတယ်လို့ ဆိုထားပါတယ်။

အင်အားကြီးမားတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ဒီနေ့ မေလ(၁၄) ရက်နေ့ မနက်(၁၁) နာရီခွဲကစပြီး လေတိုက်နှုန်း တစ်နာရီမိုင်(၁၃၀) နဲ့ ရခိုင်ကမ်းရိုးတမ်းကို စစ်တွေမြို့အနီးက ဖြတ်ကျော်ဝင်ရောက် နေတာပါ။

စစ်တွေမြို့မှာ လေတိုက်နှုန်း ပြင်းထန်တဲ့အတွက် MPT ဆက်သွယ်ရေးတာဝါတိုင် ကျိုးကျပျက်စီး ထားသလို နှစ်ရှည်ပင် တွေလည်း ပြိုလဲတာ၊ နေအိမ်တွေ အမိုးလန်ပျက်စီးတွေဖြစ်ပွားခဲ့တယ်လို့ ဆိုထားပြီးဂွမြို့နယ်မှာတော့ အိမ်ခြေ(၅၀) နီးပါးပျက်စီးခဲ့တယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြ ထားပါတယ်။

မုန်တိုင်းဝင်ရောက်ပြီး (၂၄) နာရီအတွင်း ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒီရေဝင်ရောက်နိုင်သလို မိုးရွာ သွန်းမှုကြောင့် ချင်းပြည်နယ်မှာ မြေပြိုတာ၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ လျှပ်စီး လက်တာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်ပွားနိုင်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOH

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.