May 14, 2023

မုန်တိုင်းကြောင့် သေဆုံးသူ (၅) ဦးအထိရှိလာပြီလို့ NUG ထုတ်ပြန်

မော်လမြိုင် – မေ(၁၄) မြန်မာနိုင်ငံကို ဦးတည်တိုက်ခတ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ (၅) ဦးအထိရှိလာပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာက သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေဟာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ကဖြစ်ပြီး ထိခိုက် ပျက်စီးမှုတွေလည်း ရှိတယ်လို့ ဆိုထားပါတယ်။ အင်အားကြီးမားတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ဒီနေ့ မေလ(၁၄)…

ပြည်သူတွေသဘာဝဘေးနဲ့ ကြုံနေချိန် တောင်ကြာအင်းလမ်းပိုင်းကို စစ်ကောင်စီဖျက်ဆီး

ကော့ကရိတ်၊ မေ(၁၄)သဘာဝဘေးအန္တရာယ်နဲ့ ပြည်သူတွေရင်ဆိုင်နေရချိန် KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ တောင်ကြာအင်းကျေးရွာက ဒေသခံပြည်သူတွေ သွားလာအသုံးပြုနေတဲ့ လမ်းပိုင်းကို စစ်ကောင်စီ တပ်က ဒီကနေ့မနက်မှာ ဖျက်ဆီးပစ်လိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ကော့ကရိတ်-ကြာအင်းဆိပ်ကြီး-မုဒုံကားလမ်း တောင်ကြာအင်းကျေးရွာရှိ တံတားအကျော်နေရာက လမ်းပိုင်း ကို ဒီကနေ့ မေလ ၁၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က…

Breaking News

မိုခါမုန်တိုင်းအရှိန်ကြောင့် လေပြင်းအားတိုက်ခတ်ရာ စစ်တွေမြို့အတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်တစ်ခု ကျိုးကျသွားသလို သစ်ပင်အမြစ်ကျွတ်ကျတာတွေလည်း ရှိ‌နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့တချို့မှာ လေပြင်းအားကြောင့် အိမ်ခေါင်မိုးလန်တာ၊ နေအိမ်ပျက်စီးတာ၊ သစ်ပင်ပြိုလဲတာနဲ့ ဓာတ်မီးတိုင်ကျိုးကျတာတွေလည်း ဖြစ်ပေါ်နေပါတယ်။ ရခိုင်ပြည်နယ်၊စစ်တွေမြို့ကို ဗဟိုပြုပြီး အင်အားပြင်း ထန်တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကို အညိုရောင်အဆင့်သတ်မှတ်ထားပြီး လူဦးရေသန်းနဲ့ချီ ထိခိုက်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ သတင်း-…

ပြင်ဦးလွင်မှာ သစ်ပင်ပိပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံး

ပြင်ဦးလွင် ၊ မေ (၁၄) လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ အနီးစခန်းရဲကင်းရှေ့မှာ သစ်ပင်ပိပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့တုသိတာလူမှုကူညီရေးအသင်းကနေ သိရပါတယ်။ ဒီနေ့ မေ ၁၄ ရက်နေ့ မနက် ၈ နာရီလောက်မှာ ရဲကင်းအရှေ့က သစ်ပင်ကြီးတစ်ပင် လဲပြိုခဲ့တဲ့အတွက် သစ်ပင်ပိပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းပွင့်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာပါ။ “အဲဒီရဲက လက်ဖက်‌ရည်ဆိုင်က ပြန်လာတာ၊သူလာတဲ့အချိန် သစ်ပင်လဲသွားတာ၊…

“စစ်တပ်တွင်းမှာက တပ်မတော်သားတွေက တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ကြတော့ဘူး။ စည်းလုံးမှု ကလည်း မရှိတော့ဘူး။ ညှာတာမှုဆိုတာ တစ်ယောက်နဲ့တစ်ယောက် မရှိတော့ဘူး။ ရဲဘော်ရဲဖက်ဆိုတာ သူတို့ထဲမှာ တော်တော်များများက ဘယ်သူက ဘာလဲဆိုတာ ခွဲခြားဖို့ တော်တော်ခက်သွားပြီ”

ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့“မေမေ့ရင်ခွင်”အဖွဲ့ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှား မှုမှာ ပါဝင်လာတဲ့ ရဲ၊ တပ်နဲ့ ဝန်ထမ်းတွေကို ကူညီလက်ခံပြီး ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေတဲ့ CDM Support Team တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာကနေ ထွက်ခွာ လာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားတွေကိုလည်း အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ သက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းတွေကို ပို့ချပေးနေတာပါ။…

မုန်တိုင်းအန္တရာယ်ရှိနေချိန် နဘုလယ်ဒေသကို စစ်ကောင် စီ လေယာဉ်နဲ့ဗုံးကြဲ

ရေဖြူ ၊ မေလ (၁၄) အားအလွန်ကောင်းတဲ့ မုန်တိုင်းအန္တရာယ်ရှိနေချိန် တနင်္သာ ရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို စစ်ကောင်စီကနေ တိုက်လေယာဉ်နဲ့ဗုံးကြဲသွားတယ်လို့ တနင်္သာရီတိုင်း ပကဖ တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မေ ၁၄ ရက်နေ့ မနက်ပိုင်းက နဘုလယ်ကျေးရွာရှိ ထားဝယ်အထူးစီးပွားရေးဇုန်အနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက် ပွဲ ပြင်းထန်ခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း…

မုန်တိုင်းကြား စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြောင့် ကနီနဲ့ခင်ဦးမှာ ဒေသခံထောင်ကျော် မိုးရေထဲ ထွက်ပြေးနေရ

ကနီ ၊ မေ (၁၄) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ၂ ရက်ဆက်တိုက် မိုး သည်းထန်နေသလို စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံထောင်ကျော် မိုးရေထဲဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ “မိုးရေကြောင့် မြစ်ရေတော့ နည်းနည်းတိုးတယ်၊ချောင်းရေကျတယ်။ ဒါပေမယ့် လူနေအိမ်အထိ ရေလျှံတာမရှိဘူး။ တစ်ခုရှိတာက မိုးရွာတော့ မုန်တိုင်းဒဏ်ခံနေရတဲ့ကြားက စစ်ကြောင်းထိုးနေတော့ စစ်ရှောင်တွေ အတော်ဒုက္ခရောက်တယ်၊…

ဂွမြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပျက်စီးမှုတွေရှိလာ

ဂွမြို့ – မေ(၁၄) ရခိုင်ပြည်နယ်၊ ဂွမြို့ ရွှေဦးကွင်းရွာမှာ လေပြင်းတိုက်ခတ်မှုတွေကြောင့် သစ်ပင်ပြိုလဲတာ၊ နေအိမ် အဆောက်အအုံပျက်စီးတာနဲ့ အိမ်ခေါင်မိုးလန်တာတွေအပြင် ဓာတ်တိုင်တွေ ပြိုလဲတာတွေ ဖြစ်နေ တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ လက်ရှိအခြေအနေမှာ မိုးကျနေပြီး လေအနည်းငယ်တိုက်ခတ်နေပြီဖြစ်တဲ့အတွက် မုန်တိုင်း ရှောင်ဖို့ ကမ်းနားပိုင်းရပ်ကွက်တွေမှာ နေထိုင်သူတွေကို မြို့ပေါ် ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်း တွေမှာ ပြောင်းရွှေ့နေရာချပေးထားတဘ်လို့…

မဲပလီစစ်ကောင်စီနဲ့BGF ပူးပေါင်းတပ်စခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

ဘီးလင်း၊ မေ(၁၄) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာရှိ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်စခန်းကို မေ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၃၀ နီးပါး တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီ BGF ပူးပေါင်းတပ်စခန်းကို ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်…

စစ်တွေမြို့ကို မိုခါမုန်တိုင်း တစ်နာရီမိုင် (၁၃၀) နဲ့ နာရီပိုင်းအတွင်းဝင်ရောက်နိုင်

စစ်တွေ – မေ(၁၄) ရခိုင်ပြည်နယ်စစ်တွေမြို့ကို မိုခါမုန်တိုင်းဟာ ဒီနေ့ မေလ(၁၄) ရက် နေ့လည်(၁၂) နာရီမိနစ်(၃၀) မှာ လေတိုက်နှုန်း တစ်နာရီမိုင်(၁၃၀) နှုန်းနဲ့ဝင်ရောက်လာနိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ စစ်တွေကနေတဆင့် စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ဧရာဝတီတိုင်းနဲ့ ချင်းပြည်နယ် တို့ကို တစ်နာရီ မိုင်(၇၀) ကနေ မိုင်(၉၀)နှုန်းနဲ့ ဆက်လက်ဖြတ်ကျော်သွားနိုင်တယ်လို့ မိုဇလက ခန့်မှန်းထားတာပါ။ လကျရှိအခြိနျမှာတော့…